
နေပြည်တော် စက်တင်ဘာ ၁၈
တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာ သည့် တိုင်းပြည်၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ပြီး တပ်မတော်နှင့် နိုင်ငံ့သမိုင်းကို ခွဲခြား၍ ရမည် မဟုတ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ခြင်းသည် တိုင်းပြည်ကို အလုပ်အကျွေး ပြုနေခြင်းပင်ဖြစ်သည်ကို သိရှိနားလည်ရမည်ဖြစ်ပြီး တပ်မတော်သည် တိုင်းပြည်အတွက်ပင် ဖြစ်ရမည် ဖြစ်ကြောင်း၊ မိမိတို့၏တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်သကဲ့သို့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း မိမိတို့ တတ်စွမ်း သရွေ့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနား တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြား သည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် မြစ်ကြီးနား တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
အမှာစကားပြောကြား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် အရာရှိ၊ စစ်သည်၊ မိသားစုများ အနေဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် တပ်မတော်သည် အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် အရေးကြီး သည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ကို သိရှိ နားလည်နေရမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းတွင် ခေတ်ကာလနှင့် ကိုက်ညီသည့် အုပ်ချုပ်မှုပုံစံစနစ်များဖြင့် နိုင်ငံတော်ကို အုပ်ချုပ် ခဲ့ကြသည်ကို သမိုင်းကြောင်းများတွင် တွေ့ရှိနိုင်မည် ဖြစ်ကြောင်း၊ ယခင် တပ်မတော်အစိုးရလက်ထက်၌ တပ်မတော်အနေဖြင့် မိမိတို့နိုင်ငံကို ဒီမိုကရေစီစနစ် မကူးပြောင်းမီကာလများတွင် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီ ကျင့်သုံးပုံများကို လေ့လာပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အဆင့်ဆင့် ကို ပုံဖော်ခဲ့ရကြောင်း၊ ထို့နောက် ပြည်သူတို့လိုလား တောင့်တသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လုပ်ဆောင်ပေးခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကို ဒီမိုကရေစီနည်းလမ်းကျစွာဖြင့် အောင်မြင်စွာ လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း။
စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရ
ရွေးကောက်ပွဲပြီးနောက် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံတော်သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ကဏ္ဍပေါင်းစုံတွင် တိုးတက်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့သော် လည်း စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရကြောင်း၊ ဒီမိုကရေစီစနစ်ကို စတင်လျှောက်လှမ်းခဲ့ခြင်းဖြစ် သဖြင့် ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်နားလည်သဘောပေါက်နိုင်ရန် လိုအပ်မှုများ ရှိခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံအလိုက် ကျင့်သုံးသည့် ဒီမိုကရေစီကျင့်သုံးပုံချင်း တူညီမှု မရှိဘဲ မိမိတို့နိုင်ငံ၏ လူနေမှုစနစ်၊ ယဉ်ကျေးမှုစရိုက် လက္ခဏာ၊ ဓလေ့ထုံးတမ်းစဉ်လာများနှင့် ကိုက်ညီ သည့် ဒီမိုကရေစီကိုသာ ကျင့်သုံးလေ့ရှိကြကြောင်း။
၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ တွင် အစိုးရသစ်တစ်ရပ် တက်လာခဲ့ပြီး ငါးနှစ်တာ သက်တမ်းအုပ်ချုပ်ခဲ့ရာတွင် အစိုးရ၏လုပ်ဆောင် ချက်များအပေါ်တွင် ဝေဖန်ပြောဆိုမှုများ၊ ဝေဖန် ထောက်ပြမှုများ များစွာဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံတွင် ထိုက်သင့်သလောက် တိုးတက်မှုများ မဖြစ်ပေါ်ခဲ့ ကြောင်း၊ ပြည်သူလူထုအနေဖြင့် မိမိတို့ရွေးချယ် ထားသည့် အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် တွင် အားမလို အားမရဖြစ်ခဲ့ပြီး မျှော်မှန်းသကဲ့သို့ ဖြစ်မလာသည့်အတွက် ရွေးကောက်ပွဲအပေါ် စိတ်ပျက်လာပြီး မဲမပေးရေးလှုပ်ရှားမှု (No Vote) များ ဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရှိရကြောင်း၊ ရွေးကောက်ပွဲအကြို ၂၀၁၉ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ လုပ်သည့်အခါတွင် ဆန္ဒမဲပေးခွင့်ရှိသူ၏ ၁၄ ရာခိုင် နှုန်းခန့်သာ မဲပေးခဲ့သည်ကို တွေ့ရှိရကြောင်း။
မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့
ထို့နောက် ရွေးကောက်ပွဲမတိုင်မီ ဆောင်ရွက် သည့် ပါတီမဲဆွယ်စည်းရုံးရေးများတွင်လည်း ပါတီ များ၏ ပြောဆိုလုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ တရား မျှတမှု သံသယဖြစ်စရာ များစွာဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပ ပြုလုပ်ခဲ့ပြီး မဲစာရင်းရလဒ်များကို ထုတ်ပြန်ကြေညာ သည့်အခါတွင် မဲသမာမှုဖြစ်နိုင်သည့် အခြေအနေ များကို တွေ့ရှိရသဖြင့် တပ်မတော်မှ မဲစာရင်းများ စစ်ဆေးခဲ့ရာ ကြီးမားသည့် မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ တပ်မတော် အနေဖြင့် မဲစာရင်း မှားယွင်းနေမှုများကို ဖြေရှင်း ဆောင်ရွက်ပေးရန် မည်သို့ပင် ပြောဆိုခဲ့သော်လည်း တာဝန်ရှိသူများအနေဖြင့် ဖြေရှင်းပေးခြင်း မရှိသည့် အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ အစိုးရ အသစ်ဖွဲ့ကာ နိုင်ငံတော်၏အာဏာကို မတရားသော နည်းလမ်းဖြင့် အဓမ္မရယူရန် ဆောင်ရွက်ခဲ့သော ကြောင့် ယခုအခြေအနေသို့ ရောက်ရှိခဲ့ရခြင်းဖြစ် ကြောင်း။
စုပေါင်းလုပ်ဆောင်မှုကို တန်ဖိုးထား
တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်များ ကို ခေတ္တတာဝန်ယူ ဆောင်ရွက်နေရသည့်အချိန် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း ၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်၍ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းလုပ်ဆောင်လျက်ရှိ ကြောင်း၊ လက်ရှိလုပ်ဆောင်နေမှုများသည် နိုင်ငံ့ အရေးကို လုပ်ဆောင်နေခြင်းဖြစ်ပြီး စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်အပေါ်တွင် ခိုင်မာ စွာ ရပ်တည်နိုင်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာပေါများစေရေးကို ဦးစားပေးလုပ်ဆောင် လျက်ရှိကြောင်း၊ ထိုသို့လုပ်ဆောင်နေစဉ် နိုင်ငံတော် အေးချမ်းသာယာမှုကို မလိုလားသူများက လမ်းပန်း ဆက်သွယ်မှု ပြတ်တောက်စေရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားများ ပျက်ပြားစေရေးအတွက် နည်းမျိုးစုံဖြင့် နှောင့်ယှက် ပြီး တိုင်းပြည်ဖျက်သည့် အဖျက်အမှောင့်လုပ်ရပ် များကို လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ မိမိတို့မြန်မာလူမျိုးများသည် လူမှုရေး စိတ်ဓာတ်ရှိကြပြီး စုပေါင်းလုပ်ဆောင်မှုကို တန်ဖိုး ထားကြကြောင်း၊ ပြီးခဲ့သည့် ကာလများတွင် ထိုကဲ့သို့ ကောင်းမွန်သည့် စိတ်ဓာတ်များ ဖျက်ဆီးခံခဲ့ရ ကြောင်း၊ တိုင်းပြည်တွင်း ဖြစ်ပေါ်နေသည့် အဖျက် အမှောင့်လုပ်ရပ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့ ပူးပေါင်းလက်တွဲ၍ ဝိုင်းဝန်း ကာကွယ်တားဆီးရန် လိုအပ်မည်ဖြစ်ကာ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် ဖြစ်ပေါ်နေ သည့် နိုင်ငံရေးအခြေအနေများကို သိရှိနားလည်ရန် လိုအပ်ကြောင်း။
စွမ်းရည်သုံးရပ်ပြည့်ဝနေရမည်
တပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ တပ်မတော် သည် ပြည်သူကြားက ပေါက်ဖွားလာသည့် တိုင်းပြည်၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ကြောင်း၊ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ဖြစ်ပြီး တပ်မတော်နှင့် နိုင်ငံ့ သမိုင်းကို ခွဲခြား၍ ရမည်မဟုတ်ကြောင်း၊ တပ်မတော် ၏ တာဝန်သည် ပြည်ပရန်ကာကွယ်ရေးဖြစ်ပြီး ပြည်တွင်းပဋိပက္ခများကို ဖြေရှင်းရန်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ တာဝန်ဖြစ်သော်လည်း လွတ်လပ်ရေး ရရှိပြီးကတည်းက ဖြစ်ပေါ်ခဲ့သည့် လိုအပ်ချက်များနှင့် သမိုင်းကြောင်း အစဉ်အလာများအရ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခနှိမ်နင်းရေးတွင် တပ်မတော် က ဆက်လက်ပါဝင် ဆောင်ရွက်နေရခြင်းဖြစ် ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင် နိုင်ရန်အတွက် အရာရှိ၊ စစ်သည်များအနေဖြင့် စွမ်းရည်သုံးရပ်ပြည့်ဝနေရမည်ဖြစ်ပြီး နေ့စဉ် ဆောင်ရွက်နေရသည့် ပုံမှန်လေ့ကျင့်ရေးတာဝန် များကို မှန်မှန်ကန်ကန် လုပ်ဆောင်ရမည်ဖြစ် ကြောင်း။
အရာရှိ၊ စစ်သည်များအနေဖြင့် မိမိထမ်းဆောင် ရသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် နှင့် အရည်အချင်းမြှင့်တင်ပေးရန်အတွက် လေ့ကျင့် ရေးဆိုင်ရာနှင့် ပညာရပ်ပိုင်းဆိုင်ရာသင်တန်း များကို ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ မည်သည့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည် ဖြစ်စေ ခြေလျင်တပ်ကဲ့သို့ တာဝန်ထမ်းဆောင်နိုင် ရမည်ဖြစ်ပြီး အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်နေရန် နှင့် လက်ရုံးတပ်များနှင့် ပူးပေါင်းစစ်ဆင်နိုင်စွမ်း တိုးတက်ကောင်းမွန်အောင် အမြဲတမ်းလေ့ကျင့်နေရမည်ဖြစ်ကြောင်း။
ဦးဆောင်ဖြေရှင်းဆောင်ရွက်ပေး
မိမိတို့တပ်မတော်သည် စတင်သန္ဓေတည် ပေါက်ဖွားလာကတည်းကပင် စည်းကမ်းကောင်းမွန် ပြီး အမိန့်နာခံမှုကောင်းသည့် တပ်မတော်ဖြစ် ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်ခြင်းသည် တိုင်းပြည်ကိုအလုပ်အကျွေး ပြုနေခြင်းပင်ဖြစ်သည်ကို သိရှိနားလည်ရမည်ဖြစ်ပြီး
တပ်မတော်သည် တိုင်းပြည်အတွက်ပင် ဖြစ်ရမည် ဖြစ်ကြောင်း၊ တိုင်းပြည်တွင် အရေးပေါ်အခြေအနေ များနှင့် ကြုံတွေ့ခဲ့ရတိုင်း တပ်မတော်က ဦးဆောင် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်ကို သိရှိရမည်ဖြစ်ကာ တိုင်းပြည်အတွက် လုပ်ဆောင်ပေးနိုင်သည်မှန်သမျှ ကို လုပ်ဆောင်ပေးနိုင်ရေး စိတ်နှလုံးသွင်းလုပ်ဆောင် ရန် လိုကြောင်း။
တပ်မတော်သားမိသားစုများ၏ သက်သာ ချောင်ချိရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး တို့ကို သတ်မှတ်ထားသည့် အဆင့်နှင့်လျော်ညီစွာ
ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီးဖြစ်သဖြင့် အရာရှိ၊ စစ်သည်များအနေဖြင့် မိမိတို့တာဝန်ကို ကျေပွန် အောင် ထမ်းဆောင်ရန်နှင့် စွမ်းရည်သုံးရပ်ထက်မြက် နေအောင် ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်သူခေါင်းဆောင်များအနေဖြင့် ညီညွတ် မျှတသည့် ခေါင်းဆောင်မှုရှိရန် လိုအပ်သကဲ့သို့ လက်အောက်ငယ်သားများကလည်း စည်းကမ်း သေဝပ်ပြီး စစ်သားကောင်းတစ်ယောက် ပီသအောင် နေထိုင်ကျင့်ကြံရန်လိုကြောင်း၊ မိမိတို့ထမ်းဆောင် ရသည့်တာဝန်နှင့် သင်ကြားပေးလိုက်သည့် ပညာရပ် များကို မြေပြင်လက်တွေ့ပေါင်းစပ်၍ ကြုံတွေ့လာ ရသည့် အခက်အခဲများကို အောင်မြင်စွာ ဖြေရှင်း နိုင်ရမည်ဖြစ်ကြောင်း၊ အဆင့်နှင့်လျော်ညီသည့် လစာ၊ ရိက္ခာနှင့် ရပိုင်ခွင့်များကို လုပ်ဆောင်ပေးထား ပြီးဖြစ်သဖြင့် မိမိဘဝတိုးတက်ရေးကို ထိခိုက်စေနိုင် သည့် အရက်၊ ဆေးလိပ်၊ ကွမ်းယာတို့ကို သုံးစွဲခြင်း၊ ဝင်ငွေ၊ ထွက်ငွေ မျှတအောင် သုံးစွဲနိုင်မှုမရှိခြင်း တို့ကို ကိုယ်ပိုင်အသိစိတ်များဖြင့် ဆင်ခြင်ထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့၏ တပ်ပိုင်း ဆိုင်ရာကိစ္စရပ်များတွင် တာဝန်ကျေပွန်အောင် ထမ်းဆောင်သကဲ့သို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း မိမိတို့တတ်စွမ်းသရွေ့ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများနှင့် ပတ်သက်၍ တတိယလှိုင်းဖြစ်ပွားစဉ်အချိန်က ဖြစ်ပွားမှုနှုန်း ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သော်လည်း အုပ်ချုပ် ရေးအဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှု၊ ကျန်းမာရေး ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှု၊ ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် လက်ရှိအချိန်တွင် ဖြစ်ပွားမှုနှုန်း ၁၀ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိ သည်အထိ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ရောဂါကူးစက် ဖြစ်ပွားမှုနှုန်း မျှော်မှန်းထားသည့် အတိုင်းအတာ တစ်ခုအထိ လျော့ကျလာမှသာလျှင် ပညာရေးအပါ အဝင် အခြားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နိုင်မည်ဖြစ်သော ကြောင့် ကူးစက်ဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း၊ နေအိမ်တွင် နေထိုင်ရေး (Stay at Home)ကာလအတွင်း စည်းကမ်းစနစ်တကျ နေထိုင်ရန်နှင့် မိမိဘဝ တိုးတက်ရေးအတွက် အချိန် ကို အကျိုးရှိစွာ အသုံးချစေလိုကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစု များ၏ လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထောက်ပံ့ငွေများ ပေးအပ်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက မိခင်နှင့်ကလေး ထောက်ပံ့ငွေများကို ပေးအပ် ရာ တိုင်းမှူး၏ ဇနီးက လည်းကောင်း အသီးသီး လက်ခံရယူခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်အား ရင်းရင်းနှီးနှီး အားပေးစကားပြောကြား ကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်