
နေပြည်တော် ဇွန် ၂၈
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန် ထမ်းဆောင်လျက်ရှိ သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် မိသားစုဝင်များကို COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ် ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ ရှမ်းပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူး ရုံးခန်းမဆောင်၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာ စကားပြောကြားပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များကို COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Mask အခုရေ ၅၂၀၀၊ ရေမလို လက်သန့်ဆေးရည် ၅၂ ဘူး၊ အရက်ပြန် ၅၂ ဘူး၊ PPE ဝတ်စုံ ၁၀၀၊ မျက်မှန်ကိုင်း ၁၀၀၊ ဖလင်ကော်ပြား ၁၀၀၊ လက်အိတ် အစုံ ၁၀၀ နှင့် စားသောက်ဖွယ်ရာ များကို ပေးအပ်ရာ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး နှင့် မိသားစုဝင် များက လက်ခံရယူကြပြီး ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်