နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက ထောပတ်ထမင်းဘူးများ ပေးအပ်လှူဒါန်း

 

နေပြည်တော်  ဒီဇင်ဘာ   ၅
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံ ရေးတပ်ဖွဲ့ဝင်များအတွက် စေတနာ ရှင် အလှူရှင်ပြည်သူများက အလှူ ငွေများ ပေးအပ်လှူဒါန်းလျက်ရှိ သည့်အပြင် စားသောက်ဖွယ်ရာ များကိုလည်း ပေးပို့လှူဒါန်းလျက် ရှိသည်။ 
လက်ဝယ်အရောက်  လိုက်လံပို့ဆောင်ပေး
ယနေ့တွင်     စေတနာရှင် အလှူရှင်ပြည်သူများက  အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ အတွင်း     နိုင်ငံတော်ကာကွယ် ရေးနှင့်   လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ထောပတ် ထမင်းဘူးများကို ပေးအပ်လှူဒါန်း ကြရာ တာဝန်ရှိသူများက လက်ခံ ရယူပြီး    လားရှိုးမြို့မှ   တစ်ဆင့် တပ်မတော်မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်   လုံခြုံရေး တပ်ဖွဲ့ဝင်များ၏လက်ဝယ်အရောက်  လိုက်လံပို့ဆောင်ပေးကြသည်။
ဆုတောင်းမေတ္တာ
စာလွှာများပါရှိ
စေတနာရှင်    ပြည်သူများ လှူဒါန်းသည့်  ထောပတ်ထမင်း ဘူးများနှင့်အတူ    ရဟန်းသံဃာ များနှင့် ပြည်သူများက   ရေးသား ပေးပို့သည့်  “တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်    အသက်ပေးနေ သော ပြည်သူ့စစ်သားကောင်းကြီး များ အန္တရာယ်ကင်းရှင်းဘေးကင်း ပြီး ဘေးမသီရန်မခဘဲ အမြန်လာ ပြီး မိသားစုနှင့်အတူ ချစ်ကြည်နူး မှုတွေနဲ့   ပြန်လည်ဆုံတွေ့ကြပါ စေ၊ တိုက်ပွဲတိုင်း အောင်မြင်ပါစေ၊” စသည့် ဆုတောင်းမေတ္တာစာလွှာ များ    ပါရှိကြောင်း    သတင်းရရှိ သည်။                     
သတင်းစဉ်