နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဧရာဝတီတိုင်းဒေသကြီးမှ ပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာများ ပို့ဆောင်

နေပြည်တော်    ဖေဖော်ဝါရီ  ၂၂
နိုင်ငံတော်ကာကွယ်ရေးနှင့်  လုံခြုံရေးတာဝန်များကို  စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက  ဂုဏ်ပြုချီးမြှင့်ငွေများနှင့်  စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
ထိုသို့  ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသကြီးအတွင်းရှိ   ခရိုင်၊ မြို့နယ် များမှ   ပေးပို့လှူဒါန်းသည့် ငါးနီတူခြောက်ကြော် အထုပ် ၆၆၂၀ ၊ ငါးပိကြော် အထုပ်  ၅၄၅၀ နှင့်  ငံပြာရည်ကြော် အထုပ် ၄၀၀ တို့ကို ပုသိမ်မြို့မှတစ်ဆင့်  ရခိုင်ပြည်နယ် စစ်တွေမြို့သို့ တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်ပေးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လက်ဝယ် အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။                     သတင်းစဉ်