
နေပြည်တော် နိုဝင်ဘာ ၁၄
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် တပ် မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ နှင့် ၎င်းတို့၏မိသားစုဝင်များအားလုံးကို ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက အားပေးထောက်ခံ လျက်ရှိကြသည်။
ထိုသို့ အားပေးထောက်ခံ လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မန္တလေးမြို့အတွင်းရှိ ငြိမ်းချမ်း ရေးကိုလိုလားသည့် သံဃာတော် များနှင့် ပြည်သူများ စုစည်း၍ တိုင်းပြည်အလုံးစုံ ပျက်စီးရေး လုပ်ဆောင်နေကြသည့် KIA ၊ TNLA ၊ MNDAA ၊ AA ၊ BPLA နှင့် PDF အမည်ခံအကြမ်းဖက် လက်နက်ကိုင် သောင်းကျန်းသူ များအား ဆန့်ကျင်ရှုတ်ချပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို ထမ်းဆောင်နေ ကြသည့် တပ်မတော်သားများ အား ထောက်ခံအားပေးပွဲကို ကျင်းပသည်။
ဦးစွာ မန္တလေးမြို့အတွင်းရှိ ငြိမ်းချမ်းရေးကို လိုလားသည့် သံဃာတော်များနှင့် ပြည်သူ အင်အား ၂၀၀၀ ကျော်သည် စုရပ် နေရာဖြစ်သည့် မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံ မြို့နယ် ကျောက်တော်ကြီးဘုရား ရှေ့ ၆၆ လမ်းပေါ်တွင် စုစည်း၍ ၎င်းမှတစ်ဆင့် နန်းမြို့၊ ကျုံးဘေး ၁၂ လမ်းတစ်လျှောက်၊ ထိုမှတစ်ဆင့် ၇၃ လမ်းအတိုင်း၊ ၎င်းမှတစ်ဆင့် မန္တလေးတောင်ခြေရှိ ရွှေမန်းတောင် လူငယ်အားကစားလေ့ကျင့်ရေး စခန်းကွင်းအတွင်းသို့ ချီတက်၍ လမ်းတစ်လျှောက် အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူများ အား ဆန့်ကျင်ရှုတ်ချပြီး တပ် မတော်သားများအား ထောက်ခံ အားပေးသည့် ကြွေးကြော်သံများ ဟစ်ကြွေး၍ ဆန္ဒထုတ်ဖော်ကြ သည်။
ထို့နောက် ရွှေမန်းတောင် လူငယ်အားကစား လေ့ကျင့်ရေး စခန်းကွင်းအတွင်း အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက နိုင်ငံတော်သီချင်းကိုသံပြိုင်ရွတ်ဆိုကာ ထောက်ခံပွဲကိုဖွင့်လှစ်ခဲ့ပြီး အစွန်း ရောက် အကြမ်းဖက်သမားများ ၏ ယုတ်မာကောက်ကျစ်မှု များ၊ အကြမ်းဖက်သတ်ဖြတ်မှု များ၊ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ အမျိုးသားရေး တက်ကြွ လှုပ်ရှားသူများ က ရှင်းလင်းဟောပြောခြင်းကို ဆက်လက် ဆောင်ရွက်ခဲ့ကြ သည်။
ယင်းနောက် “နယ်မြေ တည်ငြိမ်အေးချမ်းရေး (ဒို့အရေး-ဒို့အရေး)၊ တိုင်းပြည်အလုံးစုံ ပျက်စီးရေး လုပ်ဆောင်နေကြ သည့် KIA၊ TNLA၊ MNDAA၊ AA၊ BPLA နှင့် PDF အမည်ခံအကြမ်း ဖက်လက်နက်ကိုင် သောင်းကျန်း သူများအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ NCA ကိုဆန့်ကျင် ပြီး အကြမ်းဖက်အဖျက်အမှောင့် လုပ်ဆောင်နေသည့် အဖွဲ့အစည်း များအား(ဆန့်ကျင်ကြ-ဆန့်ကျင် ကြ)၊ အကြမ်းဖက်အစွန်းရောက် လုပ်ရပ်များ(အလိုမရှိ)၊ အပြစ်မဲ့ သံဃာနှင့် ပြည်သူများအပေါ် ယုတ်မာ ကောက်ကျစ်မှုများ (အလိုမရှိ)၊ နိုင်ငံတော်ထိခိုက် မည့် အကြမ်းဖက်လုပ်ရပ်မှန်သမျှ (ဆန့်ကျင်ကြ)၊ တပ်နှင့်ပြည်သူ အတူတူသွေးခွဲလာသူ(ဒို့ရန်သူ-ဒို့ရန်သူ)၊ အကြမ်းဖက်သမားများ နှင့် အကြမ်းဖက်အားပေးထောက်ခံ သူများ(ဆန့်ကျင်ကြ)၊ နိုင်ငံတော် အလုံးစုံပျက်သုဉ်းရေးကို ဦးတည် ဆောင်ရွက်နေသည့် ပြည်ပ အားကိုး ဒေါ်လာစားပြည်ဖျက် လောက်ကောင်များအား (ဆန့်ကျင် ကြ)၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (အောင်ရမည် - အောင်ရ မည်)၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်း ဆောင်နေကြသည့် တပ်မတော် သားများအား (ထောက်ခံပါသည်-ထောက်ခံပါသည်)၊ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ပေး သော မြန်မာ့တပ်မတော်အား အပြည့်အဝ (ထောက်ခံပါသည်-ထောက်ခံပါသည်) ဟူသော ကြွေးကြော်သံများကို သံပြိုင် ကြွေးကြော်ခဲ့ကြပြီး အခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။
အဆိုပါပွဲသို့ တက်ရောက် လာကြသည့် ပြည်သူများ၏ ရင်တွင်း စကားသံများကိုလည်း ယခုလို တင်ပြလိုက်ပါသည်-
ပြည်သူတစ်ဦး
ရှေ့တန်းရောက်တပ်မတော်သားတွေနဲ့အတူ တစ်သားတည်း ရှိနေပါတယ်ဆိုတာ ပြောချင်ပါ တယ်။ ကိုယ်ကိုယ်တိုင်လက်နက် ကိုင်ခွင့်မရလို့သာ နောက်တန်းမှာ ဒီလိုမျိုးထောက်ခံပြီးမှ အားပေး နေရခြင်းဖြစ်ပါတယ်။ လက်နက် ကိုင်ခွင့်သာရခဲ့မယ်ဆိုရင် သူတို့နဲ့ အတူ တိုက်ပွဲဝင်မှာပါ။
ပြည်သူတစ်ဦး
မြန်မာ့ တပ်မတော်ကြီးကို ချစ်မြတ်နိုးပါတယ်။ မြန်မာ့ တပ်မတော်သားတွေနဲ့ အတူ ရပ်တည်နေမှာပါ။ အသက်၊ ခန္ဓာတွေ၊ သွေးတွေပေးဆပ်ထား တဲ့ မြန်မာ့တပ်မတော်ကြီးကို အမြဲတမ်း ထောက်ခံအားပေး ပြီး မြန်မာ့တပ်မတော်သားတွေကို လက်နက်မရှိဘဲနဲ့ ရင်ဘတ်နဲ့ အသည်း နှလုံးတို့နဲ့အကာအကွယ် ပေးသွားမယ်ဆိုတာကို သစ္စာပြု ပါတယ်ရှင်။
ပြည်သူတစ်ဦး
တပ်မတော်သား တွေက ကျွန်တော်တို့အတွက် အသက်ကို ပေးပြီးတော့ ကျွန်တော်တို့ပြည်သူ လူထုတွေကို ကာကွယ်စောင့် ရှောက်ပေးနေပါ တယ်။ တိုင်းပြည် ရဲ့ အဓိကမဏ္ဍိုင်ကြီးဖြစ်တဲ့ မိသားစု နိုင်ငံတော်ကြီး မပြိုကွဲဖို့အတွက် ရှေ့တန်းကနေ ရွပ်ရွပ်ချွံချွံနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးကို လုပ်ဆောင်ပေးနေတဲ့ အချိန်မှာ ကျွန်တော်တို့က နှလုံး သားနဲ့ အသံနဲ့ပေးနေရခြင်းဖြစ်ပါ တယ်။
ပြည်သူတစ်ဦး
ရှေ့တန်းရောက် တပ်မတော် သားတွေနဲ့ အတူတူရှိပါတယ်။ လိုအပ်ရင် တိုက်ဖို့အသင့်ပါ။
အလားတူ ယနေ့နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် မျိုးချစ် ရဟန်းနှင့် ပြည်သူ ၁၅၀၀ ခန့်သည် ပြင်ဦးလွင်မြို့ ခရိုင်အားကစား ကွင်းတွင် လည်းကောင်း၊ မိတ္ထီလာ မြို့တွင် မျိုးချစ်ရဟန်းနှင့်ပြည်သူ ၁၄၈၅ ဦးခန့်သည် မိတ္ထီလာမြို့ ခရိုင်အားကစာကွင်းတွင် လည်း ကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် မျိုးချစ်ရဟန်းနှင့် ပြည်သူ ၈၅၀ ခန့်သည် မကွေးမြို့ ခရိုင်အားကစားကွင်းတွင်လည်း ကောင်း တိုင်းပြည်အလုံးစုံပျက်စီး ရေး လုပ်ဆောင်နေကြသည့် KIA၊ TNLA၊ MNDAA၊ AA၊ BPLA နှင့် PDF အမည်ခံအကြမ်းဖက် လက်နက်ကိုင် သောင်းကျန်းသူ များအား ဆန့်ကျင်ရှုတ်ချပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို ထမ်းဆောင်နေ ကြသည့် တပ်မတော်သားများ အား ထောက်ခံအားပေးပွဲကို အသီးသီး ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်