နိုင်ငံတော်၏ရရန်ရှိများ နစ်နာမှုမရှိစေရေးနှင့် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ စစ်ဆေးဖော်ထုတ်ခြင်း ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်    ဒီဇင်ဘာ   ၂

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်တိုင်းဒေသကြီး/ ပြည်နယ်(တာဝန်ခံ) ညွှန်ကြားရေးမှူးများ၏ ၂၀၂၁ ခုနှစ် ဇွန်လမှ နိုဝင်ဘာလအထိ လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ (၂/၂၀၂၁)ကို ဒီဇင်ဘာ ၁ ရက်နှင့် ၂  ရက်တို့တွင်  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကိုဗစ်-၁၉  ကာကွယ်ရေးစည်းမျဉ်းများနှင့်အညီ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

ဆွေးနွေးပွဲ    ပထမနေ့တွင် ပြည်ထောင်စု    စာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသည် ပြည်ထောင်စု စာရင်းစစ်ချုပ်     ဥပဒေပုဒ်မ-၁၁ (က၊ခ)အရ     ဘဏ္ဍာရေးစာရင်း စစ်ဆေးခြင်းဖြစ်သည့် နိုင်ငံတော် ၏ အရအသုံးခန့်မှန်းခြေငွေစာရင်း အကောင်အထည်ဖော်ဆောင်ရွက် မှုစစ်ဆေးခြင်းကို    အဓိကထား စစ်ဆေးလျက်ရှိသည့်အပြင် ဥပဒေ ပုဒ်မ-၁၁(ဂ၊ ဃ၊ င)အရ အစိုးရဌာန အဖွဲ့အစည်းများ၏  ဖွဲ့စည်းပုံနှင့် ဖွဲ့စည်းပုံအင်အားတို့သည် လုပ်ငန်း တာဝန်နှင့်   လျော်ကန်မျှတမှု၊ ဝန်ထမ်းခန့်ထားမှုသည်  ခွင့်ပြု အင်အားအတွင်း ရှိ/မရှိ၊ ပုဒ်မ-၁၁(စ)အရ      တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းအရ       သတ်မှတ်ထား သည့်  စာရင်းထားသိုပုံနည်းစနစ် နှင့်အညီ   ကျင့်သုံးခြင်း  ရှိ/မရှိ စသည့် ဥပဒေပုဒ်မ-၁၁(က မှ ရ)အထိ ပြဋ္ဌာန်းချက် (၂၇) ချက်နှင့် အညီ   စစ်ဆေးဆောင်ရွက်လျက် ရှိပြီး  တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးများသည်လည်း ပုဒ်မ-၂၅(ကမှဋ)ပါ ပြဋ္ဌာန်းချက် များနှင့်အညီ စစ်ဆေးဆောင်ရွက် လျက်ရှိပါကြောင်း။ 

 


နိုင်ငံတော်၏      ရရန်ရှိများ နစ်နာမှုမရှိစေရေးနှင့် ဘဏ္ဍာငွေ များ လေလွင့်ဆုံးရှုံးမှုမရှိစေရေး တို့အတွက် မသမာမှုများ၊ အလွဲ သုံးစားမှုများ၊ စည်းမျဉ်းမကျနမှု များ၊ လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှုအားနည်းခြင်းကြောင့် အချိန်မီ မပြီးစီးမှုများနှင့် လုပ်ငန်းပြန်လည် အပ်နှံမှုများကို  နိုင်ငံတကာစာရင်း စစ်   စံများနှင့်အညီ    စစ်ဆေး ဖော်ထုတ်ခြင်းကို    ဆောင်ရွက်လျက် ရှိပါကြောင်း။

 


ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက်များကို အစီရင် ခံစာ  ထုတ်ပြန်တင်ပြရမည်ဖြစ်  ၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး(ရုံးချုပ်)၏ စစ်ဆေးတွေ့ရှိချက် များကို အတွဲ(၁)အနေဖြင့် လည်း ကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ရုံးများ၏ စစ်ဆေးတွေ့ရှိချက်များ ကို သက်ဆိုင်ရာအစီရင်ခံစာများ ပူးတွဲ၍ အတွဲ(၂)အနေဖြင့် လည်း ကောင်း တင်ပြသွားမည်ဖြစ်သဖြင့် ၂၀၁၉-၂၀၂၀   ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ များကို  အချိန်မီတင်ပြရန်လိုအပ် ကြောင်း၊   အစီရင်ခံစာရေးသား ရာတွင် စစ်ဆေးရမည့်အဖွဲ့အစည်း များက တာဝန်ယူမှု၊ တာဝန်ခံမှု ဖြင့် လိုက်နာဆောင်ရွက်နိုင်စေရေး အတွက် စစ်ဆေးတွေ့ရှိချက်များ ကို ခိုင်လုံသည့်အထောက်အထား များဖြင့် သက်ဆိုင်ရာတာဝန်ရှိသူ အား ဖော်ထုတ်၍ ရှင်းလင်းတိကျ စွာ ရေးသားတင်ပြရန်    လိုအပ် ကြောင်း ပြောကြားသည်။

 


ယင်းနောက် တက်ရောက်လာ ကြသော ရခိုင်ပြည်နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊   ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊   ကချင် ပြည်နယ်၊   ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးတို့မှ တာဝန်ခံညွှန်ကြားရေး မှူးများက  စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆောင် ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများ၊ ဝန်ထမ်းအင်အား အခြေအနေများ၊ ကြုံတွေ့နေရသည့်    အခက်အခဲ များနှင့်   ဆက်လက်ဆောင်ရွက် မည့်အစီအစဉ်များကို        တင်ပြ ဆွေးနွေးကြသည်။ 

 


ယနေ့တွင် ဆွေးနွေးပွဲ ဒုတိယ နေ့ကို ဆက်လက်ကျင်းပရာ ချင်း ပြည်နယ်၊   ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊   မန္တလေး တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်၊ မြန်မာနိုင်ငံ   စာရင်းကောင်စီနှင့် နေပြည်တော်စာရင်းစစ်ရုံးတို့က တင်ပြဆွေးနွေးကြသည်။ 

 

ထို့နောက်   ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး(ရုံးချုပ်)ရှိ စစ်ဆေး ရေးဌာနခွဲ ညွှန်ကြားရေးမှူးများ က   စစ်ဆေးရေးဆိုင်ရာများကို တင်ပြကြပြီး    ဒုတိယညွှန်ကြား ရေးမှူးချုပ်များ (စစ်ဆေးရေး)နှင့် ညွှန်ကြားရေးမှူးချုပ် (စစ်ဆေး ရေး)တို့က စစ်ဆေးရေးလုပ်ငန်း ဆိုင်ရာကိစ္စရပ်များအပေါ် ရှင်းလင်း ဆွေးနွေးကြသည်။ 

 

ယင်းနောက် ဒုတိယညွှန်ကြား ရေးမှူးချုပ်   (စီမံ/သုတေသန)က စီမံနှင့်   ဝန်ထမ်းရေးရာကိစ္စရပ် များ၊ ဒုတိယအမြဲတမ်းအတွင်းဝန် က e-government နှင့် IT ဆိုင်ရာ ကိစ္စရပ်များကို  လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က စစ်ဆေး ရေးနှင့်   စီမံခန့်ခွဲရေးဆိုင်ရာကိစ္စ ရပ်များကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးကြပြီး    ပြည်ထောင်စု စာရင်းစစ်ချုပ်က   လိုအပ်သည် များကို          ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်း   ပေးခဲ့ကြောင်း     သိရသည်။ 


သတင်းစဉ်