
နေပြည်တော် ဩဂုတ် ၂၉
နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့(ALP ၊ DKBA ၊ KNU/KNLA-PC ၊ LDU၊ PNLO)၏ ကိုယ်စား လှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် ALP ၊ DKBA ၊ KNU/KNLA-PC ၊ LDU ၊ PNLO အဖွဲ့တို့မှ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စား လှယ်အဖွဲ့များအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေး မှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် များ၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)မှ ဥက္ကဋ္ဌ စောမြရာဇာ လင်း၊ KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ လားဟူဒီမို ကရက်တစ် အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)မှ စစ်ကွပ်ကဲ ရေးမှူးအဆင့်ရှိ စောဘညိမ်းအောင် တို့ဦးဆောင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တက်ရောက်လာကြ သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၅) ဖွဲ့ကိုယ်စား ပအိုဝ်းအမျိုး သားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဖြားတန်ခွန်ဥက္ကာတို့က နှုတ်ခွန်း ဆက်အမှာစကားများ ပြောကြား ကြသည်။
ထို့နောက် NSPNC နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစု အဖွဲ့၏ အလုပ်အဖွဲ့တို့ သဘော တူညီခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ခုနှစ်တွင် ပြင်ဆင် လိုသည့်ပုဒ်မများ၊ လေ့လာဆန်းစစ် ဖော်ထုတ်ပြုစုရေးအဖွဲ့က ဖွဲ့စည်း ပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)၏ ပြဋ္ဌာန်းချက်များ (ပုဒ်မများ) အနက်မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသည့် ပုဒ်မများ၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စတို့အား အပြန် အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။ ဆွေးနွေးပွဲဒုတိယ နေ့ကို ဩဂုတ် ၃၀ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ် ကြောင်း သိရှိရသည်။
သတင်းစဉ်