နေပြည်တော် ဖေဖော်ဝါရီ ၁၅
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင် သော ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် မွန်ပြည် သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် များဖြစ်ကြသည့် နိုင်ဗညားလယ်၊ နိုင်အောင်မငေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသ ဖွံ့ဖြိုးရေးကိစ္စများ၊ မွန်စာပေ သင်ကြားရေး ကိစ္စများနှင့် အထွေထွေကိစ္စရပ်များ ဆွေးနွေးခဲ့ ကြပြီး သုံးရက်တာ ဆွေးနွေး ညှိနှိုင်းချက်များအရ နှစ်ဖက် သဘောတူညီချက်များ ရယူနိုင်ရန် ဆွေးနွေးညှိနှိုင်းကြပြီး အပြီးသတ် ရရှိလာသည့် သဘောတူညီချက် များကို အတည်ပြုလက်မှတ် ရေးထိုးကာ အပြန်အလှန်လဲလှယ် ကြသည်။
ယင်းနောက် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယ ဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် ငြိမ်းချမ်း ရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားများ ပြော ကြားခဲ့ကြပြီး ပြန်ကြားရေး ဝန်ကြီးဌာနမှထုတ်ဝေသည့် ကမ္ဘာ့ ရေးရာ၊ မြန်မာရေးရာနှင့် တိုင်းရင်း သားရေးရာ စာအုပ်များကို လက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်



