နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ

ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့

=====================================================

နေပြည်တော် နိုဝင်ဘာ ၁၀

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဂျပန်နိုင်ငံဝန်ကြီးချုပ် SUGA Yoshihide နှင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး MOTEGI Toshimitsu တို့က မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) ပါတီက မဲအများဆုံးရရှိသည့် ပါတီအဖြစ် ထူးထူးကဲကဲ အနိုင်ရခဲ့သည့်အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူကြောင်း သဝဏ်လွှာ များကို ယနေ့ ပေးပို့လာခဲ့သည်။

 

ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၀ ရက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခင်ဗျာ

မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အဆွေတော် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထူးထူးကဲကဲ အနိုင်ရခဲ့သည့်အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူပါကြောင်း ပြောကြားလိုပါသည်။

ဂျပန်နိုင်ငံသည် နောက်ထပ်ဖွဲ့စည်းမည့်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဘက်ပေါင်းစုံမှ ဆက်လက်ထောက်ပံ့ကူညီသွားမည်ဖြစ်ပါသည်။ ဂျပန်နှင့် မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန် လာစေရေးအတွက် အဆွေတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမြင်ချင်းဖလှယ် တိုင်ပင်ဆွေးနွေးနိုင်မည်ကို ဝမ်းမြောက်စွာ မျှော်လင့်စောင့်စားလျက်ရှိပါသည်။

 

ခင်မင်လေးစားလျက်

(လက်မှတ်)

SUGA Yoshihide

ဂျပန်နိုင်ငံဝန်ကြီးချုပ်