နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   မတ်  ၂၃


နိုင်ငံတော်၏     ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့်  “ဝ”  ပြည် သွေးစည်းညီညွတ်ရေး        ပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) နှင့်  ရှမ်း ပြည်တိုးတက်ရေးပါတီ    (SSPP) ကိုယ်စားလှယ်အဖွဲ့တို့  ငြိမ်းချမ်း ရေး တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ ကို        ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ       အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု        ဗဟိုဌာန၌ ဆက်လက်ကျင်းပသည်။

 


တွေ့ဆုံ        ဆွေးနွေးပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီ အဖွဲ့ဝင်၊    ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး၊    အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်     ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်၊     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ       အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး    မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်    ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ  အတွင်းရေး မှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ် ရှိန်၊ ညှိနှိုင်းရေးကော်မတီ  အဖွဲ့ဝင် များ၊ “ဝ”ပြည် သွေးစည်းညီညွတ် ရေး ပါတီ(UWSP) မှ  ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊      အမျိုးသားဒီမို ကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မှ     ဒုတိယဥက္ကဋ္ဌ    ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ  ဗဟိုနိုင်ငံရေးဦးဆောင်အဖွဲ့ဝင် စဝ်ဆေပိုင်ဖနှင့်    ငြိမ်းချမ်းရေး ဆွေးနွေးရေး  ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 


တွေ့ဆုံဆွေးနွေးပွဲတွင် ပထမ နေ့ ဆွေးနွေးပွဲ၌    မပြီးပြတ်သေး သော   ကိစ္စများ၊    ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များနှင့်       အထွေထွေ ကိစ္စရပ် များ        ဆွေးနွေးခဲ့ကြသည်။ ထို့နောက်   နှစ်ရက်တာဆွေးနွေး ညှိနှိုင်းချက်များအရ       နှစ်ဖက် သဘောတူညီချက်များ ရယူကြပြီး အပြီးသတ်ရရှိလာသည့်  သဘော တူညီချက်များကို        အတည်ပြု လက်မှတ်ရေးထိုးကာ အပြန် အလှန် လဲလှယ်ကြသည်။ 

 


ယင်းနောက်   တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့သုံးဖွဲ့ ကိုယ်စား “ဝ”ပြည်   သွေးစည်းညီညွတ်ရေး ပါတီ(UWSP)  မှ  ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုနှင့်  ငြိမ်းချမ်းရေး ဆွေးနွေးရေး   အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကား ပြောကြားပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ် ဝေသည့်   ကမ္ဘာ့ရေးရာ၊     မြန်မာ့ ရေးရာနှင့်  တိုင်းရင်းသားရေးရာစာအုပ်များနှင့်      လက်ဆောင် ပစ္စည်းများကို       အပြန်အလှန် ပေးအပ်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်