နေပြည်တော် ဇူလိုင် ၉
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အထွေထွေအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် လားဟူဒီမို ကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်း ရေးမှူး ကျာဆော်လမွန်၊ တွဲဖက်အတွင်းရေးမှူး(၂) ကျာယာကုပ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကျာဖူးတို့ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့တွင် ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း (၁/၂/၃) ပါ သဘော တူညီချက်များနှင့်ပတ်သက်၍ လည်းကောင်း၊ အစိတ် အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန်အချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ လေ့လာဆန်းစစ်ဖော်ထုတ်စိစစ်ရေးအဖွဲ့၏ တွေ့ရှိ ချက်များကိုလည်းကောင်း ညှိနှိုင်းရေးကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြသည်။
ထို့နောက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကို နှစ်ဖက်ဆွေးနွေးညှိနှိုင်းကြပြီး ၃ ရက် တာ ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက် များကို အတည်ပြုလက်မှတ်ရေးထိုးကြသည်။
ယင်းနောက် လားဟူဒီမိုကရက်တစ်အစည်း အရုံး(LDU) အထွေထွေအတွင်းရေးမှူး ကျာဆော် လမွန်နှင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ပြီး ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ဝေသည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားစာအုပ်၊ မှတ်တမ်းစာအုပ်များ၊ ခေတ်နှင့်အညီ ပြန်လည်ပြုစု ထားသည့် မြန်မာ့စွယ်စုံကျမ်း(အတွဲ-၁)နှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်



