နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ဝန်ထမ်းအဖွဲ့အစည်းများ၏ ပြည်သူ့ဝန်ဆောင်မှုအခန်းကဏ္ဍ အရေးပါမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်  ဇွန်  ၇
“နိုင်ငံတော်၏     အကျိုးစီးပွားအတွက် ဝန်ထမ်းအဖွဲ့အစည်းများ၏     ပြည်သူ့ ဝန်ဆောင်မှုအခန်းကဏ္ဍ       အရေးပါမှု ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ” ပိတ်ပွဲ အခမ်း အနားကို    ယနေ့ညနေ   ၃  နာရီခွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့    ရုံးအမှတ် (၁၇)   ရှိ    စုပေါင်းခန်းမ၌     ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့       ဥက္ကဋ္ဌ ဦးအောင်သော်၊   အဖွဲ့ဝင်များ၊   အမြဲတမ်း အတွင်းဝန်၊    ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊     ဒုတိယအမြဲတမ်း အတွင်းဝန်နှင့်   တာဝန်ရှိသူများ    တက် ရောက်ကြသည်။ 
အကျိုးရှိစွာ ဆောင်ရွက်
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ဆွေးနွေးခဲ့သည့်    အကြောင်း အရာများသည်    မိမိတို့ပြည်ထောင်စု ရာထူးဝန်အဖွဲ့အတွက်သာမက  ဝန်ထမ်း အားလုံးအတွက်  ထိရောက်အကျိုးရှိစေ ကြောင်း၊  ထုတ်ဖော်ဆွေးနွေးနိုင်ခဲ့သည့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဌာနအကြီးအကဲများအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်နှင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း     အတွေး သစ်၊ အမြင်သစ်များဖလှယ်၍ နိုင်ငံတော် အကျိုး၊   ပြည်သူ့အကျိုးကို   ထိရောက် အကျိုးရှိစွာ  ဆောင်ရွက်သွားကြရန်နှင့် အလုပ်ရုံဆွေးနွေးပွဲက   ရရှိသည့်   ရလဒ် ကောင်းများအပေါ်မူတည်ပြီး        လိုက်ပါ ဆောင်ရွက်ခြင်းဖြင့်    နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေရေး    တစ်ဖက်တစ်လမ်းမှ အားဖြည့်ပေးခြင်းဖြင့်      ဝန်ထမ်းထု တစ်ရပ်လုံးအတွက် ကောင်းမွန်စနစ်ကျ သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်စေနိုင် မည်ဖြစ်ကြောင်း မှာကြားသည်။
ဂုဏ်ပြုလက်မှတ်ချီးမြှင့်
အလုပ်ရုံ  ဆွေးနွေးပွဲကာလအတွင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဝန်ထမ်းများ တက်ရောက်ပြီး သတ်မှတ်ခေါင်းစဉ်များ အလိုက်ဆွေးနွေးမှုများပြုလုပ်ခြင်း၊ အုပ်စု အလိုက်ခွဲ၍  ဆွေးနွေးခြင်း၊   ဆွေးနွေးမှု ရလဒ်များကို  ပြန်လည်တင်ပြခြင်း၊ ရလဒ် များသုံးသပ်ဖော်ထုတ်ခြင်း၊    အကဲဖြတ် အဖွဲ့ဝင်များအား ဂုဏ်ပြုလက်မှတ်ချီးမြှင့် ခြင်း၊  အကောင်းဆုံးဆွေးနွေးတင်ပြသူ များ၊  အကောင်းဆုံး ပါဝင်ဆွေးနွေးသူများ နှင့် အကောင်းဆုံးအုပ်စုအလိုက် ဆွေးနွေး တင်ပြသည့်အုပ်စုကို         ဆုများပေးအပ် ချီးမြှင့်ခြင်းတို့ ဆောင်ရွက်ကြသည်။
ဆွေးနွေးတင်ပြ
“နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ဝန်ထမ်းအဖွဲ့အစည်းများ၏       ပြည်သူ့ ဝန်ဆောင်မှုအခန်းကဏ္ဍ     အရေးပါမှု ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ”  ကို   ၂၀၂၄ ခုနှစ် ဇွန် ၅ ရက်မှ  ၇  ရက်အထိ  ကျင်းပ ခဲ့ပြီး    ဆွေးနွေးပွဲပထမနေ့တွင်   “ဝန်ကြီး ဌာန၊ အဖွဲ့အစည်းများ၏ ဝန်ထမ်းအင်အား စုဖွဲ့မှု   ခိုင်မာအားကောင်းစေရန်  ဆောင် ရွက်ခြင်း”၊        “အရည်အချင်းပြည့်မီ၍   စွမ်းဆောင်ရည်ရှိသည့်    နိုင်ငံ့ဝန်ထမ်း များ ရွေးချယ်ခန့်ထားခြင်း” ခေါင်းစဉ်များ နှင့်စပ်လျဉ်း၍  လည်းကောင်း၊ ဒုတိယနေ့ တွင်  “နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ  ခိုင်မာ အားကောင်းစေရန်     ဆောင်ရွက်ခြင်း”၊    “ဒီဂျစ်တယ်စနစ်ကိုအခြေခံ၍   ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများ  အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း”        ခေါင်းစဉ်များနှင့်   စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြ ခဲ့ကြကြောင်း၊          အလုပ်ရုံဆွေးနွေးပွဲ သုံးရက်တာကာလအတွင်း       ဦးဆောင် ဆွေးနွေးသူများက    ခေါင်းစဉ်အလိုက် အချိန်ကိုက်ကွပ်ကဲ    ဆောင်ရွက်နိုင်ခြင်း၊ တင်ပြဆွေးနွေးသူများကလည်း ပေးထား သည့်ခေါင်းစဉ်အလိုက်      ရှုထောင့်အမြင် အမျိုးမျိုးဖြင့်ဆွေးနွေးတင်ပြခြင်းတို့ကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်