
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၅ ရက်
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ပြည်နယ် များအလိုက် အများပြည်သူနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် ဓာတ်အားသုံးစွဲနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အား ထုတ်လုပ်ပေးခြင်းနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နှစ်စဉ်တိုးတက် လာသည့် ဓာတ်အားသုံးစွဲမှုများအတွက်လည်း တိုးတက်ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၂။ ပုံမှန်အချိန်တွင် အမြင့်ဆုံးဓာတ်အားထုတ်လုပ်နိုင်မှုသည် (၄၂၀၀) မဂ္ဂါဝပ်ခန့်ရှိသော်လည်း လက်ရှိအချိန်တွင် ပြည်ပမှ မှာယူ တင်သွင်းရသော LNG to Power ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ် မှု (၇၅၀) မဂ္ဂါဝပ်ခန့်မှာ ဓာတ်ငွေ့ဈေးနှုန်းလေးဆခန့် မြင့်တက်လာ ခြင်းကြောင့် ရပ်တန့်ထားရခြင်း၊ ရတနာကမ်းလွန် ဓာတ်ငွေ့စီမံကိန်း မှ စဉ်ဆက်မပြတ် ဓာတ်ငွေ့ထုတ်လုပ်နိုင်ရန် နှစ်စဉ်ပုံမှန်ထိန်းသိမ်း ပြုပြင်မှုလုပ်ငန်းစဉ်များကို ယခင်နှစ်များကဲ့သို့ (၂၇-၁၁-၂၀၂၁)ရက် နေ့မှ (၆-၁-၂၀၂၂)ရက်နေ့အထိ ဆောင်ရွက်ခဲ့ရသဖြင့် သဘာဝ ဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု (၅၄၀) မဂ္ဂါဝပ်ခန့် လျော့နည်းနေခြင်း၊ ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ များမှ ဓာတ်အားပို့လွှတ်ပေးနေသည့် ၂၃၀ ကေဗွီ တာဝါတိုင်များကို အကြမ်းဖက်သူများ၏ အကြိမ်ကြိမ် မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် ဓာတ်အား (၁၈၀) မဂ္ဂါဝပ်ခန့်တို့ အသီးသီးလျော့နည်းလျက်ရှိပါသည်။
၃။ ထို့အပြင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံနှင့် ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံအချို့တွင် ဓာတ်အားပေးစက်များနှစ်စဉ် ထိန်းသိမ်းပြုပြင်ခြင်းများ ဆောင်ရွက်နေခြင်း၊ ယခု ပွင့်လင်းရာသီ ကာလ၌ ရေအားလျှပ်စစ်ဓာတ်အားစက်ရုံများအတွက် ရေဝင်ရောက်မှု နည်းလာပြီး နွေရာသီကာလ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ရေလှောင်ကန်/ဆည်များ၌ ရေအားလျှပ်စစ်ထုတ်လုပ်မှုကို ထိန်းသိမ်း လျှော့ချမောင်းနှင်ရခြင်းတို့ကြောင့် စုစုပေါင်းဓာတ်အားထုတ်လုပ် နိုင်မှုမှာ သုံးစွဲမှုထက် (၁၄၇၀) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိနေပါသည်။ ထိုသို့လျော့နည်းနေရာမှ ရတနာဓာတ်ငွေ့စီမံကိန်း၏ ထိန်းသိမ်း ပြုပြင်မှုများပြီးစီးပါက (၇-၁-၂၀၂၂)ရက်နေ့မှစ၍ ပုံမှန်ထုတ်လုပ် နိုင်ပြီး ဖျက်ဆီးခံရသည့် တာဝါတိုင်များကို အမြန်ဆုံးပြုပြင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသော်လည်း (၉၃၀)မဂ္ဂါဝပ်ခန့်မှာ ဆက်လက် လျော့နည်းနေမည်ဖြစ်ပါသည်။
၄။ သို့ဖြစ်၍ ဓာတ်အားလျော့နည်းထုတ်လုပ်နေရသည့် ပမာဏနှင့် အညီ ဓာတ်အားစနစ်အားတည်ငြိမ်မှုကို ထိန်းညှိရန်ဆောင်ရွက်ရသည့် အတွက် ဓာတ်အားသုံးစွဲမှုများပြားသော နံနက် (၀၇:၀၀) နာရီမှ ည (၁၁:၀၀) နာရီအတွင်းနှင့် ညအချိန် (၁၇:၀၀) နာရီမှ (၁၉:၀၀)နာရီအတွင်း အများဆုံးထုတ်လုပ်ပေးနိုင်သော ဓာတ်အားပမာဏထက် ကျော်လွန်ချိန်များ၌ ဝန်အားလျှော့ချ၍ ဓာတ်အားစနစ်ထိန်းညှိခြင်းကို မဖြစ်မနေ ဆောင်ရွက်ရလျက်ရှိသဖြင့် အချို့နေရာများတွင် အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။
၅။ နိုင်ငံတော်တွင် အိမ်ထောင်စုပေါင်း (၁၀.၉) သန်းခန့်ရှိသည့် အနက် လက်ရှိအချိန်တွင် အိမ်ထောင်စုပေါင်း (၆.၆) သန်းခန့် (၆၀%)သည် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရရှိသုံးစွဲလျက်ရှိပါသည်။ လက်ရှိ မီးရရှိသုံးစွဲနေသော အိမ်ထောင်စုများအနေဖြင့် မီးလင်းအား တူ၍ ဓာတ်အားသုံးစွဲမှုနည်းသော LED မီးသီး/မီးချောင်းကို အစားထိုး သုံးစွဲခြင်းပြုလုပ်မည်ဆိုပါက အိမ်ထောင်စု(၁)စုလျှင် (၂၀) ဝပ်ခန့် ချွေတာနိုင်မည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း (၆.၆) သန်းမှ ဓာတ်အား ပမာဏ (၁၃၂) မဂ္ဂါဝပ် ချွေတာနိုင်မည်ဖြစ်ပါသည်။ ၎င်းအပြင် မီးသုံးစွဲ မှုများသော အိမ်ထောင်စုများအနေဖြင့် မလိုအပ်သောနေရာများရှိ မီးခလုတ်များကို ပိတ်ထားခြင်းဖြင့် အိမ်ထောင်စု(၁)စုလျှင် (၁၀၀)ဝပ်ခန့် ချွေတာသုံးစွဲပါက အိမ်ထောင်စု (၃) သန်းအတွက် (၃၀၀) မဂ္ဂါဝပ်ခန့် သက်သာမည်ဖြစ်သဖြင့် စုစုပေါင်း (၄၃၂) မဂ္ဂါဝပ်ခန့် လျော့နည်းစေမှုအား ပြန်လည်ဖြည့်တင်းအစားထိုးပေးနိုင်သည့် အပြင် အိမ်ထောင်စု (၁) စုချင်းစီ၏ လျှပ်စစ်မီတာခပေးချေရမှုများ လည်း လျော့နည်းသက်သာသွားမည်ဖြစ်ပါသည်။
၆။ သို့ဖြစ်ပါ၍ ဝန်အားထိန်းညှိမှုအရ လျော့နည်းသွားသော လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုများအတွက် အချို့သောနေရာများတွင် ဝန်အား လျှော့ချရခြင်းများအပေါ် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများ ရှိပါက နားလည်ပေးနိုင်ပါရန်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို အမြန်ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ကြိုးစားလျက်ရှိသည့်အပြင် နေအား၊ ရေအား အပါအဝင် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အား ပိုမို ထုတ်လုပ်နိုင်ရေး စီမံကိန်းသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန