
နေပြည်တော် ဧပြီ ၁၆
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော် (သင်္ကြန် အကြတ်နေ့) နံနက်ပိုင်းတွင် လွိုင်ကော်မြို့ နောင်ယား (ခ) ရပ်ကွက်ရှိ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ဗဟိုမဏ္ဍပ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကျင်းပနေစဉ် KNPP အဖွဲ့၊ လွိုင်ကော် PDF နှင့် Falcon Wings အမည်ခံအကြမ်းဖက်အဖွဲ့များက Drop Bomb ဖြင့် ယုတ်မာရက်စက်စွာပစ်ချတိုက်ခိုက်သဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူ ဝန်ထမ်းများနှင့် အပြစ်မဲ့ ပြည်သူများအနက် ဒဏ်ရာရရှိသူအချို့ကို လွိုင်ကော်မြို့ပြည်သူ့ဆေးရုံ ကြီးမှ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀၀) နေပြည်တော်သို့ လွှဲပြောင်းပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိသည်။
ကြည့်ရှုအားပေးစကား ပြောကြား
၂၀၂၃ ခုနှစ် ဧပြီ ၁၆ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သောအဖွဲ့မှ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀၀) နေပြည်တော်သို့ သွားရောက်၍ ထိခိုက်ဒဏ်ရာရရှိသော ဝန်ထမ်းများအား တစ်ဦးချင်း တွေ့ဆုံ၍ ကြည့်ရှုအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနှင့် အသုံးအဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်