
စစ်တွေ အောက်တိုဘာ ၈
ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဝါတွင်း ကာလ အဖိတ်လပြည့်နေ့တိုင်း သံဃာတော်အပါး ၅၀၀ တို့အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်း ရေစက်ချမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့ မွန်းလွဲပိုင်းက စစ်တွေမြို့ လောကာနန္ဒာ စေတီတော်ဝင်း အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင် ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာန ဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
ဦးစွာ သာသနာ့ဗိမာန်၌ သံဃာတော်အရှင်သူမြတ် အပါး ၅၀၀ တို့အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားကို ကျင်းပရာ ပြည်နယ်ဩဝါဒါစရိယ၊ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ စစ်တွေမြို့ နန္ဒာရာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ် ထံမှ ငါးပါးသီလခံယူဆောက်တည် ကြပြီး သံဃာတော်အရှင်သူမြတ် များက မေတ္တသုတ်ပရိတ်တရား တော်များ ရွတ်ပွားချီးမြှင့်တော်မူ ကြသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင် ကျော်မင်းက သာသနာရေးဆိုင်ရာ များ လျှောက်ထားပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ က သံဃာတော်အရှင်သူမြတ်များ အား လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ပြည်နယ်ဩဝါဒါ စရိယ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂ မဟာဂန္တဝါစကပဏ္ဍိတ စစ်တွေ မြို့၊ ဓမ္မသုခကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တသောမ မဟာထေရ် မြတ်ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနု စိန် အမှူးပြုသော ဧည့်ပရိသတ် များက အနုမောဒနာတရားနာယူ ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြ သည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တာဝန် ရှိသူများနှင့်အတူ လောကာနန္ဒာ စေတီတော်ဝင်းအတွင်း၌ ရခိုင် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး ကျင်းပသော ဝါတွင်းကာလ အဖိတ်လပြည့်နေ့တိုင်း သံဃာ တော် အပါး ၅၀၀ တို့အား တတိယ အကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲသို့ တက်ရောက်ပြီး သံဃာတော် အရှင်သူမြတ် အပါး ၅၀၀ တို့အား ဆွမ်းဆန်တော်များ လောင်းလှူ ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်