နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ခြောက်လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

 

မုံရွာ    သြဂုတ်    ၃၀


နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အား ထပ်ဆင့်ရှင်းလင်းခြင်း နှင့်   ခြောက်လပတ်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၀ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၌   ကျင်းပရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊  တိုင်းဒေသကြီး  တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊   ဥပဒေချုပ်၊  ဌာနဆိုင်ရာများ တက်ရောက်ကြပြီး    တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့    ဥက္ကဋ္ဌများက    Video Conferencing  စနစ်ဖြင့် တက်ရောက်ကြသည်။

 


စိုက်ပျိုးသီးနှံဧကများ လျာထားပြည့်မီရေး


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျင်းပ ပြီးစီးခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ ခြောက်လတာ ကာလ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း မှာကြားပြီး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် လာကြသော      တိုင်းအဆင့်    ဌာနဆိုင်ရာများအား လမ်းညွှန်မှာကြားချက်များအပေါ် တိကျစွာ လိုက်နာ ကာ လုပ်ငန်းများအောင်မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက်ရေး၊ နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများအတိုင်း  လိုက်နာ ကျင့်ကြံနေထိုင်လုပ်ကိုင်ရေး၊ ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်ရေး၊ လုံခြုံရေးအသိသတိတို့ဖြင့် တာဝန်ထမ်းဆောင်ရေး၊ ယခင်ခြောက်လတာ လုပ်ငန်း ဆောင်ရွက်မှုများအပေါ်     ပြန်လည်သုံးသပ်ကာ လာမည့်   ခြောက်လကို  အားနည်းချက်မရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊    မိမိတို့ တိုင်းဒေသကြီးသည်      စိုက်ပျိုးရေးအခြေခံသည့် တိုင်းဒေသကြီးဖြစ်၍      စိုက်ပျိုးရမည့်    သီးနှံများ လျာထားစိုက်ဧကများကို  ပြည့်မီအောင် ကြိုးပမ်း စိုက်ပျိုးရေး၊ မြို့၊ ရွာများ သန့်ရှင်းသပ်ရပ်မှုရှိရေးနှင့် ဘတ်ဂျက်ကာလအတွင်း   အကောင်အထည်ဖော် ရမည့်လုပ်ငန်းများအား အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်သွားကြ ရန် မှာကြားခဲ့သည်။

 


လုပ်ငန်းပြီးစီးမှုတင်ပြ


ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက  ခြောက်လတာကာလအတွင်း  လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း    ဆက်လက်ဆောင်ရွက် မည့်  လုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing  စနစ်ဖြင့် မိမိတို့ ခရိုင်များအလိုက်     ခြောက်လတာကာလအတွင်း လုပ်ငန်းများ    ဆောင်ရွက်ပြီးစီးမှုနှင့်   ဆက်လက် ဆောင်ရွက်မည့်အခြေအနေများကို   ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြသည်။

 


ယင်းနောက် တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက လုပ်ငန်း များအပေါ် အားသာချက်၊ အားနည်းချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့်  လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
ထို့နောက်     တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကြောင်း သိရ သည်။                        

တိုင်းဒေသကြီး(ပြန်/ဆက်)