
နေပြည်တော် ဇူလိုင် ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းစာအုပ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေဖြန့်ချိသည်။
အဆိုပါမိန့်ခွန်းစာအုပ်တွင် ၂၀၂၁ ခုနှစ် ဇွန်လ အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းများ စုစုပေါင်း (၈) ပုဒ်ကို စုစည်းဖော်ပြပေးထားသည်။
ဇွန်လ ၃ ရက်နေ့တွင် ကျင်းပခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး(၈/၂၀၂၁) အခမ်းအနားတွင် “နိုင်ငံ အတွင်း လူတန်းစားမရွေး အစားအသောက် ဖူလုံစွာ စားသုံးနိုင်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက် ပေးရမည့်အပြင် စားသောက်မှုပုံစံကိုလည်း ကျန်းမာ ရေးနှင့်အညီ ပြုပြင်ပြောင်းလဲပေးရန် လိုအပ် ကြောင်း၊ အဓိကအားဖြင့် ဆီ၊ အချိုမှုန့်စားသုံးမှု လျှော့ချရန်နှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အရက်၊ ဆေးလိပ်၊ ကွမ်းယာ စားသုံးမှုများ လျှော့ချ နိုင်ရေး အသိပညာပေးဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ ကျန်းမာသန်စွမ်းပြီး သက်တမ်းစေ့နေထိုင်နိုင်ရေးအတွက် တာဝန်ရှိသူ များအနေဖြင့် ဝိုင်းဝန်းစဉ်းစားဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း” ပြောကြားသည့် အမှာစကား။
ဇွန်လ ၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် “မြန်မာနိုင်ငံသည် မြောက်ဘက်ဒေသ ရေခဲတောင် များမှ တောင်ဘက်ကမ်းရိုးတန်းဒေသများအထိ မတူကွဲပြားသည့် ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲ များနှင့် သဘာဝသယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ စီးပွားရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးတို့ကို ထိရောက်စွာ အထောက်အပံ့ ပေးနိုင်သော ကောင်းမွန်သည့် ဂေဟစနစ်များနှင့် သဘာဝပတ်ဝန်းကျင်များ ရေရှည်တည်တံ့နိုင်ရေး သည် လွန်စွာအရေးကြီးကြောင်း” ပြောကြားသည့် အမှာစကားစသည့် အကြောင်းအရာများအပါအဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းများကို စုစည်း ထုတ်နုတ်ထားသည်။
ယင်းစာအုပ်ကို အမြို့မြို့အနယ်နယ်ရှိ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများနှင့် ရန်ကုန်မြို့ရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်း ဆိုင်တို့တွင် တစ်အုပ်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဝယ်ယူရရှိနိုင်သည်။
သတင်းစဉ်