
နေပြည်တော် ဇွန် ၂၃ (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေး ဆိုင်ရာညီလာခံ (Moscow Conference on International Security-2021 (MCIS-2021))သို့ တက်ရောက်ရန်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီး Army General Sergey Kuzhugetovich Shoigu က ဇွန် ၂၂ ရက် ညနေပိုင်းတွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို သည်။ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေး ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့သည် ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူ၍ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက် လာကြသည့် နှစ်နိုင်ငံတပ်မတော်အရာရှိ ကြီးများအား အပြန်အလှန် မိတ်ဆက်ပေး ကြသည်။ အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီ ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် ရုရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုး တို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့်အတူ ရုရှား တပ်မတော်မှ အရာရှိကြီးများ တက်ရောက် ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံဆွေးနွေးသည်။ ဆွေးနွေး ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက်နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိ သည့် ကာကွယ်ရေးစွမ်းရည် တိုးမြှင့်ရေး ဆိုင်ရာ ပြိုင်ပွဲများနှင့် လေ့ကျင့်ရေးဆောင် ရွက်မှုများတွင် မြန်မာ့တပ်မတော်မှ ပါဝင် ယှဉ်ပြိုင်ဆောင်ရွက်လျက်ရှိပြီး ဆက်လက် ပါဝင်ဆောင်ရွက်သွားမည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲ မှု အခြေအနေများနှင့် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံ တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့သည် အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်