
နေပြည်တော် အောက်တိုဘာ ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါ လာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နန်းသီတာ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းသို့ သွား ရောက်ကြည့်ရှုစစ်ဆေးသည်။
သက်သာသောနှုန်းဖြင့် ရောင်းချပေး
ဦးစွာ စိုက်ပျိုးမွေးမြူရေးစခန်း ရှင်းလင်းဆောင်၌ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများက နန်းသီတာ ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်းအတွင်း မိုးစပါး စိုက်ပျိုးထားရှိမှု၊ ဥစားကြက်နှင့် အသား စားကြက်များ မွေးမြူထားရှိမှု၊ နို့စားနွားများမွေးမြူထားရှိမှု၊ ဥစားဘဲများမွေးမြူ ထားရှိမှု၊ DYL ဝက်များ မွေးမြူထားရှိမှု၊ ငါးမွေးမြူရေးဆောင်ရွက်ထားရှိမှု၊ မြက် ချဉ်ဖက်စမ်းသပ်ထုတ်လုပ်နေမှု၊ ဆိတ် မွေးမြူရေးဆောင်ရွက်ထားရှိမှု၊ အစာစပ် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် တပ်ရင်း တပ်ဖွဲ့များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိ မှု၊ စိုက်ပျိုးမွေးမြူရေးခြံမှထွက်ရှိသည့် အသား၊ ငါး၊ ဥနှင့် အသီးအရွက်များကို တပ်မတော်သားမိသားစုများနှင့် ဝန်ထမ်း များကို ပြင်ပပေါက်ဈေးထက် သက်သာ သောနှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိ မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်၌ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းများ အကောင်အထည်ဖော်ဆောင် ရွက်စေခြင်းသည် အရာရှိ၊ စစ်သည်များ နှင့် တပ်မိသားစုဝင်များ အသားငါးနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ဖြစ်ပြီး ပိုလျှံပါက ဒေသခံများသို့ ပြင်ပ ပေါက်ဈေးထက် သက်သာသောဈေးနှုန်း များဖြင့် ရောင်းချနိုင်ခြင်းဖြင့် ဒေသ၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ်သော ထုတ်လုပ်မှုမျိုး ဖြစ်စေရေး မွေးမြူမှု၊ စိုက်ပျိုးမှု အချိန် ကာလတို့ကို စနစ်တကျ တွက်ချက်ချိန်ညှိ ၍ အသုတ်လိုက် မွေးမြူသည့်စနစ်ဖြင့် ထုတ်လုပ်မှုကို ပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိုးစပါး များစိုက်ပျိုးရာတွင် ပန်းတိုင်ရည်မှန်းချက် များ ပြည့်မီစေရေး မျိုး၊ မြေ၊ ရေ၊ နည်း စသည့် လေးချက်နှင့်အညီ စိုက်ပျိုး ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ နွေစပါးစိုက်ပျိုးမှုများကိုလည်း အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဥစားဘဲများအား ယခုထက် ပိုမိုတိုးချဲ့ မွေးမြူနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ် သည့်အစာများ ရရှိနိုင်ရေး ဒေသတွင်းရရှိ နိုင်သည့် ကုန်ကြမ်းများ အသုံးပြုကာ အဆင့်မီအစာထုတ်လုပ်နိုင်ရေး ဆောင် ရွက်သွားရန်လိုကြောင်း။
အထွက်နှုန်းတိုးအောင် ဆောင်ရွက်
နွားနို့နှင့် အသားထွက်နှုန်းကောင်းမွန် ရေးဆောင်ရွက်ရန်အတွက် အစာစပ်သည့် စနစ်တွင် ပါဝင်ရမည့်ပစ္စည်းများ အချိုး အစားမှန်ကန်ရန်နှင့် ရေပေးဝေမှုစနစ်ကျန ဖူလုံရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ အထွက်နှုန်းတိုးအောင် ဆောင်ရွက်ပြီး မိမိတို့၏ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအားလုံး ပြည့်ပြည့်ဝဝ ဖူလုံစွာ စားသုံးနိုင်အောင် ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ငါးမွေးမြူ ရေးဆောင်ရွက်ရာတွင် ဒေသနှင့်ကိုက်ညီ ပြီး အထွက်နှုန်းကောင်းသည့် ငါးမျိုးများ ကို သုတေသနပြုမွေးမြူဆောင်ရွက်ကြ ရန်လိုကြောင်း၊ တိုင်းစစ်ဌာနချုပ် အစာ စက်ရုံကို တိုးချဲ့ဆောင်ရွက်ပြီး ကွပ်ကဲမှု အောက် တပ်ရင်းတပ်ဖွဲ့များ၊ သင်တန်း ကျောင်းများမှ မွေးမြူရေးလုပ်ငန်းများ အတွက်လိုအပ်သည့် မွေးမြူရေးအစာများ ကို ဖြန့်ဖြူးပေးနိုင်ရမည်ဖြစ်ကြောင်း။
နန်းသီတာ ဘက်စုံစိုက်ပျိုးမွေးမြူရေး စခန်းအနေဖြင့် သက်တမ်းရင့် စိုက်ပျိုး မွေးမြူရေးစခန်းဖြစ်ပြီး အတွေ့အကြုံ များစွာရှိပြီးဖြစ်ကြောင်း၊ တိုင်းစစ်ဌာနချုပ် ဘက်စုံ စိုက်ပျိုးမွေးမြူရေး စခန်းများသည် စံပြဖြစ်နေရမည်ဖြစ်ပြီး တာဝန်ပေးအပ် ရာတွင်လည်း အမှန်တကယ်အလုပ်လုပ် နိုင်သည့်သူများကိုသာ ရွေးချယ်တာဝန် ပေးအပ်သွားရန်လိုကြောင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ်များကို တတ်နိုင်သမျှ နည်းပါးအောင် ဆောင်ရွက်ပေးနိုင်မည် ဆိုပါက ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးနိုင်မည်ဖြစ်သဖြင့် သက်သာချောင်ချိ ရေးကို များစွာအထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ တိုင်းစစ်ဌာနချုပ်အဆင့် စိုက်ပျိုးမွေးမြူရေးစခန်း ဖြစ်သဖြင့် မှန်ကန်ကောင်းမွန်သည့် လုပ်ငန်း ဆောင်ရွက်မှုစနစ်ရှိရမည်ဖြစ်ကာ မြေကို အကျိုးရှိရှိ အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ ရေကိုအကျိုးရှိရှိ အသုံးချနိုင်ရေးအတွက် စနစ်ကျနသည့် ရေသုံးစွဲမှုစနစ်ရှိရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
မွေးမြူရေးဆောင်ရွက်ထားရှိမှု ကြည့်ရှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နန်းသီတာ ဘက်စုံစိုက်ပျိုးမွေးမြူရေး စခန်းအမှတ် (၁)နှင့် (၂)တို့အတွင်း ဝက်၊ ဘဲ၊ နွားနှင့် ဥစားကြက်မွေးမြူထားရှိမှုတို့အပါအဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေး ရာ တာဝန်ခံများက အသီးသီးရှင်းလင်း တင်ပြကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်