နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

 

နေပြည်တော်   မေ   ၁၂


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်    ကျိုင်းတုံတပ်နယ်မှ    အရာရှိ၊   စစ်သည်၊ မိသားစုဝင်များအား တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။

 


အဆိုပါ   တွေ့ဆုံပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊  ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊   ကာကွယ်ရေးဦးစီးချုပ် (လေ)   ဗိုလ်ချုပ်ကြီး   ထွန်းအောင်နှင့် ဇနီး၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ   တပ်မတော်အရာရှိကြီးများနှင့်   ဇနီးများ၊    တြိဂံဒေသ  တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ကျိုင်းတုံတပ်နယ်မှ   အရာရှိ၊  စစ်သည်၊  မိသားစုဝင်များ တက်ရောက်ကြသည်။

 


နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့မှု


ထိုသို့  တွေ့ဆုံအမှာစကား  ပြောကြားရာတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံး ကို     ယခုကဲ့သို့    တွေ့ဆုံရသည့်အတွက်     ဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့်       အခြေအနေများအရ   တပ်မတော် အနေဖြင့် နိုင်ငံတော်၏  တာဝန်များကို ထမ်းဆောင်ခဲ့ရပြီး  ယင်းကာလ သည် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုများ ပြင်းထန်ချိန်၊ စီးပွားရေးကျဆင်း  နေချိန်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံရေးအရ မတည်ငြိမ်မှုများ    ဖြစ်ပေါ် နေချိန်လည်းဖြစ်ကြောင်း၊   ယေဘုယျအားဖြင့်   ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေချိန်ဖြစ်သဖြင့်  စီးပွားရေးကောင်းမွန်သည်ဟု ထင်ရသော် လည်း     နိုင်ငံတော်အနေဖြင့်    ပြည်ပကြွေးမြီများ များပြားလျက်ရှိ ကြောင်း၊   စီမံခန့်ခွဲမှုအားနည်းခဲ့မှုများကြောင့် နိုင်ငံ၏စီးပွားရေးမှာ   အနုတ်လက္ခဏာအထိ  ရှိခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ယူရသည့် အချိန်တွင်    နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်  အလေးပေးဆောင်ရွက်ခဲ့ ကြောင်း၊ ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်၊  ကုသ၊  ထိန်းချုပ်ရေးလုပ်ငန်းများ ကိုလည်း  အရှိန်အဟုန်ဖြင့်  ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး  တာဝန်ကျေပွန် သည့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများ အားလုံးက   ဝိုင်းဝန်းပါဝင်ဆောင်ရွက်မှုများ၊   အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများ၏ ကူညီပေးမှုများကြောင့် အချိန်အတိုင်းအတာတစ်ခု အတွင်း ထိန်းချုပ်နိုင်ခဲ့ကြောင်း။

 


မိမိတို့နိုင်ငံသည် စိုက်ပျိုး၊ မွေးမြူရေးကို အဓိကထား လုပ်ကိုင်သည့်   နိုင်ငံဖြစ်သဖြင့်   နိုင်ငံအတွင်း  စားရေးနှင့် ပတ်သက်၍ ခက်ခဲမှုမရှိခဲ့ ကြောင်း၊ ယခင်က ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးမှုမရှိခဲ့ ဘဲ သွင်းကုန်များကို အဆမတန် တင်သွင်းခဲ့ခြင်းများကြောင့်   ဝင်ငွေနှင့်   ထွက်ငွေများ   ညီမျှမှုမရှိဘဲ ကုန်သွယ်မှုလိုငွေများ  ဖြစ်ပေါ်ခဲ့ခြင်းဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် ပြည်ပကြွေးမြီများကို တတ်နိုင်သမျှ ပြန်လည် ပေးဆပ်လျက်ရှိကြောင်း၊ ယခုအခါ နိုင်ငံစီးပွားရေးမှာ အနုတ်လက္ခဏာမှ အပေါင်းလက္ခဏာသို့ တိုးတက်လာပြီဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။ 

 


နိုင်ငံတစ်နိုင်ငံ၏   ဝင်ငွေတွင်   ကုန်သွယ်မှုဝင်ငွေနှင့်     ကုန်သွယ်မှု မဟုတ်သည့် ဝင်ငွေဟူ၍ရှိပြီး  အခွန်အခများလည်း  ပြည့်ဝစွာရရှိရန် လိုကြောင်း၊ မိမိတို့အနေဖြင့်   ယခင်ကာလအားနည်းချက်များကြောင့် မရရှိခဲ့သည့် ဝင်ငွေများရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နောင်လာ မည့်ကာလအတွင်း    အခြားဝင်ငွေများလည်း  ရရှိနိုင်မည်ဖြစ်သဖြင့်  နိုင်ငံ့စီးပွားတိုးတက်လာနိုင်မည်ဖြစ်ကြောင်း။

 


တည်ငြိမ်အေးချမ်းရေး


တပ်မတော်အနေဖြင့်      နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး  တည်ငြိမ်အေးချမ်းမှုရှိအောင်  ဖန်တီးဆောင်ရွက်ပေးရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်  လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ နှင့်      ငြိမ်းချမ်းရေးရရှိအောင်        ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင်        တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တွင်  လက်မှတ်ရေးထိုး ထားသည့်  အဖွဲ့များရှိသကဲ့သို့  လက်မှတ်ရေးထိုးထားခြင်း  မရှိသည့် အဖွဲ့များလည်းရှိကြောင်း၊    အဆိုပါ    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ရောက်ရှိရေး   ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊  အလားတူ  နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် ပေါ်ပေါက်လာသည့် PDF အမည်ခံ အကြမ်းဖက်သမားများကိုလည်း ကင်းစင်ပပျောက်အောင်        ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါ အကြမ်းဖက်အဖွဲ့များကို အားပေးအားမြှောက်ပြုလုပ်နေသည့် အဖွဲ့များ လည်းရှိပြီး ၎င်းတို့အနေဖြင့်  လူမှုကွန်ရက်များမှတစ်ဆင့် အမုန်း တရားများ   ဖြစ်ပေါ်စေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊   ဒီမိုကရေစီအစိုးရလက်ထက်တွင်   တပ်မတော် အနေဖြင့် အစိုးရလုပ်ငန်းများကို နိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း၊    တပ်မတော်အနေဖြင့်  ဆောင်ရွက်သင့်သည့်       ကိစ္စရပ်များ ကို     ဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်မတော်ကို  ယခင်ကထက်      ပိုမို တိုးတက်ကောင်းမွန်အောင် တည်ဆောက်နိုင်ခဲ့ကြောင်း။

 


ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ရမှု


ယခင်အစိုးရသက်တမ်းကာလတွင်   တပ်မတော်အပေါ် ပြည်သူ လူထုမှ အထင်အမြင်  လွဲမှားပြီး  အမုန်းတရားများ ဖြစ်ပေါ်လာအောင် မီဒီယာများကို အသုံးချ၍ ဆောင်ရွက်ခဲ့မှုများရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ  အနိုင်ရရှိရေး အတွက်     မသမာသည့်နည်းလမ်းများဖြင့်   ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့်   တပ်မတော်မှ   မဲစာရင်းများ   မှန်ကန်မှုရှိစေရေး  စိစစ် ဆောင်ရွက်ခဲ့ကြောင်း၊ မဲစာရင်းမှားယွင်းမှုများကို  ဖြေရှင်းပေးနိုင်ရေး   တာဝန်ရှိသူများထံ    အကြောင်းကြားခဲ့သော်လည်း    ဖြေရှင်းပေးမှုမရှိဘဲ  လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို  အဓမ္မရယူရန် ကြိုးပမ်းခဲ့ ခြင်းကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို  ဝင်ရောက်ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊    မိမိတို့အနေဖြင့်      ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ   နိုင်ငံတော်တာဝန်ကို  ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍   အနိုင်ရသည့် ပါတီအား အာဏာလွှဲပြောင်းပေးသွား မည်ဟုပါရှိပြီးဖြစ်ကြောင်း၊    မိမိတို့အနေဖြင့် အကြမ်းဖက်မှု နှိမ်နင်းရေး လုပ်ငန်းများကို  ဆောင်ရွက်ရာတွင်  ဥပဒေနှင့်အညီ   ဆောင်ရွက်ရန် လိုကြောင်း။

 


စည်းစနစ်တကျရှိသည့် နေထိုင်လုပ်ကိုင်မှုရှိရေး၊ ပညာရည်မြင့်မားရေးနှင့် ကျန်းမာကြံ့ခိုင်ရေး


တပ်မတော်သားများအားလုံးအနေဖြင့်    အမြဲတိုက်ပွဲဝင်အသင့် ဖြစ်စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ တစ်ဦးချင်း ကျန်းမာကြံ့ခိုင်ရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ရန်လိုသကဲ့သို့ သမားစဉ်လုပ်ငန်းများကို      မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်နေခြင်းသည် မိမိကိုယ်ကို လေ့ကျင့်နေခြင်းပင်ဖြစ်ကြောင်း၊ မည်သည့် အခြေအနေမျိုး တွင်ဖြစ်စေ စည်းကမ်းအတိုင်း လိုက်ပါလုပ်ဆောင်နိုင်ခြင်းသည် မိမိတို့ အရည်အသွေးကို မြှင့်တင်ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ တပ်များ ကို    ဦးဆောင်နေသည့်   တပ်မှူးကြီးများနှင့်   တပ်မှူးများအနေဖြင့် မိမိတို့လက်အောက်တပ်များကို အမြဲမပြတ် ကြည့်ရှုစစ်ဆေး၍  ဆင့်ကဲ ဆင့်ကဲကွပ်ကဲမှုများဖြင့် လိုအပ်သည်များကို ကြပ်မတ်ခြင်း၊ ဖြည့်ဆည်း ပေးခြင်းများကို  ဆောင်ရွက်နေမည်ဆိုပါက တပ်များအနေဖြင့် အမြဲ အသင့်ဖြစ်နေမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ စည်းစနစ်တကျ နေထိုင်စေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်နေရန် လိုကြောင်း၊  တပ်မတော်ကိုချစ်သည့် တပ်မတော်သားများကို နိုင်ငံချစ်စိတ် ဖြစ်ပေါ် စေရန်အတွက်    မြှင့်တင်ဆောင်ရွက်ပေးမည်ဆိုပါက   နိုင်ငံအတွက် အားသစ်များဖြစ်ပေါ်လာမည် ဖြစ်ကြောင်း၊ တပ်မတော်သားများသာမက  တပ်မတော်သား မိသားစုများအနေဖြင့်လည်း   တပ်မတော်အပေါ်တွင်   ချစ်သည့်စိတ်၊   တပ်မတော်ကို အားကိုးသည့် စိတ်များ ဖြစ်ပေါ်လာအောင်    တပ်မှူးများအနေဖြင့် ဆောင်ရွက်ရန်လိုကြောင်း။

 


တပ်မတော်အနေဖြင့်   တပ်မတော်သားများနှင့်    မိသားစုများ စားသောက်နေထိုင်ရေးနှင့် မိသားစုဝင် ကျောင်းသား  ကျောင်းသူများ ပညာရည်မြင့်မားရေးအတွက် အမြဲမပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင်   တပ်မတော်သား   မိသားစုဝင်    ကျောင်းသား    ကျောင်းသူများအားလုံး   ကျောင်းတက်ရန်လိုကြောင်း၊  ပညာရည် မြင့်မားရေးအတွက် အားပေးဆောင်ရွက်နေခြင်းမှာ တစ်ဦး   တစ်ယောက်ချင်းစီတိုင်းကို     ကိုယ့်အားကိုယ်ကိုး၍ မိမိအစွမ်းအစဖြင့် ဘဝတစ်လျှောက်လုံး ရပ်တည်နိုင်ရေးအတွက်ဖြစ်ကြောင်း၊    မိမိတို့၏ သားသမီးများ   ၎င်းတို့ကိုယ်တိုင်  ရပ်တည်နိုင်ရေး ပညာသင်ကြားရေးနှင့် ပတ်သက်၍ မိဘများအနေဖြင့် တာဝန်ရှိကြောင်း၊ ယခုအခါ စက်မှု၊ စိုက်ပျိုးရေးနှင့်     မွေးမြူရေးအထက်တန်းကျောင်းများကို     ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ ထူးချွန်သူများအနေဖြင့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သိပ္ပံများ၊ ကောလိပ်များနှင့်   တက္ကသိုလ်များသို့   ဆက်လက် တက်ရောက်ပြီး  ၎င်းတို့အသက်မွေးဝမ်းကျောင်းအတွက် လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်သားမိသားစု ဝင်များ ၎င်းကျောင်းများသို့ တက်ရောက်နိုင်ရေး အားပေးဆောင်ရွက်ရန် လိုကြောင်း။

 


ကျန်းမာရေးနှင့်ပတ်သက်၍      မိမိတို့နိုင်ငံတွင် ကိုဗစ်- ၁၉ ရောဂါ    ဖြစ်ပွားမှုနှင့်    ပတ်သက်၍  ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် တစ်ကျော့ပြန်ဖြစ်ပွားလျက်ရှိသဖြင့် သွားလာနေထိုင်မှုများကို    ဂရုပြု၍ နေထိုင်ကြရန်နှင့်    ကျန်းမာရေးနှင့် ညီညွတ်သည့်     နေထိုင်စားသောက်မှု များကို ဆောင်ရွက်ရန်လိုကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ တစ်ဦး ချင်းစီအလိုက်     ညီညွတ်မျှတသည့်    နေထိုင်စားသောက်မှုပုံစံရှိရမည် ဖြစ်ကြောင်း၊ တပ်မတော်မှ ထုတ်ပေးထားသည့် အာဟာရပြည့်ဝသည့် အစားအသောက်များကို ပြည့်ဝစွာ စားသုံးရန်လိုကြောင်း၊ အသောက် အစားအပျော်အပါးများကိုလည်း  အသိတရားဖြင့်  ထိန်းသိမ်းနေထိုင် ခြင်းဖြင့် ကျန်းမာကြံ့ခိုင်သူများ    ဖြစ်လာမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို    ပြည့်ဝစွာ  ထမ်းဆောင်နိုင် မည်ဖြစ်ကြောင်း၊  တစ်ဦးချင်းစီအလိုက်    အသိတရား၊   သတိတရားများ ဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။

 


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏   ဇနီးက လည်းကောင်း  လက်ခံရယူကြသည်။

 


တွေ့ဆုံပွဲအပြီးတွင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊   ဇနီးနှင့်      အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့်    အရာရှိ၊     စစ်သည်    မိသားစုများအား   ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ နောင်တုံ ကန်အတွင်း၌    လေ့ကျင့်ရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်(ရေ) ရေကြောင်းလူငယ်အခြေခံသင်တန်း   ကျိုင်းတုံစခန်းမှ  သင်တန်းသား သင်တန်းသူများကို သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားသည်။

 


ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား သင်တန်းသား  သင်တန်းသူ များက    ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းသား သင်တန်းသူများအား တစ်ဦးချင်း   ရင်းရင်းနှီးနှီး  နှုတ်ဆက်ပြီး ယခု ဖွင့်လှစ်သည့် သင်တန်းသည်   ကျောင်းပိတ်ရက်ကာလအတွင်း အချိန် ကို အကျိုးရှိရှိ အသုံးချနိုင်ရန်  ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းမှတစ်ဆင့် မိမိကိုယ်ကိုချစ်စိတ်    ထိုမှတစ်ဆင့်    နိုင်ငံ ချစ်စိတ်များ    ဖြစ်ပေါ်လာပြီး    နိုင်ငံတော်မှ အားထားရသည့် နိုင်ငံ့သား ကောင်း၊ သမီးကောင်းရတနာများဖြစ်လာမည်ဖြစ်ကြောင်း၊  ထို့ကြောင့်  သင်တန်းမှ သင်ကြားပေးသည်များကို အမှန်တကယ်တတ်မြောက်သည် အထိ သင်ယူကြရန်လိုကြောင်း  ရင်းရင်းနှီးနှီး မှာကြားသည်။

 


ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များက     သင်တန်းကာလအတွင်း သင်တန်းသား သင်တန်းသူများ၏ လေ့ကျင့်ဆောင်ရွက်နေမှု မှတ်တမ်း ဓာတ်ပုံများကို  လိုက်လံကြည့်ရှုရာ  ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်  တာဝန်ရှိသူများက   လေ့ကျင့်သင်ကြားပေးခဲ့မှု    အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က             ရေကြောင်းလူငယ်အခြေခံသင်တန်း ကျိုင်းတုံစခန်းမှ သင်တန်းသား သင်တန်းသူများအတွက် စားသောက် ဖွယ်ရာများကို   ပေးအပ်ရာ   သင်တန်းနည်းပြနှင့်    သင်တန်းသား သင်တန်းသူ   ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြကြောင်း  သတင်း ရရှိသည်။ 

သတင်းစဉ်