
နေပြည်တော် ဇွန် ၂၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rosoboronex-port ကုမ္ပဏီသို့ သွားရောက်လေ့လာကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား Rosoboronexport ကုမ္ပဏီမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Alexander Shcherbinin နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အစည်းအဝေး ခန်းမတွင် လက်ထောက်ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Andrew CHEKMAREW နှင့် တာဝန်ရှိသူများက စစ်ဘက် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ ကို Power Point Presentation များဖြင့် ရှင်းလင်းတင်ပြရာ ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ ဝင်များက သိရှိလိုသည်များအား ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြ သည်။
လိုက်လံရှင်းလင်းပြသ
ထို့နောက် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များသည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ OSTANKINO Tower သို့ သွား ရောက်လေ့လာ ကြည့်ရှုကြရာ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ရှင်းလင်းမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်က သိရှိလိုသည်များအား ပြန်လည်မေးမြန်းခဲ့ပြီး မော်စကို မြို့အား အပေါ်စီးမှ မြင်တွေ့ရ သည့် ရှုခင်းများကို ကြည့်ရှု ကြကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။
စည်ကားလျက်ရှိ
အဆိုပါ OSTANKINO Tower ကို Russian Television and Radio Braodcasting Network မှ ၁၉၆၃ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၆၇ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း နှင့် ထိုစဉ်က ကမ္ဘာပေါ်တွင် အမြင့်ဆုံး အဆောက်အဦတစ်ခု ဖြစ်ခဲ့ကြောင်း၊ တာဝါအောက်ခြေ မှ ထိပ်ဆုံးအင်တာနာအထိ စုစုပေါင်း ၅၄၀ မီတာခန့်မြင့်ပြီး အပေါ်ဆုံး အထပ်သည် ၃၆၀ မီတာခန့်အမြင့်ရှိကြောင်း၊ ယင်း တာဝါကို အောက်တိုဘာ တော်လှန်ရေး၏ နှစ် ၅၀ မြောက် အထိမ်းအမှတ်အဖြစ် တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး တာဝါတိုင် အပေါ်ဆုံးထပ်တွင် မှန်တံခါးများ၊ မော်စကိုမြို့၏ နေ့ညမြင် တွေ့ရ သည့် ရှုခင်းများကို LED Board ဘုတ်များဖြင့် ပြသထားရှိ ကြောင်းနှင့် အမှတ်တရ အရောင်း ဆိုင်များကိုလည်း ဖွင့်လှစ်ထား ရှိကာ လာရောက်အပန်းဖြေ လေ့လာကြသည့် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သတင်း ရရှိသည်။ သတင်းစဉ်