နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၅) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်

 

နေပြည်တော်  အောက်တိုဘာ  ၁၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ယနေ့နံနက်ပိုင်းတွင်   ပြင်ဦးလွင်မြို့  တပ်မတော်နည်းပညာတက္ကသိုလ်၌  ပြုလုပ်သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၅) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်သည်။    

 


အဆိုပါ စစ်လက်ရုံးရွေးချယ်ပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ  ညှိနှိုင်းကွပ်ကဲရေးမှူး  (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ် ရေးဦးစီးချုပ်(လေ)   ဗိုလ်ချုပ်ကြီး   ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်း အုပ်ကြီးနှင့်  တာဝန်ရှိသူများ   တက်ရောက်ကြပြီး ဗိုလ်လောင်းများအား တစ်ဦးချင်းစီတွေ့ဆုံမေးမြန်း၍  နည်းပညာဘာသာရပ်ပိုင်းဆိုင်ရာများနှင့် လေ့ကျင့် ရေးပိုင်းဆိုင်ရာတို့တွင် နှစ်အလိုက် ထူးချွန်ထက်မြက် မှု၊     စည်းကမ်းလိုက်နာမှု၊    ကြိုးစားအားထုတ်မှုနှင့် ၎င်းတို့စိတ်ပါဝင်စားမှုများအပေါ် မူတည်၍ သင့်လျော် သည့်  တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးကြသည်။

 


မွန်းလွဲပိုင်းတွင်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်  အဖွဲ့ဝင်များသည် ပညာတန်ဆောင် ဗိုလ်လောင်း စားရိပ်သာ၌   သင်တန်းသားဗိုလ်လောင်းများနှင့် အတူ  နေ့လယ်စာကို  အတူတကွသုံးဆောင်ခဲ့ကြပြီး ဗိုလ်လောင်းများအား   ရင်းရင်းနှီးနှီး    လိုက်လံ နှုတ်ဆက်၍   အားပေးစကား   ပြောကြားခဲ့သည်။
ယင်းနောက်     စစ်လက်ရုံးရွေးချယ်မှုအား ဆက်လက်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်