နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ထိုင်းဘုရင့်တပ်မတော်မှ Lt.Gen. Apichet Suesat ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ

 

နေပြည်တော်   ဇွန်   ၂၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား  မြန်မာနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ် သော (၃၄) ကြိမ်မြောက် မြန်မာ - ထိုင်း  ဒေသဆိုင်ရာ  နယ်ခြားကော်မတီအစည်းအဝေး သို့ တက်ရောက်ခဲ့သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Apichet Suesat ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ  ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။                     

 


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ   ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူး ကြီး    စိုးဝင်းနှင့်      တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ     မြန်မာနိုင်ငံ    သံအမတ်ကြီး ဦးချစ်ဆွေတို့ တက်ရောက်ကြပြီး ထိုင်းကိုယ်စားလှယ် အဖွဲ့   ခေါင်းဆောင်နှင့်အတူ   မြန်မာနိုင်ငံဆိုင်ရာ ထိုင်းကြည်းတပ်စစ်သံမှူး      Col. Saranyanis Sutthiwajachinadej နှင့် ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများ  တက်ရောက်ကြသည်။

 


အမြင်ချင်းဖလှယ် ဆွေးနွေး


ထိုသို့  တွေ့ဆုံရာတွင်   နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား   ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင် ဆက်လက်ဆောင်ရွက်သွားမည့်     အခြေအနေ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်  မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်းရေး ဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုများကို  တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲ  မှုအခြေအနေနှင့် အကြမ်းဖက်မှုဖြစ်စဉ်များ ပပျောက် စေရေး     လုံခြုံရေးတပ်ဖွဲ့ဝင်များက     ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်   အခြေအနေ၊   နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့်  နယ်စပ်ဒေသ  တည်ငြိမ်အေးချမ်းရေး၊  ဖွံ့ဖြိုး တိုးတက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ များကို အောင်မြင်စွာ  ဆောင်ရွက်နိုင်မည့်   အခြေ အနေ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှုဖလှယ်ရေး၊  ချစ်ကြည်ရေး   အားကစား ပြိုင်ပွဲများ ကျင်းပရေး၊   စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာဗဟုသုတများ ဖလှယ်နိုင်ရေးတို့အတွက် ချစ်ကြည်ရေးခရီးစဉ်များ  အပြန်အလှန်သွားရောက် နိုင်မည့်   အခြေအနေ၊   မြန်မာ့တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး      ငြိမ်းချမ်းရေးရရှိရန်     ရည်ရွယ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို     ငြိမ်းချမ်း ရေးကမ်းလှမ်းဖိတ်ခေါ်ပြီး   တွေ့ဆုံဆွေးနွေးနေမှု အခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ထားသည့် ပြည်တွင်း၊ ပြည်ပရှိ အချို့သော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်နှင့်  CDM ဝန်ထမ်းများအား  ဥပဒေဘောင်အတွင်း  ပြန်လည် ဝင်ရောက်နိုင်ရေး     အသိပေးထုတ်ပြန်ထားမှုကို ထိုင်းတပ်မတော်မှလည်း ၎င်းတို့၏နယ်စပ်ဒေသများ မှ မြန်မာနိုင်ငံသို့ အလွယ်တကူ ပြန်လည်ဝင်ရောက် နိုင်ရေး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွား မည့် အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 


လက်ဆောင်ပစ္စည်းများ ပေးအပ်

တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တို့သည်  အမှတ်တရ   လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ပြီး  စုပေါင်းမှတ်တမ်းတင်   ဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သတင်းရရှိသည်။              

သတင်းစဉ်