နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  (၇၄)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပြခန်းများအား ကြည့်ရှု

 

 

နေပြည်တော်    ဒီဇင်ဘာ   ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည်  ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများ၊  အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင်  မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင်လေတပ်စခန်း ဌာနချုပ်၌   ပြသထားသည့် (၇၄)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းများအား ကြည့်ရှုသည်။
လှည့်လည်ကြည့်ရှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် (၇၄)နှစ်မြောက်       တပ်မတော်(လေ)နှစ်ပတ်လည်နေ့  အထိမ်းအမှတ် ပြခန်းနှင့်      အမှတ်တရပစ္စည်း အရောင်းဆိုင်များ   ဖွင့်ပွဲအခမ်း အနားကို စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးသည်။   ထို့နောက်   အခမ်း အနား     တက်ရောက်လာကြ သူများနှင့်အတူ    (၇၄)နှစ်မြောက် တပ်မတော်(လေ)  နှစ်ပတ်လည် နေ့အထိမ်းအမှတ် ပြခန်းအတွင်း ပြသထားသည့်      လေကြောင်း သမိုင်းမှတ်တမ်းများ၊      ခေတ် အဆက်ဆက်   အသုံးပြုခဲ့သည့် တပ်မတော်(လေ)    ဝတ်စုံများ၊ တပ်မတော်(လေ) သမိုင်းမှတ်တမ်း ဓာတ်ပုံများ၊      ကာကွယ်ရေး ဦးစီးချုပ်(လေ)    တာဝန်ထမ်း ဆောင်ခဲ့သူများ၏     မှတ်တမ်း ဓာတ်ပုံများ၊ မိုင်းယန်း၊ မဲသဝေါ၊ စီစီဝမ်တာပန်  တိုက်ပွဲများတွင် တပ်မတော်(လေ)မှ ပါဝင်ဆောင် ရွက်ခဲ့သော   မှတ်တမ်းဓာတ်ပုံ များ၊ တပ်မတော်(လေ)မှ စွမ်းရည် ဘွဲ့တံဆိပ်       ရရှိခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ လေယာဉ်၊ ရဟတ်ယာဉ်များ၊  တပ်တော်ဝင် အခမ်းအနား  မှတ်တမ်းဓာတ်ပုံ များ၊ တပ်မတော်(လေ) အရာရှိ၊ စစ်သည်၊    အစားခန့်များအား လေ့ကျင့်ပျိုးထောင်မှု  မှတ်တမ်း ဓာတ်ပုံများ၊ တပ်မတော်(လေ)၏ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ ၂၀၁၂ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အထိ တပ်မတော် (လေ)၏ တိုးတက်ပြောင်းလဲလာမှု မှတ်တမ်းဓာတ်ပုံများ၊ ကာကွယ် ရေးဦးစီးချုပ်(လေ) အဆက်ဆက် က   ဆုရလေသူရဲများအား   ဆု ချီးမြှင့်ပေးအပ်သည့်  မှတ်တမ်း ဓာတ်ပုံများ၊  လေယာဉ်၊ ရဟတ် ယာဉ်များတွင် အသုံးပြုလျက်ရှိ သည့်      Avionic   ပစ္စည်းများ၊ ခေတ်မီမျိုးဆက်သစ် တိုက်ခိုက် ရေး    လေယာဉ်ပုံစံငယ်များနှင့် လေသူရဲ အသုံးအဆောင်ပစ္စည်း များ၊        တပ်မတော်(လေ)မှ ထုတ်လုပ်ထားသည့် ပုံစံတူသုတေ သနပြု    လေကြောင်းလမ်းညွှန် စက်   VNR-AF 1 ၊   စစ်မှုထမ်း လုံခြုံရေးနှင့် ရောဂါပိုးကာကွယ် ရေးစနစ်နှင့် စက်ပစ္စည်းများအား  လှည့်လည်ကြည့်ရှုကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး    ဦးစီး ချုပ်၊   ဇနီးနှင့်  အဖွဲ့ဝင်များသည် (၇၄) နှစ်မြောက်   တပ်မတော် (လေ)  နှစ်ပတ်လည်နေ့အထိမ်းအမှတ်စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးကြပြီးနောက် လေတပ်စခန်း      ဌာနချုပ်များ အလိုက်        အမှတ်တရပစ္စည်း အရောင်းဆိုင်နှင့်     မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာ   အရောင်း ဆိုင်၊    စာအုပ်အရောင်းဆိုင်နှင့် တပ်မတော်မှ     ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင် များအား    ဆက်လက်     ကြည့်ရှု အားပေးပြီး   အရာရှိ၊   စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။ 
သတင်းစဉ်