နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်  စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၃) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

တပ်မတော်၏ အစဉ်အလာကောင်းများကို စောင့်ထိန်းကြရမည့်သူများဖြစ်သဖြင့် စည်းကမ်းအရာတွင် စံနမူနာပြဖြစ်ရန်လိုအပ်

 

နေပြည်တော်     ဒီဇင်ဘာ    ၇
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၃)သင်တန်းဆင်း ဂုဏ်ပြု  စစ်ရေးပြအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင်   ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်   စစ်ရေးပြကွင်း၌     ကျင်းပပြုလုပ်ရာ    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊     တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး   မဟာသရေစည်သူ   မင်းအောင်လှိုင်   တက်ရောက် မိန့်ခွန်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး   ဇေယျကျော်ထင် မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး စည်သူမောင်မောင်ကျော်၊    ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော် အရာရှိကြီးများ၊  ပြည်ထောင်စုဝန်ကြီးများ၊  မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မန္တလေးမြို့တော်ဝန်၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် အား ဗိုလ်လောင်း တပ်ခွဲများက   အနှေးလျှောက်၊  အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။  ထို့နောက်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး   မဟာသရေစည်သူ မင်းအောင်လှိုင် က       စစ်တက္ကသိုလ်      ဗိုလ်လောင်း အမှတ်စဉ်(၆၃)မှ      အောင်စစ်သည်ဆု     ရရှိသူ ဗိုလ်လောင်းအမှတ် ၃၄၅၀၁၊ ဗိုလ်လောင်း ဖြိုးမင်း၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၄၇၇၂၊ ဗိုလ်လောင်း အောင်နန္ဒ၊ စာပေထူးချွန်ဆု (ဝိဇ္ဇာ)ရရှိသူ      ဗိုလ်လောင်းအမှတ်      ၃၄၅၈၉၊ ဗိုလ်လောင်း တေဇ၊ စာပေထူးချွန်ဆု (သိပ္ပံ) ရရှိသူ ဗိုလ်လောင်းအမှတ် ၃၄၇၁၀၊ ဗိုလ်လောင်း ဟိန်းဘိုဘို အောင်၊      စာပေထူးချွန်ဆု(ကွန်ပျူတာ)    ရရှိသူ ဗိုလ်လောင်းအမှတ် ၃၄၇၁၉၊ ဗိုလ်လောင်း အာကာ ဇော်ဝင်းတို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။
စွန့်လွှတ်စွန့်စားစွာဖြင့် တာဝန်ထမ်းဆောင်
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး     မဟာသရေစည်သူ     မင်းအောင်လှိုင် က   သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင်   အမိ စစ်တက္ကသိုလ်မှ လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံ သည့်    အရာရှိကောင်းများဖြစ်အောင်    လေ့ကျင့် ပျိုးထောင်ပေးခဲ့ပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ရင်း၊ တပ်ဖွဲ့အသီးသီးတွင် ပြန်တမ်းဝင်အရာရှိ ခေါင်းဆောင်ငယ်များအဖြစ် စတင်တာဝန်ပေးအပ် သွားမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများ သည်   သစ္စာလေးချက်ကို   နေ့စဉ်ရွတ်ဆို   ဦးထိပ် ပန်ဆင်ထားသူများဖြစ်ပြီး နိုင်ငံအတွက် အရေးကြုံ လာပါက စွန့်လွှတ်စွန့်စားစွာဖြင့် တာဝန်ထမ်းဆောင် တတ်သူများလည်း ဖြစ်ကြောင်း။
နိုင်ငံတော်၏   ကြီးလေးသော   ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရမည့်သူများဖြစ်သဖြင့် မိမိတို့၏  တာဝန်နှင့်လုပ်ငန်းအပေါ် ဂုဏ်ယူတတ် ကြရန်လိုကြောင်း၊   ထို့ကြောင့်  ပေးအပ်လာမည့် ရည်မှန်းချက်တာဝန်များကို   ကြီးကြပ်ကွပ်ကဲမှု အနည်းဆုံးနှင့်     ဦးလည်မသုန်     ကျေပွန်စွာ ထမ်းဆောင်သွားကြရန် မှာကြားလိုကြောင်း။
လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီးဖြစ်
စစ်တက္ကသိုလ်သည်   ၁၉၅၄ ခုနှစ်၊   ဩဂုတ်လ ၁ ရက်နေ့တွင်   စတင်သန္ဓေတည်ခဲ့ပြီး   အနာဂတ် နိုင်ငံတော်နှင့်  တပ်မတော်အတွက်  တန်ဖိုးထားရ သည့် “နောင်တစ်ခေတ်၏ အောင်စစ်သည်” များကို လေ့ကျင့်မွေးထုတ်ပေးခဲ့သည်မှာ သင်တန်းအမှတ်စဉ် (၆၃)ခုထိ     ရှိခဲ့ပြီဖြစ်ကြောင်း၊     နိုင်ငံတော်ကို ကာကွယ်ရန်အတွက် ခိုင်မာသည့် သန္နိဋ္ဌာန်စိတ်ဖြင့် မိမိသဘောဆန္ဒအလျောက် တပ်မတော်ကိုဝင်ရောက် လာခဲ့သူများဖြစ်သဖြင့် စစ်တက္ကသိုလ်၏ ရည်ရွယ် ချက်များနှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်အတွက် ယုံကြည်အားထားရသည့် သူရ၊ သတ္တိနှင့်ပြည့်စုံပြီး အမှားအမှန်၊ အဆိုးအကောင်းကို ပိုင်းခြားဆုံးဖြတ် နိုင်သည့် ခေါင်းဆောင်ကောင်းများအဖြစ် လေ့ကျင့် မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း။
 အခွင့်အလမ်းများ မလွဲမသွေရရှိမည်
ခေါင်းဆောင်လုပ်သူများသည်    အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရန်၊     တွေးခေါ်မြော်မြင်နိုင်ရန် အတွက် မသိမဖြစ်ဗဟုသုတများ ကြွယ်ဝရန်လိုအပ် သဖြင့်  အမြဲတစေ စာပေဖတ်ရှုလေ့လာရန်လိုကြောင်း၊ စာဖတ်ခြင်းသည်  စိတ်ဓာတ်ပိုင်းဆိုင်ရာ  ကြံ့ခိုင်မှု ဖြစ်စေသည့်အပြင်  အတွေးအခေါ်အယူအဆများ  မြင့်မားစေသည့်အတွက် တစ်ဦးချင်းစီ၏ အသိပညာ အတတ်ပညာကြွယ်ဝစေပြီး   မိမိဘဝကို  တိုးတက် စေနိုင်သည့် စာအုပ်စာပေဗဟုသုတများကိုလည်း လေ့လာမှတ်သားရမည်ဖြစ်ကြောင်း၊  မိမိလုပ်ငန်း တာဝန်နှင့်    သက်ဆိုင်သမျှကိုလည်း   သိရှိအောင် အမြဲကြိုးစားနေမည်ဆိုပါက   အောင်မြင်မှု   အခွင့် အလမ်းများ မလွဲမသွေရရှိမည်ဖြစ်ကြောင်း။
ကြိုးပမ်းဆောင်ရွက်
ခေတ်နှင့်အညီ    ပြောင်းလဲတိုးတက်နေသည့် စစ်လက်နက်ပစ္စည်း၊   စစ်အသုံးအဆောင်ပစ္စည်း၊ စစ်နည်းဗျူဟာများနှင့်     စစ်မှုနည်းပညာများကို ထိရောက်စွာ    အသုံးပြုနိုင်ရန်အတွက်   လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့် လေ့ကျင့်ရေးမူဝါဒအတိုင်း စဉ်ဆက်မပြတ်      ကြိုးစားသွားကြရမည်ဖြစ်ပြီး စွမ်းရည်ပြည့်ဝသည့်  စစ်သည်တော်ကောင်းများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြား လိုကြောင်း။
အသက်ဝိညာဉ်လည်းဖြစ်
မိမိတို့တပ်မတော်သားများသည်   အချိန်အခါ မရွေး၊  နေရာဒေသမရွေး၊  ရာသီဥတုမရွေး  တာဝန် ထမ်းဆောင်နေကြရသူများ       ဖြစ်သည့်အတွက် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးကို အလေးထားကြရန် လိုအပ်ကြောင်း၊    တပ်မတော်သည်    နိုင်ငံတော် ကာကွယ်ရေးကဏ္ဍအတွက် ဖွဲ့စည်းထားသည့် အဖွဲ့ အစည်းဖြစ်သည်နှင့်အညီ     စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှု၊ အထက်အောက်အပြန်အလှန်လေးစားမှုနှင့်      ရဲဘော်ရဲဘက်စိတ်     မွေးမြူပြီး တပ်မတော်သားကောင်းတစ်ယောက်   ဖြစ်အောင် နေထိုင်သွားကြရန် မှာကြားလိုကြောင်း၊ တပ်မတော် ၏ အစဉ်အလာကောင်းများကို စောင့်ထိန်းကြရမည့် သူများဖြစ်သဖြင့်  စည်းကမ်းအရာတွင်  စံနမူနာပြ ဖြစ်ရန် လိုအပ်ကြောင်း၊ စည်းကမ်းသည် တပ်မတော် ၏ ကျောရိုးမဏ္ဍိုင်တစ်ခုဖြစ်သကဲ့သို့ အသက်ဝိညာဉ် လည်း ဖြစ်ကြောင်း။ 
တပ်မတော်ကို  စတင်ဝင်ရောက်စဉ်  ပထမဆုံး သင်ကြားလေ့ကျင့်ပေးသည့် ဘာသာရပ်မှာ အခြေခံ စစ်ရေးပြခြင်း  ဘာသာရပ်ဖြစ်ပြီး  စစ်ရေးပြခြင်း၏ ရည်ရွယ်ချက်မှာ    စစ်စည်းကမ်းကောင်းမွန်ခြင်း၊ အမိန့်နှင့်တာဝန်ကို   နာခံတတ်ခြင်းပင်ဖြစ်သဖြင့် တပ်မတော်သားတိုင်း၏ အခြေခံသည် စစ်စည်းကမ်း က စတင်ခြင်းဖြစ်ကြောင်း။
စနစ်တကျဖွဲ့စည်း လေ့ကျင့်မှုများရှိရမည်
အဖွဲ့အစည်းတစ်ခု ခိုင်ခိုင်မာမာနှင့်  အဓွန့်ရှည် ကြာစွာ ရပ်တည်နိုင်ရန်အတွက် မှန်ကန်သည့်မူဝါဒ၊ တိကျခိုင်မာသည့် စည်းမျဉ်း၊ စည်းကမ်း၊ လိုက်နာ စောင့်ထိန်းရမည့် ဥပဒေ၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသည့် ကြီးကြပ်ကွပ်ကဲမှုများနှင့် စနစ်တကျဖွဲ့စည်း လေ့ကျင့်မှုများရှိရမည်ဖြစ်ကြောင်း၊    စည်းကမ်း ကောင်းမွန်သည့်    အဖွဲ့အစည်းသည်    ကြာရှည် တည်တံ့ခိုင်မြဲပြီး    ရည်မှန်းချက်တာဝန်များကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်သည်ကို တွေ့ရမည် ဖြစ်ကြောင်း၊  တပ်မတော်အနေဖြင့်လည်း  စတင် သန္ဓေတည် ပေါက်ဖွားလာကတည်းက စည်းကမ်းနှင့် အမိန့်နာခံမှုကောင်းသည့်   တပ်မတော်ဖြစ်သဖြင့် နိုင်ငံအတွက် အခိုင်မာဆုံး Institution ဖြစ်ကြောင်း။
ခေါင်းဆောင်များဖြစ်လာကြမည် 
တာဝန်ထမ်းဆောင်ရာတွင် စည်းကမ်းနှင့် အမိန့် များအပြင်  စစ်သည်တော်တိုင်း  လိုက်နာကြရမည့် အပါး(၆၀)သော ကျင့်ဝတ်များကို တစ်သဝေမတိမ်း လိုက်နာလုပ်ဆောင်ခြင်းဖြင့်    အောင်မြင်မှုရရှိမည့် ခေါင်းဆောင်များဖြစ်လာကြမည်ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်သည်      စစ်ဘက်ဥပဒေများသာမက နယ်ဘက်ဆိုင်ရာဥပဒေ၊   နိုင်ငံတကာစစ်ပွဲဆိုင်ရာ ဥပဒေများနှင့် ကာကွယ်ခုခံပိုင်ခွင့်အတွက် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်းများ(Rules of Engagement-ROE) ကိုလည်း   တိကျစွာ   လိုက်နာကြရမည်ဖြစ် ကြောင်း၊ ထို့ကြောင့်  မိမိတို့ကိုယ်တိုင် အသေးအဖွဲ စည်းကမ်းများကအစ စံနမူနာပြဖြစ်စေရန် ကိုယ်တိုင် ကျင့်ကြံနေထိုင်ပြီး  လက်အောက်ငယ်သားများပါ လိုက်ပါလုပ်ဆောင်စေရေး    ကြပ်မတ်ဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်း။

ခေါင်းဆောင်ငယ်များဖြစ်သဖြင့်     စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရား   ကောင်းမွန်ရန်   လိုအပ်ကြောင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက်  ဘာသာ ရေး၊  လူမှုရေး   အဆုံးအမများနှင့်အညီ   ကျင့်ကြံ နေထိုင်သွားရမည်ဖြစ်သည့်အပြင် သူတစ်ပါးအပေါ် ကိုယ်ချင်းစာစိတ်မွေးပြီး လေးစားတန်ဖိုးထားရမည် ဖြစ်ကြောင်း၊  မိမိဝင်ငွေနှင့်ထွက်ငွေကို မျှတအောင် 
သုံးစွဲတတ်ရမည်ဖြစ်ပြီး လိုချင်တပ်မက်မှုနည်းကာ ခြိုးခြံချွေတာစိတ် ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့ မြန်မာ လူမျိုးများသည် မျိုးရိုးဗီဇအားဖြင့်  အမျိုးသားရေး လက္ခဏာများကို  အစဉ်လေးစား တန်ဖိုးထားကြ သူများဖြစ်သဖြင့် အမျိုးသားရေးလက္ခဏာများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်သွားကြရန်  လိုအပ် ကြောင်း၊  အမျိုးသားရေးလက္ခဏာနှင့်  အမျိုးသား ယဉ်ကျေးမှုများ လျော့နည်းလာမည်ဆိုပါက မျိုးချစ် စိတ်ဓာတ်သည်လည်း တိမ်ကောပျောက်ကွယ်သွား မည်ဖြစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ် ကင်းမဲ့ခြင်းသည် တိုင်းပြည်နှင့်လူမျိုးအတွက်    အကြီးမားဆုံးသော အန္တရာယ်ဖြစ်သည်ကို ပြောကြားလိုကြောင်း။
အစဉ်အလာများကို လေးစားလိုက်နာ
နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံသားများ၏ မျိုးချစ် စိတ်ဓာတ်    ရှင်သန်ထက်မြက်ရေးသည်    အထူး အရေးကြီးကြောင်း၊   မျိုးချစ်စိတ်ဓာတ်    ရှင်သန် ထက်မြက်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းရေး တို့သည် မိမိတို့တပ်မတော်အတွက်သာမက တစ်မျိုး သားလုံးနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်သဖြင့် အလွန် အရေးကြီးကြောင်း၊    မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ မိမိတိုင်းပြည်၊   မိမိလူမျိုး၊    မိမိဘာသာ၊   စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့်စိတ်၊ တိုင်းပြည်နှင့် လူမျိုးကိုထိပါက      မချိအောင်နာတတ်သည့်စိတ်၊
ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား မည်ဆိုသည့် စိတ်ဓာတ်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး မပျက်မယွင်းအောင် ထိန်းသိမ်း လိုသည့်စိတ်များ    မွေးမြူသွားကြရန်  ပြောကြား လိုကြောင်း။
ခေါင်းဆောင်များ၏အခန်းကဏ္ဍမှာ အရေးပါ
ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ပြီး သက်ဆိုင် ရာ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးတွင် ခေါင်းဆောင်ငယ် များအဖြစ် တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ် သဖြင့်  မိမိကွပ်ကဲရသည့် လက်အောက်တပ်ဖွဲ့ဝင် များကို   မှန်ကန်သည့်   ခေါင်းဆောင်မှုပေးနိုင်ရန် လိုအပ်ကြောင်း၊   အခြေခံအကျဆုံး   အဖွဲ့စနစ်မှ စပြီး  တပ်အရွယ်အစား  ကြီးမားလာသည်နှင့်အမျှ ခေါင်းဆောင်များ၏ အခန်းကဏ္ဍမှာ အရေးပါသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
အောင်မြင်သည့်ခေါင်းဆောင်မှု   ဆိုသည်မှာ ငယ်သားများအနေဖြင့်     ခေါင်းဆောင်လုပ်သူ၏ လိုလားချက်တာဝန်များအပေါ် ၎င်းတို့၏ သဘော ဆန္ဒအလျောက် တစ်စိတ်တစ်ဝမ်းတည်း အတူတကွ အားလုံးလိုက်ပါ လုပ်ဆောင်ကြခြင်းပင်ဖြစ်ကြောင်း၊ မိမိလက်အောက်ကို ကွပ်ကဲအုပ်ချုပ်သည့် နေရာတွင် ရိုးသားဖြောင့်မတ်မှန်ကန်ခြင်း၊ စည်းကမ်းကောင်းမွန် ခြင်း၊ ကျောသားရင်သားမခွဲခြားဘဲ မျှတမှန်ကန်စွာ ခေါင်းဆောင်ခြင်းများ   လိုအပ်ကြောင်း၊   ထို့ပြင် မိမိကိုယ်ကို   စံနမူနာပြဖြစ်အောင် နေထိုင်ကျင့်ကြံ ရမည်၊ ခေါင်းဆောင်ကောင်းစိတ်ဓာတ်၊ မိဘသဖွယ် စိတ်ဓာတ်တို့ကို     မျှတစွာ    ပေါင်းစပ်အသုံးချပြီး လက်အောက်ငယ်သားများ၏ ယုံကြည်ကိုးစားမှု၊ သစ္စာရှိစွာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ရယူ ရန် လိုအပ်ကြောင်း၊ ခေါင်းဆောင်ကောင်းဆိုသည်မှာ ရောင့်ရဲတင်းတိမ်မှုရှိရန် လိုအပ်ကြောင်း။
အလေးထားဆောင်ရွက်
အဖွဲ့အစည်းတစ်ခု ခိုင်မာအားကောင်းပြီး မယိုင် မလဲ    ရပ်တည်သွားနိုင်ရန်အတွက်   အဖွဲ့အစည်း အတွင်း စည်းလုံးညီညွတ်ရေး ခိုင်မာအားကောင်းရန် လည်း  လိုကြောင်း၊   မိမိတို့နိုင်ငံအနေဖြင့်လည်း စည်းလုံးညီညွတ်ပြီးခိုင်မာသည့် တပ်မတော်မရှိပါက နိုင်ငံတော်သည်     ယိမ်းယိုင်ချည့်နဲ့သွားနိုင်သည် ကို    မှတ်သားထားကြရန်လိုကြောင်း၊   စည်းရုံးရေး စွမ်းရည်ကောင်းမွန်ပါက    အုပ်ချုပ်ရေးစွမ်းရည်နှင့်   စစ်ရေးစွမ်းရည်ပါ      တိုးတက်ကောင်းမွန်လာမည်ဖြစ် သည့်အတွက်    တပ်တွင်းစည်းလုံးညီညွတ်မှုနှင့် တပ်ပြင် စည်းရုံးရေးလုပ်ငန်းများကို ပိုမိုကျစ်လျစ် ခိုင်မာအောင် အလေးထားဆောင်ရွက်သွားကြရန် လိုကြောင်း။
အထောက်အကူများစွာပေးနိုင်မည်
ယနေ့ခေတ်သည်  သိပ္ပံနှင့်နည်းပညာသာမက သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (Information and Communications Technology -ICT)များ အရှိန်အဟုန်နှင့် လျင်မြန်စွာ တိုးတက်လာ သည့်အတွက် စစ်မှုရေးရာများတွင်လည်း ပြောင်းလဲ လာခဲ့ကြောင်း၊  စစ်ဘက်ဆိုင်ရာကိစ္စရပ်များတွင် တိုးတက်လာသည့်   နည်းပညာများကို  မှန်ကန်စွာ အသုံးချခြင်းသည်   တပ်ဖွဲ့ဝင်များအတွက်  အလွန် အသုံးဝင်ပြီး အထောက်အကူများစွာ ပေးနိုင်မည်ဖြစ် ကြောင်း။
ဖြစ်ပေါ်နေသည့် နိုင်ငံ့အရေး၊ နိုင်ငံတကာအရေး များကို မပြတ်သိရှိနေရန် ဖတ်ရှုမှတ်သားလေ့လာနေကြရမည်ဖြစ်ကြောင်း၊    ကမ္ဘာကြီး၏    တိုးတက် ပြောင်းလဲနေသည့်   ခေတ်ကာလအခြေအနေအရ ပညာရည်မြှင့်တင်ရေးသည်     အရေးကြီးသကဲ့သို့ စဉ်ဆက်မပြတ်လေ့လာမှုသည်လည်း အရေးကြီးပြီး မှန်ကန်သည့်   လမ်းကြောင်းပေါ်တွင်   လေ့လာ၍ ပညာရယူရန်လိုကြောင်း။
စည်းကမ်းတကျအသုံးပြု
ဖွံ့ဖြိုးတိုးတက်လာသည့် ဆက်သွယ်ရေးကွန်ရက် များတွင် သတင်းအချက်အလက်များ များပြားလာ မှုကြောင့် သတင်းမှား၊ သတင်းတုများကို တပ်မတော် သားများအနေဖြင့်    အသိတရားလက်ကိုင်ထားပြီး ခွဲခြမ်းစိတ်ဖြာတတ်ရန် လိုအပ်ကြောင်း၊ လွတ်လပ် ရေး ရပြီးစကာလတွင်လည်း နိုင်ငံရေးပါတီများသည် ၎င်းတို့၏ အာဏာလွန်ဆွဲပွဲတွင် အနိုင်ရရှိရေးအတွက် တပ်မတော်ကိုအသုံးချရန်    တပ်မတော်အတွင်း သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ထိုသို့ ဆောင်ရွက်၍ မရခဲ့သည့်အတွက် နောက်ဆုံးတွင် တပ်မတော်ကိုပြိုကွဲစေရန်၊ ဂုဏ်သိက္ခာကျဆင်းစေ ရန် အခြေအမြစ်မရှိသည့် ပြောဆိုရေးသားမှုများကို အလေးထားလုပ်ဆောင်လာသည်ကို တွေ့ရကြောင်း၊ 
လူမှုကွန်ရက်များမှတစ်ဆင့် သတင်းပေါက်ကြားမှု များ   ဖြစ်ပေါ်တတ်သကဲ့သို့    သတင်းမှားများ၊ ကောလာဟလများ၊ သွေးထိုးလှုံ့ဆော်မှုများ   ပါဝင် နေသည်ဖြစ်သည့်အတွက်   ဉာဏ်သတိနှင့်ယှဉ်ပြီး စည်းကမ်းတကျ   အသုံးပြုတတ်ကြရန်   လိုအပ် ကြောင်း။
တိုင်းရင်းသားပြည်သူများ၏      ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဖြောင့်ဖြောင့်တန်းတန်း    လျှောက်လှမ်းနိုင်ရေး ဒီမိုကရေစီ  ရည်မှန်းချက်များအောင်မြင်ပြီး  နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကလိုအပ်ချက် သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း၊     တပ်မတော်က ချမှတ်ထားသည့်   ငြိမ်းချမ်းရေးမူဝါဒ  ၆  ရပ်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို   ရှေးရှုလျက်ရှိသည်ဆိုသည်ကို  ပြောကြား လိုကြောင်း။
ဆက်လက်ကြိုးစားဆောင်ရွက်
ဒီမိုကရေစီ၏  အခြေခံအကျဆုံးအချက်သည် စည်းကမ်းလိုက်နာခြင်းနှင့်  ဥပဒေကို  တန်ဖိုးထားလေးစားခြင်းတို့ပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ ပြည်သူ လူထု၏  ပကတိလိုအပ်ချက်သည်  ဥပဒေနှင့်အညီ အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်စားသောက်ပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့်  ဘဝဖွံ့ဖြိုးတိုးတက် ရေးပင် ဖြစ်ကြောင်း၊ ထို့ကြောင့်  နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ  တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့်  ပြည်သူလူထု၏ ပကတိလိုအပ်ချက်ကို    ဖြည့်ဆည်းနိုင်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ခိုင်မာသည့် သန္နိဋ္ဌာန် စိတ်ဓာတ်ဖြင့် ဆက်လက်ကြိုးစားဆောင်ရွက်ကြရန် မဖြစ်မနေလိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်း ရေးကို မိမိတို့ တိုင်းရင်းသားအားလုံးကပင် မဖြစ် မနေ ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက်   တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး   သဘောတူစာချုပ် (Nationwide    Ceasefire    Agreement – NCA) ပါ  သဘောတူညီချက်များအတိုင်း   ဖြစ်နိုင်သမျှ အလေးထား    လုပ်ဆောင်သွားမည်ဖြစ်သည်ကို ပြောကြားလိုကြောင်း။
ယင်းစနစ်၏ အသက်ပင်ဖြစ်
ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရာတွင် တရား မျှတပြီး လွတ်လပ်သည့် အထွေထွေရွေးကောက်ပွဲ များသည်  ဒီမိုကရေစီစနစ် ရေရှည်တည်တံ့ ခိုင်မြဲ စေရေးအတွက်   အဓိကလိုအပ်ချက်ဖြစ်သကဲ့သို့ ယင်းစနစ်၏ အသက်ပင်ဖြစ်ကြောင်း၊ မိမိတို့ကဲ့သို့ ဒီမိုကရေစီတည်ဆောက်စ   နိုင်ငံမျိုးတွင်    ပိုပြီး အရေးကြီးကြောင်း၊ တိုင်းရင်းသားပြည်သူလူထုဆန္ဒ နှင့်အညီ လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို တပ်မတော်အနေဖြင့် လိုအပ်သည့်အခြေခံ မှစ၍   တည်ဆောက်ပေးခဲ့သည်မှာ   ဒီမိုကရေစီ လမ်းကြောင်း   အစိုးရနှစ်ဆက်တိုင်  လျှောက်လှမ်း ခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲများ၏ လွတ်လပ် မျှတမှုသည် ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲ အကြိုကာလ၊     ရွေးကောက်ပွဲကျင်းပစဉ်ကာလ နှင့် ရွေးကောက်ပွဲပြီးကာလဟူ၍  ကာလသုံးခုလုံး လွတ်လပ်မှသာ  လွတ်လပ်ပြီး   တရားမျှတသည့် ရွေးကောက်ပွဲဟု ခေါ်နိုင်ကြောင်း။
ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်သာဖြစ်
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ကာလများ၌ ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်သည့် မဲမသမာမှုများသည် တိုင်းပြည်အတွက် အရုပ်ဆိုး အကျည်းတန်ပြီး    ရှက်ဖွယ်ကောင်းသည့်   ဖြစ်စဉ် များဖြစ်သကဲ့သို့     ပြည်သူပြည်သားအားလုံးနှင့် နိုင်ငံတော်အပေါ်၌လည်း     ထိခိုက်နစ်နာမှုများ ရှိခဲ့သည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ မဲမသမာမှု များ ဖော်ထုတ်တွေ့ရှိခဲ့သည်ကို ဒီမိုကရေစီကျင့်စဉ် အရ ဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းမှု မလုပ်ဆောင် ဘဲ     အကြမ်းဖက်လမ်းစဉ်ကို     ရွေးချယ်ခြင်းသည် ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်သာဖြစ်ကြောင်း။ 
ဒီမိုကရေစီကို ချစ်မြတ်နိုး၊ တန်ဖိုးထားသူတိုင်း၊  မျိုးချစ်စိတ်ဓာတ်ရှိသူတိုင်း ယခုနိုင်ငံရေးဖြစ်ရပ်ကို နားလည်လက်ခံကြသော်လည်း ပြည်ပဩဇာခံများ နှင့် မျက်စိပိတ် နားပိတ်ထားသူများသည် ဖြစ်ရပ်မှန် ကို  လက်မခံနိုင်ဘဲ  အကြမ်းဖက်အဖျက်အမှောင့် လုပ်ရပ်များ   လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း၊ မဲမသမာမှုများမှတစ်ဆင့် ပေါ်ပေါက်လာသည့်CRPH၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်စည်းရုံးမှုကြောင့်  အချို့သောသူများ သည်  အသိဉာဏ်ပညာများ   ပျောက်ကွယ်သွားရ လောက်သည်အထိ ဝါဒမှိုင်းမိနေကြပြီး ပညာမဲ့လူများ ၏ လှုံ့ဆော်မှုနောက်သို့ မျက်ကန်းလမ်းလျှောက် သဖွယ်  အကြမ်းဖက်မှုများတွင်  ပါဝင်ဆောင်ရွက် နေကြခြင်းသည်  ၎င်းတို့၏အနာဂတ်ကို  ကိုယ်တိုင် တစ်စစီချေဖျက်နေခြင်းပင်ဖြစ်ကြောင်း။ 
အားပေးအားမြှောက် ပြုလုပ်နေ
အကြမ်းဖက်အဖွဲ့အစည်းများသည်     စာသင် ကျောင်းများ၊ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် အဆောက် အဦများ     မီးရှို့ခြင်း၊    မိုင်းထောင်ဖောက်ခွဲခြင်း၊ ပညာရေးဝန်ထမ်းများ၊   ပြည်သူ့ဝန်ထမ်းများကို ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊  ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုများကို နှောင့်ယှက်ဟန့်တားခြင်း၊ လုံခြုံရေး တပ်ဖွဲ့များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း သည်  တိုင်းပြည်ဖျက်နေခြင်းဖြစ်သဖြင့်  ပြည်သူ လူထုက အကြမ်းဖက်လုပ်ရပ်အဖြစ် နားလည်လက်ခံ ကြသော်လည်း ပြည်တွင်းမှ အစွန်းရောက်သူအချို့ နှင့်   အချို့နိုင်ငံများက  မျက်ကွယ်ပြုပြီး   အားပေး အားမြှောက် ပြုလုပ်နေကြကြောင်း။
ဆက်လက်ထိန်းသိမ်းဆောင်ရွက်
ဒီမိုကရေစီဆိုသည်မှာ    အများဆန္ဒနှင့်အညီ ဆောင်ရွက်ရသည်ဆိုသော်လည်း အများဆန္ဒသည် စစ်မှန်ပြီး  ရိုးသားသည့်   နိုင်ငံရေးဖြစ်ရန်  လိုအပ် ကြောင်း၊ ရိုးသားမှုမရှိသည့်နိုင်ငံရေးသည် စစ်မှန် သည့်   ဒီမိုကရေစီဟုပြောနိုင်ရန်   ခဲယဉ်းသည်ကို သတိချပ်စေလိုကြောင်း၊     မိမိတို့နိုင်ငံတော်သည် ပြည်သူများ၏    ဆန္ဒနှင့်အညီရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်း နေသည်ဖြစ်သည့်အတွက်   တပ်မတော်အနေဖြင့် လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခိုင်ခိုင်မာမာ ဖြစ်တည်ရေး ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊     ထိုကဲ့သို့     တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းနိုင်ရေးအတွက် နိုင်ငံရေးအရ တည်ငြိမ် ရန်လိုအပ်သကဲ့သို့   လုံခြုံရေးအရလည်း   တည်ငြိမ် နေရန်လိုအပ်ကြောင်း။
 ကြိုးစားအားထုတ်မှုများနှင့် ပေါင်းစပ်
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် တပ်မတော်၏  အဓိကတာဝန်သည်  နိုင်ငံတော်၏ အချုပ်အခြာအာဏာမဆုံးရှုံးစေရေး၊ နိုင်ငံတော်၏ အကျိုးစီးပွားနှင့် နိုင်ငံသူ၊ နိုင်ငံသားများကို ကာကွယ် ရေးဖြစ်သည်ကို ပြောကြားလိုကြောင်း၊ နိုင်ငံတော်  တွင်    မည်သည့်နိုင်ငံရေးစနစ်   မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ        တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့်  အမျိုးသားရေး မူဝါဒဖြစ်သည့် ဒို့တာဝန်အရေး သုံးပါးကို ဆက်လက် ထိန်းသိမ်း    ကာကွယ်သွားကြရမည်ဖြစ်ကြောင်း၊ ပေးအပ်လာသည့်     ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်ရာတွင် အထက်က ယုံကြည်အားထား ရပြီး    လက်အောက်က   လေးစားအားကိုးရသည့် အရာရှိကောင်းများဖြစ်ရန်၊      ပြည်သူက   ယုံကြည် အားကိုးရသည့် အရာရှိကောင်းများဖြစ်ရန် ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သင်ကြားပေး လိုက်သည့်      အသိပညာအတတ်ပညာရပ်များကို မိမိတို့၏    တွေးခေါ်မြော်မြင်တတ်မှု၊     ကြိုးစား အားထုတ်မှုများနှင့် ပေါင်းစပ်ပြီး မိမိကိုယ်ကို အမြဲ  တိုးတက်မြင့်မားစေရန်    ကြိုးစားဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊    ခေါင်းဆောင်တစ်ဦးတွင် ရှိရမည့်  အရည်အသွေးများ   ပြည့်ဝစေရန်အတွက် ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆) ရပ်နှင့်အညီ  တိကျစွာ လိုက်ပါလုပ်ဆောင်ပြီး  လက်တွေ့နယ်ပယ်အတွေ့အကြုံများနှင့်     ပေါင်းစပ်ဆောင်ရွက်သွားကြရန် လိုကြောင်း၊     နိုင်ငံတော်အား    ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရန်အတွက် ပေးအပ်လာ မည့်တာဝန်များအပေါ်    တိတိကျကျ    လိုက်နာ ဆောင်ရွက်ပြီး မိမိတတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုမပြိုကွဲ ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ    တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးမူဝါဒအဖြစ် ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်နှင့် တပ်မတော်အပေါ် သက်စွန့်ကြိုးပမ်း  ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။
ပြန်လည်ထွက်ခွာ
ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။
ဂုဏ်ပြုအမှာစကားပြောကြား
စစ်ရေးပြအခမ်းအနားအပြီးတွင်    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး  မဟာသရေစည်သူ မင်းအောင်လှိုင် သည် စစ်တက္ကသိုလ်ကျောင်းဌာနချုပ် ဧည့်ခန်းမ၌    ထူးချွန်ဆုရရှိကြသည့်   ဗိုလ်လောင်း ငါးဦးကိုတွေ့ဆုံ၍  ဂုဏ်ပြုအမှာစကား ပြောကြား သည်။
ထူးခြားမှုတစ်ခုပင်ဖြစ်
ဂုဏ်ပြုအမှာစကားပြောကြားရာတွင် သင်တန်း တက်ရောက်ရသည့် လေးနှစ်တာကာလတစ်လျှောက် လုံး စာပေပညာ၊ စစ်ပညာတို့တွင် ကြိုးစားအားထုတ် ခဲ့မှု၊  စည်းကမ်းကောင်းမွန်မှုတို့ကြောင့် ယခုကဲ့သို့ ထူးချွန်ဆုများ   ရရှိခဲ့ကြခြင်းဖြစ်ကြောင်း၊  မိမိဘဝ တိုးတက်မှုရှိစေရေး  ကြိုးစားအားထုတ်နိုင်မှု၊ မိမိ ကိုယ်ကို   ထိန်းသိမ်းနိုင်မှု၊   စည်းကမ်းကောင်းမွန်မှု စသည့်      အခြေခံအလေ့အကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး     ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ် ဆက်လက်ကြိုးစား အားထုတ်သွား ကြရမည်ဖြစ်ကြောင်း၊ ယခုဗိုလ်လောင်းအမှတ်စဉ် တတိယနှစ်နှင့်   နောက်ဆုံးနှစ်တို့တွင်  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့သဖြင့် သင်တန်းကာလ နှစ်နှစ်သည် တစ်နှစ်ပတ်လုံး   တပ်ပြင်ထွက်ခွင့်မရရှိဘဲ   စာပေ ပညာ၊ စစ်ပညာများကို ပိုမိုလေ့လာလေ့ကျင့်ခဲ့သည် မှာ ထူးခြားမှုတစ်ခုပင်ဖြစ်ကြောင်း။
လေ့ကျင့်မွေးထုတ်ပေးခဲ့ခြင်းဖြစ်
ထူးချွန်ဆုရ ဗိုလ်လောင်းများ၏ မိဘများသည် တောင်သူလယ်သမားများ၊  သာမန် အခြေခံမိသားစု များပင်ဖြစ်သည်ကို တွေ့ရှိရပြီး ယခုကဲ့သို့ ထူးချွန် ထက်မြက်သူများ ဖြစ်လာစေရေး ငယ်စဉ်ကတည်းက ပင် ကျွေးမွေးပြုစုပျိုးထောင်ပေးခဲ့သည့် မိဘများ၏ ကျေးဇူးကို သိတတ်ရန်နှင့် ကျေးဇူးဆပ်ရန် လိုအပ် မည်ဖြစ်ကြောင်း၊   ထို့အတူ   ဗိုလ်လောင်းသင်တန်း လေးနှစ်တာ     ကာလအတွင်း       တပ်မတော်၏ ခေါင်းဆောင်ငယ်များ  ဖြစ်လာစေရေး  လေ့ကျင့် မွေးထုတ်ပေးခဲ့သည့်     တပ်မတော်နှင့်      အမိ စစ်တက္ကသိုလ်၏   ကျေးဇူးကိုလည်း   မမေ့ရန်လို ကြောင်း၊   နိုင်ငံတော်နှင့်   တပ်မတော်က  နောင် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်လာ စေရန် ရည်မှန်းပြီး လေ့ကျင့်မွေးထုတ်ပေးခဲ့ခြင်းဖြစ် သည့်အတွက် သင်ကြားပေးလိုက်သည့် ပညာများ၊ အခြေခံကောင်းများဖြင့်    တာဝန်ကို    သစ္စာရှိရှိ ကြိုးစားအားထုတ်ဆောင်ရွက်ခြင်း၊  မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေထိုင်ခြင်းဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏   ကျေးဇူးကို    ဆပ်ရာရောက်မည် ဖြစ်ကြောင်း၊  စစ်သားကောင်းတစ်ယောက်   ပီသ စွာ   နေထိုင်ကျင့်ကြံရမည်ဖြစ်ပြီး   နိုင်ငံတော်နှင့် တပ်မတော်၏ တာဝန်များကို ထမ်းဆောင်လျက် ရှိကြသည့်  နောင်တော်  ကျောင်းဆင်းအရာရှိများ၊ စစ်သည်များထံမှလည်း  ကောင်းမွန်သည့် အတွေ့ အကြုံကောင်းများကို    လက်ဆင့်ကမ်း    သင်ယူ ကြရန်လိုကြောင်း၊   မိမိတို့၏   ရည်မှန်းချက်များ အောင်မြင်စေရေး၊ မိသားစုများ၏  မျှော်မှန်းချက် များ  ဖြစ်ပေါ်လာစေရေး   မိမိကိုယ်ကို   ထိန်းသိမ်း ပြီး   မိမိဘဝကို   မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း။
အမြဲမပြတ် ဖတ်ရှုလေ့လာမှတ်သား
ကမ္ဘာကြီးသည် လျင်မြန်စွာ ပြောင်းလဲတိုးတက် လျက်ရှိသဖြင့် ခေတ်နှင့်အမီလိုက်နိုင်ရေး၊ နည်းပညာ ပိုင်းဆိုင်ရာများတွင်   နောက်ကျမကျန်ခဲ့စေရေးတို့ အတွက် သိသင့်သိထိုက်သည် မှန်သမျှကို အမြဲမပြတ် ဖတ်ရှုလေ့လာမှတ်သားနေရမည်ဖြစ်ကြောင်း၊ ယခု ကျောင်းတော်ကြီးမှ သင်ကြားလေ့ကျင့်ပေးလိုက် သည့်    အခြေခံကောင်းများ၊   ကောင်းမွန်သည့် အလေ့အကျင့်များကို အသုံးချပြီး ဘဝတစ်လျှောက် လုံးတွင်  နိုင်ငံတော်၊   တပ်မတော်နှင့်   မိသားစုက ဂုဏ်ယူအားထားကြရသူများ ဖြစ်လာအောင် သစ္စာ ရှိစွာဖြင့်    ကြိုးစားအားထုတ်သွားကြရမည်ဖြစ် ကြောင်းဖြင့်    အမှာစကား    ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်