နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံ RIA သတင်းဌာနမှ သိရှိလိုသည်များအား လက်ခံဖြေကြား

(ယမန်နေ့မှအဆက်)
မေး။    ။    အခုအသစ်ဖွဲ့လိုက်တဲ့  UEC  
            အနေနဲ့ စုံစမ်းမှုတွေပြုလုပ်ပြီး မှသာ ရွေးကောက်ပွဲကို ကျင်းပလို့ရမယ် လို့    နားလည်ထားပါတယ်။  ဒီလို သန်းဆယ်ချီပြီး   မှားယွင်းနေမှုကို စစ်ဆေးမှုဟာ    အချိန်ဘယ်လောက် ကြာနိုင်ပါသလဲ။ ဘယ်အချိန်လောက် ပြီးမယ်လို့ ခန့်မှန်းထားပါသလဲ။ 
ဖြေ။        ။    ကျွန်တော်တို့      တော်တော် 
            များများတော့ပြီးနေပြီ။  ၉၀ ရာခိုင်နှုန်းလောက် စစ်ဆေးတာပြီးသွား ပါပြီ။ ကျွန်တော်တို့ လာမယ့် ဇူလိုင်လ နောက်ဆုံးအပတ် သို့မဟုတ် ဩဂုတ် ပထမပတ်ထဲမှာ ကျွန်တော်တို့အနေနဲ့ အဲဒါကို တရားဝင်ရှင်းလင်းဖို့ရှိပါတယ်။
မေး။    ။    မဖြစ်မနေ    လုပ်ငန်းစဉ်တွေ 
            အားလုံးပြီးသွားလို့ ရွေးကောက် ပွဲကျင်းပဖို့ အဆင်သင့်ဖြစ်တဲ့အချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေ အားလုံးအနေနဲ့    ဒီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသလား။
ဖြေ။        ။    ပြိုင်နိုင်ပါတယ်။ ပြိုင်ခွင့်ရှိတာ 
            ပေါ့။ ဒါပေမဲ့ သူက သတ်မှတ် တဲ့စည်းကမ်းတွေရှိတယ်။ ဥပမာအား ဖြင့်   မဲဆန္ဒနယ်ဘယ်နှခု  ဝင်ရောက် ယှဉ်ပြိုင်ရမယ်တို့   ဒါတွေလည်းရှိပါ တယ်။ အဲဒီလို စည်းကမ်းနဲ့ကိုက်ညီ မယ်ဆိုရင်တော့ အားလုံးယှဉ်ပြိုင်ခွင့် ရှိပါတယ်။
    တစ်ခုရှိတာပေါ့ဗျာ၊   အဲဒါဘာလဲ ဆိုရင်      ပါတီများ  ဖွဲ့စည်းခြင်းနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။   ဒါတွေနဲ့လည်း  ကိုက်ညီဖို့ လိုအပ်ပါတယ်။ ဖွဲ့စည်းမှုနဲ့ ပတ်သက် တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီ ဖို့လိုတယ်။  ပြီးရင်   ရွေးကောက်ပွဲ ဝင်နိုင်မယ့်    စည်းမျဉ်းစည်းကမ်းတွေ ကိုက်ညီဖို့လိုတယ်၊ ဒီနှစ်ခုနဲ့ ပြည့်စုံတဲ့ ဘယ်နိုင်ငံရေးပါတီတွေမဆို ယှဉ်ပြိုင် ခွင့်ရှိပါတယ်။


အကြမ်းဖက်မှုကတော့   ပထမ ဦးဆုံး ရိုးရိုးဆန္ဒပြတာကနေပြီးတော့ နောက်ပိုင်းမှာ ဒီလို ဆန္ဒပြတာတွေက နေတစ်ဆင့်တက်လာပြီး အကြမ်းဖက် မှုတွေ ရှိနေတယ်။  ဒါပေမဲ့  အခုတော့ အကြမ်းဖက်မှုတွေက အရင်လို မများ တော့ဘူး။ တော်တော်တော့ ကျသွားပါ ပြီ။    လက်လုပ်ဗုံးတွေနဲ့   ပစ်ခတ် တိုက်ခိုက်တာတို့၊ လူတွေချောင်းမြောင်း ပစ်ခတ်တာတို့ ဒီလို အနည်းအကျဉ်း တော့ရှိပါတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူတွေ အကြောက်တရားတွေဖြစ် အောင်၊ နောက်တစ်ခါ နိုင်ငံတော်အစိုးရ အနေနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်း ကို ထိထိရောက်ရောက် မဆောင်ရွက် နိုင်ဘူးဆိုတာကို နိုင်ငံတကာမှာ ပုံရိပ် တစ်ခုပျက်ပြားအောင်၊ နိုင်ငံတကာရဲ့ ပုံရိပ်မှာ  ကျွန်တော်တို့ရဲ့  အနေအထိုင် ပျက်ပြားအောင်       ဆောင်ရွက်တာ ဖြစ်နိုင်ပါတယ်။ 
နောက်တစ်ခုကတော့ သူတို့ ဒီလို လုပ်ပြီးတော့၊   ဒီလိုလုပ်ခြင်းအားဖြင့် သူတို့အပေါ် တစ်ဖက်က အားပေးတဲ့သူ တွေ   စိတ်ဓာတ်တက်ကြွပြီး ဒီထက်ပိုမို အရှိန်ပြင်းပြင်း    လုပ်ဆောင်နိုင်အောင် လုပ်နိုင်တဲ့ ရည်ရွယ်ချက်လည်း ရှိနိုင်ပါ တယ်။ ဒါပေမဲ့ အများပြည်သူက လက်မခံ ဘူး၊ အကြမ်းဖက်မှုကို ဘယ်သူမှ လက်မခံ ဘူး၊ တော်တော်များများတော့ အခုနှိမ်နင်း ဆောင်ရွက်နိုင်တာတော့ရှိတယ်။ 


သူတို့   မျှော်လင့်ထားတာကတော့  ဒီအကြမ်းဖက်မှုတွေက အရှိန်ပြင်းထန် လာလိမ့်မယ်လို့   မျှော်လင့်ထားတာပဲ။ ပြင်းထန်လာလို့ရှိရင်   ကျွန်တော်တို့ရဲ့ တုံ့ပြန်ချက်ကလည်း ပြင်းထန်လာလိမ့် မယ်။ ပြင်းထန်လာလို့ရှိရင် နိုင်ငံတကာက ဝင်ရောက်စွက်ဖက်ဖို့ အခွင့်အရေးတွေက သူတို့ မျှော်မှန်းနိုင်တဲ့အခြေအနေမျိုးမှာ ပိုရောက်သွားမယ်။  ဒါပေမဲ့   သူတို့ ဒီလို အခြေအနေမျိုးလုံးဝရောက်ဖို့ ဘယ်သူမှ မရှိနိုင်ဘူး။    ဒါကတော့   အမြင့်ဆုံး ကျွန်တော်တွက်ကြည့်တာပါ။ ဒီလိုတော့ မှန်းလို့ရပါတယ်။ 
မေး။    ။    ဒီလိုမျိုး  အကြမ်းဖက်မှုတွေကို 
            ထောက်ခံတဲ့သူတွေ ပေါ်ပေါက် လာအောင်      လုပ်ဆောင်နေတယ်လို့ ပြောတဲ့အချိန်မှာ ထောက်ခံသူတွေအနေနဲ့ နိုင်ငံရေးအရ ထောက်ခံသူကို ဆိုလိုတာ လား။ ဒါမှမဟုတ် ငွေရေးကြေးရေးအရ ထောက်ခံသူကို ဆိုလိုတာလား။ 
ဖြေ။        ။    နိုင်ငံရေးအရထောက်ခံသူတွေရဲ့ 
            ဦးဆောင်မှုနဲ့       ငွေကြေးနဲ့ လိုက်လုပ်နေတဲ့သူတွေ   ပိုများတာပေါ့။ ဦးဆောင်တဲ့သူတွေကတော့      နိုင်ငံရေး အရ  ဆန့်ကျင်တဲ့သူတွေ ဦးဆောင်တာ ရှိတယ်။ သူတို့ရဲ့ ငွေကြေးတွေနဲ့ ခိုင်းတဲ့ အခါ ငွေကြေးရတဲ့သူတွေက လိုက်လုပ် ကြတာပေါ့။ အဲဒီတော့ သူတို့က နိုင်ငံရေး အရတော့မဟုတ်ဘူး။   ပိုက်ဆံကြောင့် လုပ်တာ၊ ဦးဆောင်တဲ့သူတွေကတော့ နိုင်ငံရေးအရ  ဦးဆောင်တဲ့သူတွေပါ။ ဒါပေမဲ့ သူတို့မလုပ်ရဲဘူး။ ဦးဆောင်တဲ့ သူတွေကတော့ အကြမ်းဖက်မှုမလုပ်ရဲ ဘူး။ သူတို့က ပိုက်ဆံပေးခိုင်းတာ။


မေး။    ။ ကမ္ဘာမှာ  အခုလက်ရှိရှိတဲ့ ကမ္ဘာ့ 
            နိုင်ငံရေး   အသိုင်းအဝိုင်းထဲကနေ မှ ဒီနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ရော  ဒီအရှေ့တောင် အာရှဒေသအတွင်းမှာရှိတဲ့ နိုင်ငံတကာ  အဖွဲ့အစည်းတွေအနေနဲ့ပါ  မြန်မာနိုင်ငံရဲ့အခြေအနေ     တည်ငြိမ် အေးချမ်းဖို့ ဘယ်လိုအကူအညီမျိုးတွေ   ပေးနိုင်ပါသလဲ။   ဘယ်လိုအကူအညီမျိုး တွေဆိုရင်  မြန်မာနိုင်ငံအနေနဲ့  လက်ခံ ဆောင်ရွက်ပေးဖို့ရှိပါသလဲ။
ဖြေ။        ။    နံပါတ်တစ်အချက်ကတော့ဗျာ။ 
            မြန်မာနိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေး မှုကိုတော့ နားလည်ဖို့လိုတယ်။ နိုင်ငံရေး နဲ့ပတ်သက်တဲ့   ယဉ်ကျေးမှုနားလည်ဖို့ လိုတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ ဥပဒေကို  နားလည်ဖို့လိုတယ်။  မြန်မာ နိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွေ ကို နားလည်ဖို့လိုတယ်။ ဒီလိုနားလည်ပြီး တော့မှ  ဦးဆောင်မယ်ဆိုရင်  ပိုပြီးအကျိုး ရှိလိမ့်မယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ 
ဒါတွေကို နားမလည်ဘဲ သူတို့လိုချင် ရာကိုဆွဲပြီးတော့   ရရှိတဲ့သတင်းတွေ၊ နံပါတ် တစ်အချက်  ရရှိတဲ့သတင်းပေါ် မူတည်ပြီး သူတို့လိုချင်ရာ ကောက်ချက် ချတာ၊       ရရှိတဲ့သတင်းတွေကလည်း ဒီအနောက်နိုင်ငံ   အဖွဲ့အစည်းတွေကျ တော့ သူတို့ရဲ့ လိုချင်တဲ့ပုံစံကို သွားနိုင်ဖို့ သူတို့ကလုပ်တာပါ။ အဲဒီအပေါ်မှာမူတည် ပြီး သတင်းတွေတင်တဲ့အခါ ဒီအပေါ်မှာ ရရှိတဲ့နိုင်ငံတွေကလည်း   ဒီအပေါ်မှာပဲ Analyze လုပ်ပြီးတော့ ပြောကြတာပါ။ ဒါပေမဲ့ ပကတိအချိန်တွေမှာတော့ ကွဲပြား ခြားနားတာရှိပါတယ်။ 
မြန်မာနိုင်ငံရဲ့  ပြည်တွင်း  ပကတိ အချိန်တွေကို သိဖို့လိုအပ်ပါတယ်။ အဲဒီလို ဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့ သိပ်ကောင်း တယ်။    ကျွန်တော်တို့လည်း   နိုင်ငံ တစ်နိုင်ငံဆိုတာ၊    ကျွန်တော်တို့  နိုင်ငံ ပြည်တွင်းရေးဆိုတာ   ဟုတ်ပါတယ်။ သို့သော်လည်းပဲ တစ်ဖက် နိုင်ငံတကာ ကနေပြီးတော့ ပူးပေါင်းဆောင်ရွက်လို့ ရတဲ့ နယ်ပယ်တွေမှာ ရှိကောင်းရှိနိုင်ပါ တယ်။ ဥပမာ အကောင်းဘက်ကနေ အပြု သဘောဆောင်တဲ့ ဆောင်ရွက်မှုမျိုးဆိုရင် ကျွန်တော်တို့အနေနဲ့ မလုပ်နိုင်စရာ မရှိပါ ဘူး။ 


နိုင်ငံတကာမှာ ကျွန်တော်တို့ အထီး ကျန်လို့မရဘူး။   ပူးပေါင်းဆောင်ရွက်မှု တွေကို   ဘယ်လိုပဲဖြစ်ဖြစ် လုပ်ရမှာပါ။ အခု    ကျွန်တော်တို့   ရုရှားနဲ့ပူးပေါင်း ဆောင်ရွက်မှုရှိတယ်။ တရုတ်နဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ အိမ်နီးနားချင်း နိုင်ငံတွေနဲ့       ဆက်ဆံမှုတွေရှိတယ်။ အကုန်ရှိပါတယ်၊ နိုင်ငံတွေ အကုန်လုံး ဆက်ဆံမှုတွေရှိတယ်၊ ဒါအရေးကြီးတာမို့ နားလည်ဖို့လိုတယ်။ 


မေး။    ။    အဆွေတော်   ဗိုလ်ချုပ်မှူးကြီး 
            ဖြေကြားသွားတဲ့အထဲမှာ ရုရှား နိုင်ငံနဲ့ လက်ရှိမှာ ပူးပေါင်းဆောင်ရွက်မှု တွေပြုလုပ်နေပါတယ်။    တရုတ်နိုင်ငံနဲ့ လည်း ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်လို့   ဖြေကြားသွားပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ အခု မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှု တည်ဆောက်ရေး အတွက် ဒီမိတ်ဖက်နိုင်ငံ နှစ်နိုင်ငံက ကူညီ ဆောင်ရွက်ပေးနေတာတွေ   ရှိပါတယ်။ ဘယ်လိုအကူအညီ အစီအစဉ်ရှိပါသလဲ။ 
ဖြေ။        ။    ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေ 
            ကတော့ ရှိတယ်ဗျ။ မြန်မာနိုင်ငံ ရဲ့ အခြေအနေအမှန်ကို သူတို့သိအောင် ကြိုးစားပြီးတော့ နိုင်ငံတကာမျက်နှာစာ တွေမှာ    သူတို့က  ကျွန်တော်တို့ရဲ့ နိုင်ငံရေးအခြေအနေကို      သိအောင် ပြန်ပြီးတော့မှ ဆောင်ရွက်ပေးတာတွေ ဟာ သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုတွေပါ။ 
မေး။    ။    မြန်မာနိုင်ငံ    အကြောင်းကို 
            ကျွန်တော်တို့    မေးမြန်းတဲ့ အချိန်မှာ     အခုလက်ရှိကာလကြီးမှာ မဖြစ်မနေမေးရမယ့် မေးခွန်းလေးတစ်ခု ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါအန္တရာယ်နဲ့  ရင်ဆိုင် နေရတဲ့အချိန် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉    ကာကွယ်   ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့  ဆောင်ရွက်မှုတွေ အလျင်မီပါသလား။  ဘယ်လို  အခက် အခဲတွေ၊   ဘယ်လိုအောင်မြင်မှုတွေ ရှိတယ်ဆိုတာ သိချင်ပါတယ်။
ဖြေ။        ။    ကိုဗစ်-၁၉ ရောဂါ     စဖြစ်တဲ့ 
            ပထမလှိုင်းပေါ့ဗျာ။   ပထမ လှိုင်းဖြစ်တဲ့အချိန်မှာတော့ သိပ်မများ ဘူး။    ဒုတိယလှိုင်းဖြစ်တဲ့အချိန်မှာ တော့    ကျွန်တော်တို့    တော်တော် လေးများသွားတယ်။    ကျွန်တော်တို့ ဒါကိုလည်း ပြန်ထိန်းနိုင်ပါတယ်။ အဲဒီ အချိန်မှာ     ကိုဗစ်ကာကွယ်ဆေးတွေ ပေါ်လာတော့ ကျွန်တော်တို့ ကာကွယ် ဆေးထိုးနိုင်ဖို့ လုပ်တယ်။ ပထမဦးက အိန္ဒိယနိုင်ငံကနေ၊ နောက်ကျ အိန္ဒိယ နိုင်ငံကနေ       အကြောင်းအမျိုးမျိုး ကြောင့်၊ သူတို့ရဲ့ ပြည်တွင်းရေးမှာရှိနိုင် တဲ့ အခက်အခဲတွေကြောင့်   သူတို့ရဲ့ ကာကွယ်ဆေးတွေ   ကျွန်တော်တို့ကို ရောင်းချမှုတွေ ခဏတော့ ရပ်ဆိုင်းထား တာပေါ့။


အဲဒီအချိန်မှာ     ရုရှားနိုင်ငံက ထုတ်တဲ့     ကာကွယ်ဆေး    လက်ခံရရှိ တဲ့အချိန်၊  အခု   ကျွန်တော်တို့ဆီမှာ စမ်းသပ်        သုံးစွဲပြီးလည်းဖြစ်တယ်။ 
P စာမျက်နှာ ၄ မှ
နောက်ထပ်လည်း    ရုရှားနိုင်ငံကနေ ထပ်ပြီး      တိုးချဲ့ဝယ်ယူဖို့အတွက် ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးနေတာ ရှိပါတယ်။ ထို့အတူပဲ တရုတ်နိုင်ငံကနေ ပြီးတော့ ကျွန်တော်တို့ နိုင်ငံအတွက် ကာကွယ်ဆေးတွေ ပေးပို့ခဲ့တာရှိတယ်။ ဒါကိုလည်း    ကျွန်တော်တို့  သုံးစွဲပြီး ဖြစ်ပါတယ်။    ဆက်လက်ပြီးတော့ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။
တတိယလှိုင်းကတော့   ရံဖန်ရံခါ တော့ နည်းနည်းပြန်ဖြစ်တဲ့သဘော တော့  တွေ့တယ်။  တစ်နေ့ တစ်နေ့ တွေ့ရှိတဲ့ ရာခိုင်နှုန်းက ၁၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်လောက်ရှိတယ်။ နည်းနည်း  နည်းလာတဲ့ ရက်တွေရှိတယ်၊ များလာ တဲ့ရက်တွေလည်း ရှိတယ်။ သို့သော် တွေ့ရှိတဲ့ရက်၊ တွေ့ရှိတဲ့ပမာဏက တော့    ၁၀ ရာခိုင်နှုန်းပတ်ဝန်းကျင်  လောက်မှာ ရှိနေတဲ့အတွက်ကြောင့် အရင်ထက်စာရင် နည်းနည်းပိုများလာ တဲ့ သဘောရှိတယ်။
သို့သော် နိုင်ငံတကာမှာ ဖြစ်နေတဲ့ ဒီပြန့်ပွားမှုနှုန်းထက်စာရင် ကျွန်တော် တို့ နိုင်ငံမှာတော့ အများကြီးမဟုတ်သေး ပါဘူး။   ကျွန်တော်တို့ ကောင်းကောင်း မွန်မွန်   စည်းကမ်းတကျလိုက်နာမယ် ဆိုရင်   ထိန်းသိမ်းနိုင်တဲ့ အနေအထားရှိ တယ်လို့ ကျွန်တော်ပြောထားပါတယ်။ ဒါလည်းတတ်နိုင်သလောက် ကြိုးစားပြီး ဆောင်ရွက်ပေးနေပါတယ်။
မေး။    ။    ရုရှားနိုင်ငံက ကာကွယ်ဆေးကို 
            တင်သွင်းဖို့       ညှိနှိုင်းတာနဲ့ ပတ်သက်ပြီး    အရေအတွက်အားဖြင့် ဘယ်လောက်ဖြစ်နိုင်မလဲဆိုတာ သိပါရစေ။
ဖြေ။        ။    လောလောဆယ် ကျွန်တော်တို့ 
            နှစ်သန်းဝယ်ဖို့လုပ်ထားတယ်၊ နောက်တော့လည်း     ခုနစ်သန်းဝယ်ဖို့ တစ်ဖက်ကနေ   စီစဉ်နေတာရှိပါတယ်၊ ဒါကလည်း ညှိနှိုင်းဆဲဖြစ်ပါတယ်။ ဒီဘက် ကလည်း   ပို့နိုင်တဲ့အခြေအနေအပေါ် မူတည်ပြီးတော့ ကျွန်တော်တို့က တွက်ချက် ပြီး စောင့်ရတာဖြစ်ပါတယ်။ ရုရှားနိုင်ငံက တစ်ကမ္ဘာလုံးကို     ဖြန့်နေရတဲ့အတွက် ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ လိုအပ်ချက် ကို   တစ်ပြိုင်နက်တည်း  မပေးနိုင်ဘူး ဆိုတာ သိရှိထားရမှာဖြစ်ပါတယ်။ 
မေး။    ။    ရုရှားနိုင်ငံမှာ တရားဝင်ခွင့်ပြု 
            ထားတဲ့  ကာကွယ်ဆေး(၃)မျိုး ရှိပါတယ်။ အဲဒီထဲမှာ Sputnik V တစ်မျိုး ကိုပဲ စိတ်ဝင်စားဖို့ရှိတာပါလား။
ဖြေ။        ။    Sputnik V ရယ်၊    Sputnik Light ရယ် နှစ်မျိုးရှိပါတယ်။ 
မေး။        ။    အခု ဗိုလ်ချုပ်မှူးကြီးရဲ့    ရုရှား 
            နိုင်ငံခရီးစဉ်     အခုလို  မော်စကို မြို့ကို    ရောက်ရှိတုန်းမှာ   (၉)ကြိမ် မြောက်   နိုင်ငံတကာလုံခြုံရေးညီလာခံကို   တက်ရောက်ခဲ့တာအပြင် တခြား ဘာအစီ အစဉ်တွေ   ရှိခဲ့ပါသလဲ။ အကြမ်းဖျင်းလေး ပြောပြလို့ရရင် သိချင်ပါတယ်။ 
ဖြေ။        ။    ကျွန်တော့်အနေနဲ့      လုံခြုံရေး
            ကောင်စီ   အထွေထွေအတွင်း ရေးမှူးနဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့တယ်။  ကာကွယ်ရေးဝန်ကြီးနဲ့လည်း ဆွေးနွေးမှု လုပ်ခဲ့တယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်တက္ကသိုလ် ကျွန်တော်သွားပြီးတော့  ကျွန်တော့်ကို ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ပေးတုန်းက ကျွန်တော်လက်ခံခဲ့တယ်။ မော်စကိုမှာရှိတဲ့ အထင်ကရနေရာတချို့ ကို ကျွန်တော် ရောက်ခဲ့တယ်။ ပြီးတော့ တခြားနေရာ တချို့ကို ကျွန်တော် သွားဖို့ ရှိပါတယ်။ နောက်တစ်ခုက မော်စကိုမှာ ရှိတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာကျောင်းကို လည်း ကျွန်တော်သွားခဲ့တယ်။ အဲဒီမှာ လည်း   သိမ်ရေစက်ချတာလုပ်ခဲ့ပါတယ်။ ဒါကတော့ မော်စကိုနဲ့ ရုရှားနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် ဘာပဲပြောပြော  အထောက်အကူရမယ့်   နေရာတစ်ခုလို့ ကျွန်တော် ပြောလိုပါတယ်။
မေး။    ။    နောက်ထပ် သွားရောက်လည် 
            ပတ်မယ့်မြို့တွေနဲ့ ပတ်သက်ပြီး တော့ သိလို့ရမလား။ ဘယ်မြို့တွေသွားဖို့ စီစဉ်ထားပါသလဲ။
ဖြေ။        ။    သေချာတာကတော့ ရုရှားနိုင်ငံ 
            ရဲ့   ထင်ရှားတဲ့မြို့တွေပါပဲ။  ကာရှန်ရယ်၊    လိုဗိုစီဗီရယ်  ကျွန်တော် သွားမယ်။ နာဗာစီဗီကိုလည်း ရောက်အောင် သွားပါမယ်။ အဲဒါလှပတဲ့မြို့လို့ ပြောကြ ပါတယ်။
မေး။    ။    ခရီးစဉ်ကတော့     ဆက်လက် 
            ပြီး     သွားရောက်ဦးမှာဖြစ်တဲ့ အတွက် မပြီးဆုံးသေးပါဘူး။ ဒါပေမဲ့ အခု ဒီနေ့အထိ          ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ခံစားရတဲ့ စိတ်ခံစားချက်ကို သိလိုပါတယ်။ 
ဖြေ။        ။    ကောင်းမွန်တဲ့   ခရီးစဉ်ပါပဲ။ 
            ဘာပဲ ပြောပြော   ကျွန်တော်တို့ လာရောက်ဆောင်ရွက်ခဲ့တဲ့        ကိစ္စ အားလုံး အောင်အောင်မြင်မြင်ရှိပါတယ် လို့ပဲ ပြောချင်ပါတယ်။
မေး။    ။    အခုလို အချိန်ပေးပြီး ဖြေကြား 
            ပေးတဲ့အတွက် ကျေးဇူးအများ ကြီးတင်ပါတယ်ဗျာ။
ဖြေ။        ။    ကောင်းပါပြီ၊ ဒီနေ့က ခင်ဗျား 
            တို့    RIA  သတင်းဌာနရဲ့ နှစ်(၈၀)ပြည့်နေ့လို့   သိထားရတယ်။ ဒီလို သတင်းတွေ   ကျော်ကြားတဲ့၊  ဒီလို နှစ်ပေါင်း(၈၀)ကြာအောင် အောင်အောင် မြင်မြင် ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက် ပြီး အထူးပဲ ချီးကျူးဂုဏ်ပြုကြောင်း ပြောလိုပါတယ်။ ဆက်လက်ပြီးလည်း ဒီထက်မက အောင်မြင်တိုးတက်ပါစေ လို့ ကျွန်တော် ဆုမွန်ကောင်းတောင်းပါ ရစေ။ အောင်မြင်ပါစေ။ 


မြဝတီ