နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံ RIA သတင်းဌာနမှ သိရှိလိုသည်များအား လက်ခံဖြေကြား

နေပြည်တော်    ဇွန်    ၂၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana အား  ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ   Metropol Hotel ၌ လက်ခံတွေ့ဆုံ၍ သိရှိလိုသည်များကို ဖြေကြားသည်။


အဆိုပါ မေးမြန်းမှုများနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ပါသည် - 

 

မေး။    အဆွေတော်    ဗိုလ်ချုပ်မှူးကြီး အနေနဲ့   ယခုလို     မော်စကိုကို 
international      security  conference ကို  လာရောက်တက်ရောက်တာဟာ ဆိုရင်   ဒါပထမအကြိမ်  မဟုတ်တော့ ပါဘူး။   ယခု   (၉)    ကြိမ်မြောက်   တက်ရောက်တဲ့ အချိန်မှာလည်း မနေ့က     အဆွေတော်ဗိုလ်ချုပ်မှူးကြီးရဲ့ ဆွေးနွေး ဟောပြောမှုမှာ  အာရှ-ပစိဖိတ်ဒေသရဲ့ လုံခြုံရေးနဲ့      ပတ်သက်ပြီးတော့   ဆွေးနွေး     ဟောပြောသွားခဲ့တာကို     တွေ့မြင်ခဲ့ကြရပါတယ်။ တကယ့်မြေပြင် မှာ   လုံခြုံရေးနဲ့    ပတ်သက်ပြီးတော့  ထပ်မံပြီး ဘယ်လိုအခြေအနေရှိတယ် ဆိုတာလေး     ထပ်လောင်းပြောကြား ပေးလို့ ရနိုင်ပါသလား။
ဖြေ။    ပထမဦးဆုံး    အနေနဲ့ပေါ့နော်။ အာရှ-ပစိဖိတ်     ဒေသကတော့ 
ဒုတိယကမ္ဘာစစ်ပြီး    နောက်ပိုင်းမှာ အင်မတန်ကို   ကမ္ဘာ့အင်အားကြီးနိုင်ငံ တွေ   စိတ်ဝင်စားလာတဲ့  နေရာတစ်ခု ဖြစ်တယ်။       ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းမှာ    ဒုတိယကမ္ဘာစစ်ကာလ တစ်လျှောက်      ပစိဖိတ်ဒေသနဲ့ အတ္တလန္တိတ်ဒေသဘက်၊     ဥရောပ စစ်မျက်နှာဘက်မှာ   ပိုပြီးတော့အရေး ပါလာတယ်။ အာရှအရှေ့ဖျားနဲ့ ဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်းကာလကျတော့ အာရှ-ပစိဖိတ်က ကမ္ဘာ့နိုင်ငံကြီး အားလုံး    စိတ်ဝင်စားလာခဲ့ကြတယ်။   ဒါကြောင့် လုံခြုံရေးနဲ့ပတ်သက်လို့ရှိရင် နိုင်ငံရေးနဲ့     ပတ်သက်တာဖြစ်ဖြစ်  လုပ်ဆောင်ချက် တိုင်းမှာ   သတိတော်တော်လေးထား ရမယ့်      အနေအထားဖြစ်တယ်ဆိုတာ   ကျွန်တော်ပြောချင်ပါတယ်။   ဥပမာ အားဖြင့် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေထဲမှာ   ဗီယက်နမ် စစ်ပွဲတစ်ခုရှိတယ်။ ဒါအရှေ့တောင်အာရှ ဒေသမှာ  ဖြစ်လာတဲ့   အာရှ-ပစိဖိတ် ဒေသရဲ့ Interst တစ်ခုဖြစ်တယ်။
မေး။    လက်ရှိ    မျက်မှောက်ခေတ် မှာတော့  လုံခြုံရေးနဲ့ပတ်သက်လို့ 
ရှိရင် ဘယ်လိုအန္တရာယ်တွေများ ရင်ဆိုင် နေရပါသလဲ။
ဖြေ။    အန္တရာယ်ကတော့ အမျိုးမျိုးပဲ။ အကြမ်းဖက်  တိုက်ခိုက်မှုတွေ 
လည်း   ရှိလာတယ်။   နောက်တစ်ခါ နိုင်ငံတွေအပေါ်မှာ  နိုင်ငံရေးအရသော် လည်းကောင်း၊  စီးပွားရေးအရသော်  လည်းကောင်း၊    နောက်တည်ငြိမ် အေးချမ်းရေးအတွက်    သော်လည်း ကောင်း၊ လွှမ်းခြုံမှုတွေ၊ ကြိုးစားမှုတွေ၊  ဒါတွေအများကြီး   တွေ့လာရတယ်။ ဒါတွေလည်း    အန္တရာယ်ရှိတယ်လို့ ကျွန်တော်ပြောလိုပါတယ်။
မေး။    အဆွေတော်    ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ဒီတစ်ခေါက် ရုရှားနိုင်ငံ 
ခရီးစဉ်မှာလည်း    ရုရှားဖက်ဒရေးရှင်း နိုင်ငံကာကွယ်ရေးဝန်ကြီး      Army General  Sergey  kuzhugetovich  Shoigu နဲ့  တွေ့ဆုံပြီးတော့   စစ်ဘက် နည်းပညာပူးပေါင်းဆောင်ရွက်ဖို့   ကဏ္ဍ  တွေမှာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။ ဒီလိုမျိုး   ဆွေးနွေးခဲ့ကြတဲ့ အချိန်မှာ  စစ်ဘက်နည်းပညာ  ပူးပေါင်း ဆောင်ရွက်မှုနဲ့       ပတ်သက်ပြီးတော့  မည်ကဲ့သို့သောကဏ္ဍသစ်တွေ ဆက်လက် ဆောင်ရွက်သွားဖို့ ရှိနေပါသလဲ။  ဘယ်လို သတင်းအသစ်များ ရှိနေပါသလဲ။
ဖြေ။    ကဏ္ဍတွေကတော့ အများကြီးဗျ။ လုပ်ရတဲ့ကဏ္ဍတွေက   အကျယ် 
ကြီး။ ဆွေးနွေးတဲ့ အကြောင်းအရာတွေ လည်း  အများကြီးရှိတယ်။  အဲဒီတော့ အသစ်ဆိုတာတော့ မဟုတ်ဘူး။ ကျွန်တော် တို့  လက်ရှိလုပ်ဆောင်နေတဲ့ဟာကိုပဲ တိုးချဲ့လုပ်ဆောင်ဖို့ပဲ   ကျွန်တော်တို့ ဆွေးနွေးတာတွေရှိတယ်။  အသစ်သွား ဖို့တော့  ကျွန်တော်တို့မရှိဘူး။   စလုပ် ကတည်းကကို    နယ်ပယ်ပေါင်းစုံက ကျယ်ပြန့်တယ်။ 
မေး။    ဘယ်လိုနယ်ပယ်တွေမှာ  ထပ်မံ ပြီးတော့   တိုးချဲ့သွားဖို့စီစဉ်ထား 
ပါသလဲ။
ဖြေ။    မနေ့ကဆိုရင်     လေကြောင်းရန် ကာကွယ်ရေးနဲ့      ပတ်သက်တာ 
ပေါ့နော်။ ဒါလေး ကျွန်တော်တို့ ဆွေးနွေး ဖြစ်ပါတယ်။ ထူးထူးခြားခြား  ဆွေးနွေး တယ်လို့   မဟုတ်ဘူး။   ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတကာကို  ဒုက္ခပေးနိုင်တာ က လေကြောင်းရန်နဲ့ပတ်သက်တာက ဒုက္ခပေးနိုင်တာ   အလားအလာတွေက အများကြီးရှိတယ်။ ဒါကြောင့် လေကြောင်း ရန်နဲ့   ကျွန်တော်တို့   မြန်မာနိုင်ငံက လေတပ်ဖွဲ့ဆိုတာ  အင်အားအင်မတန်ကို  ကြီးမားအောင်    လုပ်နိုင်ဖို့အတွက်    ဓန အင်အားကလည်း    ကျွန်တော်တို့မှာ မရှိဘူး။  မရှိတော့   Air   Defence  ကို ပိုပြီးတော့မှ ကျွန်တော်တို့ အဓိကထား တာပါ။ မနေ့က ကျွန်တော်တို့ ဆွေးနွေးတဲ့  အကြောင်းအရာထဲမှာ ပါပါတယ်။
မေး။    ရုရှားနိုင်ငံနဲ့    မြန်မာနိုင်ငံဆိုတာ ကလည်း      စစ်ဘက်နည်းပညာ    
ပူးပေါင်းဆောင်ရွက်ရေး တစ်ခုတည်းနဲ့ ရပ်တန့်နေမှာမဟုတ်တဲ့   မိတ်ဖက်နိုင်ငံ တွေ ဖြစ်ကြပါတယ်။ ဒီစစ်ဘက်နည်းပညာ  ပူးပေါင်းဆောင်ရွက်ရေးအပြင်   အခြား ဘယ်လိုကဏ္ဍတွေမှာ  ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားဖို့ စီစဉ်ထားပါသလဲ။
ဖြေ။    နယ်ပယ်ပေါင်းစုံရှိတယ်ဗျ။  ဥပမာ အားဖြင့် တပ်မတော်ရေတပ်ပိုင်း 
ဆိုင်ရာ    တိုးချဲ့ဆောင်ရွက်တာတို့၊  ဆက်သွယ်ရေးပိုင်းဆိုင်ရာ      တိုးချဲ့ ဆောင်ရွက်တာတို့၊ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာတို့  ဒါတွေလည်း ရှိပါတယ်။ အသေးစိတ်ပြောရမယ်ဆိုရင်  တော့  အများကြီးရှိတာပေါ့ဗျာ။  
မေး။    လက်ရှိ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးအခြေအနေနဲ့    ပတ်သက်တဲ့ 
မေးခွန်းလေးတစ်ခု     မေးခွင့်ပြုပါ။ လက်ရှိ    ကမ္ဘာ့သတင်းမီဒီယာတွေမှာ မြန်မာနိုင်ငံအကြောင်းကို ရေးသားနေကြ  တာဟာဆိုလို့ရှိရင်   မိမိတို့  ရုရှားနိုင်ငံ အနေနဲ့သိရှိထားတဲ့     မြန်မာနိုင်ငံမှာ တကယ့်ဖြစ်ပျက်နေတဲ့ အမှန်တရားတွေ နဲ့    အလွန်ကို   ကင်းကွာလွန်းပါတယ်။ ဘာကြောင့်များ ကမ္ဘာ့မီဒီယာတွေက ဒီလို  အမှန်တရားကိုမရေးဘဲနဲ့  ဆန့်ကျင်ဘက် ကိုပဲ  ရေးနေရတာလဲ။  ဒီအကြောင်းရင်း ကို အဆွေတော်ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ။    အဓိကကတော့    ကျွန်တော်တို့ လက်ရှိစီမံဆောင်ရွက်နေတဲ့  ကိစ္စ 
ရပ်တွေ   ပျက်ပြားစေလိုတဲ့စိတ်နဲ့   သူတို့ လိုလားတဲ့သူတွေ   နေရာရဖို့အတွက်ကို  ဆောင်ရွက်တဲ့      အနေအထားမျိုးလို့  ကျွန်တော်ကတော့ ယူဆတယ်။ 
မေး။    အနောက်နိုင်ငံတွေကို   ဆိုလိုတာ ပါလား။
ဖြေ။    မှန်ပါတယ်။
မေး။    အနောက်နိုင်ငံတွေအနေနဲ့ သတင်း မီဒီယာတွေမှာပဲ  ရေးသားနေတာ 
လား။ ဒါမှမဟုတ် သူတို့နိုင်ငံ သံတမန် ရေးအနေနဲ့  ဒီလိုမျိုး  သတင်းအမှားတွေထုတ်လွှင့်ပြောကြားနေကြတာမျိုး ရှိပါ သလား။
ဖြေ။    ရှိတာပေါ့။ အများကြီးရှိတာပေါ့။ လုပ်နေကြတာတွေ။   သံတမန် 
လောကကလည်း    လုပ်နေကြတယ်။ နောက်    ကုလသမဂ္ဂအမည်ခံထားတဲ့ အဖွဲ့အစည်းတွေလည်း လုပ်နေကြတာပဲ။ NGO၊ INGOအဖွဲ့တွေလည်း   လုပ်နေ ကြတာပဲ။    သတင်းမီဒီယာလောက ကလည်း လုပ်နေကြတာပဲ။ 


မေး။    ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာ 
တွေ့ရှိချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်     ဆိုတဲ့ ရာထူးမရှိပါဘူး။     ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ ပြီးခဲ့တဲ့ အစိုးရလက်ထက် မှာ          ဒေါ်အောင်ဆန်းစုကြည်ဟာ   ဖွဲ့စည်းပုံအခြေခံဥပဒေမှာ           မရှိတဲ့    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်   ရာထူးနဲ့ အချိန်အကြာကြီး  နိုင်ငံမှာ အာဏာတစ်ခု ကို ယူထားခဲ့ပါတယ်။  ဒီလိုမျိုး အခြေ အနေတွေက ဘာကြောင့်ဖြစ်ပေါ်လာတာ လဲ။ ဘာလို့  သူက  ဒီလိုမျိုး  စဉ်းစား ပြီးတော့ လုပ်ခဲ့တယ်လို့ထင်ပါသလဲ။
ဖြေ။    နိုင်ငံတော်အတိုင်ပင်ခံ ရာထူးမျိုး ဆိုတာကတော့      ကိုယ့်ဟာကို 
ဖန်တီးယူတဲ့ဟာမျိုးပါ။  ဥပဒေမှာတော့ ပုဒ်မတစ်ခုရှိတယ်။     အဖွဲ့အစည်း တစ်ခုခု     ဒါမှမဟုတ်   လူပုဂ္ဂိုလ် တစ်ယောက်ကို  တာဝန်ပေးနိုင်တယ် ဆိုတဲ့   ပုဒ်မတစ်ခုရှိတယ်။   အဲဒီပုဒ်မ အရသူတို့ပေးတာ။    သို့သော်လည်းပဲ လုပ်လို့ရတဲ့  လုပ်ပိုင်ခွင့်တွေရှိတယ်။ လုပ်ပိုင်ခွင့်တွေအရတော့ လုပ်နေကြတဲ့  ကျွန်တော်တို့မှာ အာဏာ (၃) ရပ်ရှိတာ ပေါ့။ တရားဥပဒေနဲ့ပတ်သက်တဲ့  ဥပဒေ ပြုရေးအာဏာရှိတယ်။    အုပ်ချုပ်ရေး အာဏာရှိတယ်။ နောက်တစ်ခါ တရား စီရင်ရေးအာဏာရှိတယ်။  ဥပဒေပြုရေး ရယ်၊  အုပ်ချုပ်ရေးရယ်၊  တရားစီရင်ရေး ရယ်။ ဒီအာဏာ (၃) ရပ်အပေါ် လွှမ်းခြုံ တဲ့ဟာမျိုးတော့ ဘယ်သူမှလုပ်လို့မရဘူး။  သူက အမြင့်ဆုံးပဲ။  သူက အမြင့်ဆုံးအဖွဲ့ အစည်းတွေပဲ။  ဒါကို   ဘယ်သူမှ ကျော်လွှားလို့မရဘူး။ ဥပဒေပြဋ္ဌာန်းတဲ့ အခါမှာ ဒီဟာကျော်လွှားပြီး  လုပ်ရတဲ့   ဥပဒေမျိုးပြဋ္ဌာန်းလို့တော့   ဘယ်လိုမှ လုပ်လို့မရဘူး။  ဒါပေမဲ့  ဒီပြဋ္ဌာန်း ထားတဲ့  ဥပဒေကို ကျော်လွန်ပြီးတော့ သူကလုပ်လို့ သူကဒီလိုဖြစ်လာတာ။  


အဲဒီမှာကျွန်တော်ပြောချင်တာက ကျွန်တော်တို့နိုင်ငံမှာ   ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၅၉   (စ)မှာ   ဖော်ပြထား တဲ့ဟာ  တစ်ခုရှိတယ်။   အဲဒါဘာလဲ ဆိုတော့ မြန်မာနိုင်ငံသားတစ်ယောက် ဟာ   နိုင်ငံခြားသားတစ်ယောက်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေနဲ့ပတ်သက် ပြီးတော့  သတ်မှတ်ထားတဲ့     ကန့်သတ် ချက်တွေဖြစ်တယ်။

 


သူက အဲဒီကန့်သတ်ချက်ထဲမှာ ငြိနေ တာရှိပါတယ်။   သူသည်   သမ္မတ ဖြစ်နိုင်ခွင့်     အရည်အချင်းထဲမှာ ငြိစွန်းနေတာ လုပ်လို့မရပါဘူး။ လုပ်လို့ မရတော့  သူက  အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုတဲ့ဥပဒေကို    ပြဋ္ဌာန်းပြီးတော့မှ ပြန်လုပ်လိုက်တာပေါ့။        ဒါပေမဲ့ နိုင်ငံတော်သမ္မတရဲ့    အရည်အချင်း သတ်မှတ်ချက်နဲ့    ဒုတိယသမ္မတ တစ်ယောက်ရဲ့         အရည်အချင်း သတ်မှတ်ချက်တွေမှာ     အစောက ပြောတဲ့ ၅၉(စ)နဲ့    ပတ်သက်တဲ့ဟာ တွေက  အကျုံးဝင်တဲ့သူ ဖြစ်တယ်။ သူ့ကို  ကျွန်တော်တို့က  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်ပြီး တဲ့အချိန်မှာ သူ့ရဲ့ Protocol တန်းစီ တဲ့အခါမှာ သမ္မတနဲ့ ဒုတိယသမ္မတ ကြားမှာရှိတယ်ဆိုပြီးတော့     သူက ထည့်လိုက်တာ။ ပြန်တမ်းနဲ့ထည့်ထား တာ။ ဒါဟာ အဲဒါဆိုရင်အလိုအလျောက် ခုန ၅၉(စ)နဲ့ပတ်သက်တဲ့သူ  အကျုံး ဝင်တဲ့လူပဲ ဖြစ်ရမယ်။ အဲဒါကို ဥပဒေ က ဘယ်လိုပဲရှိရှိ။  သူက ဒါကို ရှောင်ရှား ချင်လို့။     ဒါပေမဲ့   တကယ်တော့ ဥပဒေနဲ့ ငြိနေတယ်။ ဒီတစ်ချက်ကိုက မလွတ်ပါဘူး။   ပြန်ပြီးပြည့်စုံအောင်   ပြောရလို့ရှိရင်  ကျွန်တော်တို့ နိုင်ငံမှာ တော့ ဝါစဉ်စီတာရှိတယ်။  သမ္မတပြီးရင် ဒုတိယသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ။ ၂၅ ဆင့်ရှိတယ်။    နိုင်ငံတကာမှာလည်း ရှိတယ်။      ခင်ဗျားတို့နိုင်ငံမှာလည်း သမ္မတပြီးလို့ရှိရင် ဒုတိယတာဝန်အရှိဆုံး ဘယ်သူလဲ။  တတိယတာဝန်အရှိဆုံးသူ ဘယ်သူလဲ။ Protocol တွေ စီလိုက်တာ  ရှိတယ်။  တရားဝင်စာထုတ်ပေးတာပေါ့။ အဲဒီတော့ သူက တရားဝင်စာ နိုင်ငံတော် ပြန်တမ်းထုတ်ပြီးတော့    သမ္မတလက်မှတ် ထိုးထားတဲ့စာထဲမှာ   သူသည်  ဒုတိယ နေရာမှာ ဖော်ပြထားတယ်။  ဒါကြောင့် ကျွန်တော်တို့က ဒါဥပဒေနဲ့ ငြိတယ်လို့ ကျွန်တော်တို့  ပြောတာ။   သူမဖော်ပြ မထားဘဲနဲ့        စာမထုတ်ထားဘဲနဲ့  သူ့ဟာသူအပြင်မှာ    သက်သက်နေရင် ပြဿနာမရှိဘူး။  ဒီမှာစာနဲ့ တရားဝင်  ထုတ်ထားတာ။


မေး။    ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်


    သက်ပြီး     တရားစွဲဆိုမှုတွေ ရှိတယ်ဆိုတာ သိရပါတယ်။   သူမကို ဘယ်လိုပြစ်မှုမျိုးနဲ့   ဘယ်လိုပြစ်ဒဏ် ချမှတ်နိုင်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ပနိုင်ငံတွေက တောင်းဆိုမှုတွေ ရှိခဲ့ ပါသလား။ ရှိခဲ့တဲ့နိုင်ငံတွေနဲ့ တောင်းဆိုမှု တွေကို အနည်းငယ် ရှင်းပြပေးစေလို ပါတယ်။ 
ဖြေ။    ကျွန်တော်က     တရားသူကြီး 
    မဟုတ်တော့လည်း ခက်တယ် လေ ပြောရတာ။ အဲဒါ တရားရုံးကနေပြီး တော့  သူ့အပေါ်မှာ  စွပ်စွဲထားတဲ့အချက်တွေ အပေါ်မှာ  တရားသူကြီးက ဆင်ခြင်တုံ တရားနဲ့     စစ်ဆေးမေးမြန်းပြီးတော့ ဆုံးဖြတ်ဆောင်ရွက်ပါလိမ့်မယ်။ တရား စွဲတဲ့အဖွဲ့စည်းတွေကတော့ သူတို့တွေ့ရှိ ချက်အပေါ်  မူတည်ပြီးတော့  သူ့အပေါ် မှာ   တရားစွဲမှုလုပ်ခဲ့တာပေါ့။   ဒါပေမဲ့ တရားသူကြီးကနေ သူစစ်ဆေးမေးမြန်း ပြီးတော့မှ  စဉ်းစားဆုံးဖြတ်ပါလိမ့်မယ်။
မေး။    နိုင်ငံတော်       စီမံအုပ်ချုပ်ရေး 
    ကောင်စီအစိုးရအနေနဲ့ အစပိုင်း မှာတော့   ရွေးကောက်ပွဲကို   တစ်နှစ် အတွင်း   ပြန်လည်ကျင်းပပေးမယ်လို့  ပြောပါတယ်။  မကြာသေးခင်အချိန်က  ဗိုလ်ချုပ်မှူးကြီး    ပြောသွားတဲ့အထဲမှာ ၂ နှစ်အတွင်းမှာ ပြန်လည်ကျင်းပပေး မယ်လို့ ပြောပါတယ်။      အဲ့ဒီအကြောင်း အရာနဲ့ပတ်သက်လို့ အနည်းငယ် ရှင်းပြ ပေးစေလိုပါတယ်။


ဖြေ။    ရွေးကောက်ပွဲရလဒ်တွေ  စိစစ် 
    တာကတော့ ကျွန်တော်တို့က ပထမဆုံး  တပ်မတော်က  စစ်ပြီးတော့ ကြေညာလိုက်တာပါ။    မဲစာရင်းတွေ မှားနေတယ်လို့ ကြေညာလိုက်တာပေါ့။ အဲဒါတွေကို ကျွန်တော်တို့က တာဝန်ယူ တဲ့အခါမှာ       ရွေးကောက်ပွဲကျင်းပရေး ပြည်ထောင်စုကော်မရှင် UEC လို့ခေါ်တဲ့   ကျွန်တော်တို့ ရွေးချယ်တင်မြှောက်ခဲ့တဲ့ကော်မရှင် ပြန်ဖွဲ့ပြီးတော့ ပြန်စစ်ခိုင်း တာပါ။ သူတို့ရဲ့ စစ်ဆေးတွေ့ရှိချက်ပေါ် မူတည်ပြီး   ကျွန်တော်တို့   ထုတ်ပြန် ကြေညာတာရှိတယ်။ အဲဒီတော့ ဒီလုပ်ငန်း တွေပြီးသွားပြီဆိုရင်   ကျွန်တော်တို့က ရွေးကောက်ပွဲပြန်လုပ်ဖို့ ကြေညာခဲ့တာ ပေါ့။        ခြောက်လအတွင်းလုပ်မယ် တစ်နှစ်အတွင်း     လုပ်မယ်လို့တော့ မဟုတ်ပါဘူး။ အရေးပေါ်ကာလ အခြေ အနေအတွင်းမှာ    ဆောင်ရွက်ဖွယ်ရာ ကိစ္စများ          ပြီးမြောက်ပြီဆိုလို့ရှိရင် ရွေးကောက်ပွဲကျင်းပဖို့ကို   ကျွန်တော် ပြန်လုပ်မယ်။ အဲ့ဒီက ရွေးချယ်တင်မြှောက် တဲ့ပါတီက       အစိုးရဖွဲ့နိုင်ဖို့အတွက် ဆောင်ရွက်ပေးမယ်။      လွှဲပေးမယ်။ ကျွန်တော်ပြောခဲ့တာပါ။
နောက်တစ်ခုကလည်း   ခုနကပြော တဲ့ ဒီရွေးကောက်ပွဲ  မဲစာရင်းတွေမှားတဲ့ အထဲမှာ အဓိက မှားတာက မှတ်ပုံတင် မရှိဘဲနဲ့ မဲစာရင်းတွေပါနေတဲ့  ကိစ္စတွေ။    မဲစာရင်းမှာ မှတ်ပုံတင်မပါတာ လူပေါင်း ၁၀ သန်းကျော်လောက်ပါနေတယ်။ အဲဒီ လူတွေကို   ကျွန်တော်တို့ စိစစ်တဲ့အခါမှာ လေးသန်းကျော်လောက်က     မှတ်ပုံတင် ပေးဖို့  အရေးတကြီးပေးဖို့   လိုနေတယ်။ ကျွန်တော်တို့ မှတ်ပုံတင်တွေ ထပ်ထုတ် ပေးနေတာတွေရှိတယ်။     ဒါတွေက လည်း အနည်းဆုံး ၁၈ လ ကြာမယ်လို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ခန့်မှန်းတာပေါ့။ ၁၈ လကြာမယ်ဆိုတော့ ဒါက   သတ်မှတ် တစ်နေ့ကို လူ ၃၀၀ လုပ်ရမယ်။ အဲ့ဒီ ၃၀၀ လုံး မှန်မှန်ကန်ကန် လုပ်မှ ၁၈ လနဲ့ပြီးမှာ။ တကယ်လို့ အဲ့ဒီလို  အရေအတွက်အတိုင်း    မလာဘူးဆိုရင် ဒီထက်ပိုကြာဖို့ပဲရှိတော့တာ။ ကျွန်တော် တို့က မဲစာရင်းမှားတာ မှတ်ပုံတင်မပါဘဲ နဲ့ မဲစာရင်းတွေထည့်တဲ့အတွက်ကြောင့် မှားတာကို ထောက်ပြထားတာ။ အဲ့ဒီ တော့      လာမယ့်ရွေးကောက်ပွဲအသစ် လုပ်လို့ရှိရင်     မှတ်ပုံတင်မပါဘဲနဲ့  မဲစာရင်းထဲမှာပါလာလို့ရှိရင် ကျွန်တော် တို့ ပြောစရာဖြစ်လာမယ်။ ဒါကြောင့် မှတ်ပုံတင်က  မရှိမဖြစ် ကျွန်တော်တို့ ပေးရမယ့်        လုပ်ငန်းတစ်ရပ်ဖြစ်တယ်။     ဒီလုပ်ငန်းပြီးမှ       ကျွန်တော်တို့က   ရွေးကောက်ပွဲကို စာရင်းဇယား မှန်မှန် နဲ့ ရွေးကောက်ပွဲတစ်ခု လုပ်လို့ရမယ်။         ဒီဟာကို ကျွန်တော်တို့ အချိန်တစ်ခု ပေးရလိမ့်မယ်။ ဒါကြောင့် ၂ နှစ်လည်း ဖြစ်ရင်  ဖြစ်သွားမယ်လို့  ကျွန်တော် ပြောတာ။


နောက်တစ်ခုရှိသေးတယ်။ အဲဒါက  ဘာလဲဆိုတော့     ကျွန်တော်တို့ဟာ ၁၉၈၂ ခုနှစ်    နိုင်ငံသားဥပဒေဆိုတာ ရှိတယ်။ ဒီဥပဒေဟာ နိုင်ငံသားပေးရ မယ့်  ပုဂ္ဂိုလ်တွေပေးဖို့။  ဒါတွေလည်း   ဒီမဲပေးတဲ့ကာလအတွင်းမှာ မကြာရ အောင် လုပ်ဖို့ဆိုပြီးတော့ တာဝန်တစ်ခု ရှိတယ်။   ဒါလည်း   ကျွန်တော်တို့    သက်ဆိုင်ရာတွေနဲ့ ဆွေးနွေးပြီးတော့    ဆောင်ရွက်နေတာလည်း    ရှိတယ်။ ဒါလည်း    နှောင့်နှေးနေလို့   မရဘူး။ နှောင့်နှေးမယ်ဆိုရင်လည်း ဒါတွေဟာ ကျန်ခဲ့တယ်ဆိုရင်လည်း        အဲဒီမှာ   ပြဿနာတစ်ခုက     လာလိမ့်မယ်။    ဒါလည်း  ဖြေရှင်းဆောင်ရွက်ဖို့  ရှိနေ သေးတယ်လို့    ကျွန်တော်ပြောချင်ပါ တယ်။                    

              မြဝတီ
(ဆက်လက်ဖော်ပြပါမည်)