နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan၊ Kazan မြို့တော်ရှိ ဆေးကုသရေးဆိုင်ရာ အထောက်အကူပြုဆေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီများသို့ သွားရော

နေပြည်တော် ဇွန် ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် Republic of the Tatarstan၊ Kazan မြို့တော်ရှိ ဆေးကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထုတ်လုပ်သည့် “Eidos Medicine” နှင့် “Endomedium” ကုမ္ပဏီမှထုတ်လုပ်သည့် ခွဲစိတ်ခန်းသုံးစက်ကိရိယာများအား သွားရောက်လေ့လာကြည့်ရှုကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် “Eidos Medicine” သို့ ရောက်ရှိကြရာ ကုမ္ပဏီ CEO Mr.Lenar Valeev ၊ “Endomedium” ကုမ္ပဏီ CEO Mr.Oleg Gusev နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။ 
ထို့နောက် “Eidos Medicine” ဖြစ်ပေါ်လာသည့် သမိုင်းအကျဉ်း မှတ်တမ်းဓာတ်ပုံများ၊ COVID-19 ရောဂါ ရှာဖွေရေး  Test-kit စက်ပစ္စည်းကိရိယာများ ထုတ်လုပ်ထားရှိမှု  အခြေအနေ၊ Human Patient Simulation စနစ်ဖြင့်  ရောဂါရှာဖွေစမ်းသပ်နေမှု အခြေအနေ၊  “Endomedium”ကုမ္ပဏီမှ ထုတ်လုပ် သည့် မှန်ပြောင်းအသုံးပြု၍ ရောဂါရှာဖွေပေးသည့် အဆင့်မြင့်စက်များနှင့်   ဆက်စပ်ပစ္စည်းများဖြင့် ရောဂါရှာဖွေစမ်းသပ်နေမှု    အခြေအနေများအား လိုက်လံရှင်းလင်းပြသကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များကို    ပြန်လည်မေးမြန်းဆွေးနွေး ခဲ့သည်။
ယင်းနောက် အစည်းအဝေးခန်းမတွင် ကုမ္ပဏီ များမှ ဆေးကုသရေးဆိုင်ရာပစ္စည်းများ ထုတ်လုပ် ထားရှိမှု  အခြေအနေနှင့်  ပူးပေါင်းဆောင်ရွက်နိုင် မည့်  အခြေအနေများအား ရှင်းလင်းပြောကြားရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက သိရှိလိုသည် များအား  ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။


အဆိုပါ “Eidos Medicine” စက်ရုံကို Med Vision Group of Companies မှ ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဆေးဘက်ဆိုင်ရာနယ်ပယ် အတွက် တိကျမှုမြင့်မားသော Simulators Design နှင့် Medical Simulators များအား အထူးပြုထုတ်လုပ် ခြင်းဖြင့်  လျင်မြန်စွာတိုးတက်လျက်ရှိသည့် ဂျပန် ဆေးဘက်ဆိုင်ရာကုမ္ပဏီတစ်ခု     ဖြစ်ကြောင်း၊ Human   Patient   Simulation  နှင့်  Surgery Simulation အမျိုးအစား နှစ်မျိုးကို အဓိကထုတ်ကုန် များအဖြစ် ထုတ်လုပ်လျက်ရှိပြီး Human Patient Simulation  စနစ်တွင်  တိကျမှုမြင့်မားခြင်း၊ အသား အရေအစစ်ကဲ့သို့ ဖန်တီးထားခြင်း၊ Physiological math. Model   များဖြင့် တည်ဆောက်ထားခြင်း တို့ကြောင့်   လူနာများအား  ထိရောက်မှန်ကန်စွာ ကုသပေးနိုင်မည်ဖြစ်ကြောင်း၊ ဈေးနှုန်းနှင့် ဝန်ဆောင်မှု စရိတ်များမှာ အခြားသော စက်အမျိုးအစားများထက် များစွာသက်သာမှုရှိပြီး   ဥရောပနှင့်  အမေရိက နိုင်ငံများတွင်    ရောင်းချပေးလျက်ရှိကြောင်းနှင့် ကျောင်းများ၊ ဆေးရုံများ၊ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်း များနှင့် အခြားသောကဏ္ဍများတွင်လည်း အသုံးပြု လျက်ရှိကြောင်း သိရသည်။


“Endomedium”ကုမ္ပဏီကို   ၁၉၉၇  ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီအနေဖြင့်  နား၊  နှာခေါင်း၊  လည်ချောင်း၊ ရင်ခေါင်း၊ ဝမ်းဗိုက်နှင့် ဆီးလမ်းကြောင်းများအတွင်း မှန်ပြောင်းအသုံးပြု၍     ရောဂါရှာဖွေပေးသည့် အဆင့်မြင့်စက်များနှင့်     ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း၊   လက်ရှိအချိန်တွင် ထုတ်ကုန်အမျိုးအစား ၄၀ ကျော်၊ Endosurgical ခွဲစိတ်ကုသမှုကိရိယာ ၈၀၀ ကျော်နှင့် ဆက်စပ်ပစ္စည်း များကို ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ “Endomedi-um” ကုမ္ပဏီသည် kazan ဆေးပညာအကယ်ဒမီနှင့် တွဲဖက်၍ လေ့ကျင့်ရေးစင်တာ  ဖွင့်လှစ်ထားရှိပြီး ပညာရေးဆိုင်ရာလှုပ်ရှားမှုများကိုလည်း ပြုလုပ် လျက်ရှိကြောင်း၊     ထို့ပြင်    ဆရာဝန်များအား Endoscopic ခွဲစိတ်မှု၊ မီးယပ်နှင့် သားဖွားရောဂါ၊ သွေးကြောထုံးရောဂါ၊     အူကျွံအူကျရောဂါနှင့် အဆစ်ရောင်နာရောဂါ အစရှိသည့် ရောဂါတို့နှင့် ပတ်သက်၍လည်း    ဆွေးနွေးလုပ်ဆောင်လျက်ရှိ ကြောင်း သတင်းရရှိသည်။    

            
သတင်းစည်