နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan ၊ Kazan မြို့တော်ရှိ JSC “Zelenodolsk Plant named after A.M.Gorky” ရေယာဉ်တည်ဆောက်ရေးအလုပ်ရုံသ

 

နေပြည်တော်    ဇွန်   ၂၅


နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်  ဦးဆောင် သည့်      ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ်  ကျော်စိုးမိုး နှင့်    တာဝန်ရှိသူများ   လိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင်   Republic of   the   Tatarstan၊   Kazan မြို့တော်ရှိ JSC “ Zelenodolsk     Plant  named after  A.M.Gorky”    ရေယာဉ်      တည်ဆောက်ရေး အလုပ်ရုံသို့ သွားရောက်ကြည့်ရှု  လေ့လာသည်။ 


ကြည့်ရှုလေ့လာ


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊     တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်   အဖွဲ့ ဝင်များသည် JSC  “Zelenodolsk Plant named after A.M.Gorky” ရေယာဉ်    တည်ဆောက်ရေး အလုပ်ရုံသို့   ရောက်ရှိကြရာ   အမှု ဆောင်ဒါရိုက်တာ Mr. Vyache-slav Podokaik နှင့် တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။ 
ထို့နောက်     အစည်းအဝေး ခန်းမတွင်      ခေတ္တဦးဆောင် ညွှန်ကြားရေးမှူး Mr. Alexander Emelyushin နှင့်   တာဝန်ရှိသူ များက အလုပ်ရုံသမိုင်းအကျဉ်းနှင့် ရေယာဉ်တည် ဆောက်ရေးဆိုင်ရာ လုပ်ဆောင်လျက်ရှိသည့်  အခြေ အနေများကို  ရှင်းလင်းပြောကြား ရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊        တပ်မတော် ကာကွယ်ရေး     ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက   သိရှိလိုသည်များ ပြန်လည်    မေးမြန်းဆွေးနွေးပြီး  အလုပ်ရုံအတွင်း   ရေယာဉ်တည် ဆောက်ရေး      လုပ်ငန်းအဆင့်ဆင့် ကို       လိုက်လံကြည့်ရှုလေ့လာ ကြသည်။


ပြည်ပနိုင်ငံများသို့
တင်ပို့ရောင်းချ


အဆိုပါ JSC “Zelenodolsk Plant named after A.M.Gorky” ရေယာဉ်     တည်ဆောက်ရေး အလုပ်ရုံသည် ၁၂၅ နှစ် သက်တမ်း ရှိပြီဖြစ်ပြီး      အောင်မြင်သော    ကုမ္ပဏီတစ်ခုအဖြစ်     ရပ်တည် လျက်ရှိကြောင်း၊ ကုမ္ပဏီအနေဖြင့် မည်သည့်ရာသီဥတု၌မဆို   အသုံး ပြုနိုင်ရန်    ဒီဇိုင်းများ    ရေးဆွဲ ထုတ်လုပ်လျက်ရှိပြီး     ရေယာဉ် အမျိုးမျိုးအား ခေတ်မီနည်းပညာ များဖြင့်  တည်ဆောက်ပေးလျက် ရှိကြောင်း၊ ရေယာဉ်တည်ဆောက်  ထုတ်လုပ်ခြင်းများအပြင်     အခြား ဆက်စပ်လုပ်ငန်းများ    ဖြစ်သည့်   ရေလုပ်ငန်းသုံး      စက်ပစ္စည်းများ    တည်ဆောက်   ထုတ်လုပ်ခြင်း၊  ရေနံနှင့်      သဘာဝဓာတ်ငွေ့ လုပ်ငန်းအတွက်    လိုအပ်သည့် ပစ္စည်းများ ထုတ်လုပ်ခြင်းတို့ကို လည်း         လုပ်ဆောင်လျက်ရှိ ကြောင်း၊ ထို့ပြင်     ကုမ္ပဏီ၏ တိုက်တေနီယမ်သတ္တုပုံလောင်း စက်ရုံ(Titanium Foundry)သည် ဥရောပရှိ   အကြီးဆုံးစက်ရုံများ အနက်   တစ်ခုအပါအဝင်ဖြစ်ပြီး ရေယာဉ်    တည်ဆောက်ရေး၊ လေယာဉ်   တည်ဆောက်ရေးနှင့် ရေနံနှင့်       သဘာဝဓာတ်ငွေ့ လုပ်ငန်းအတွက်   လိုအပ်သည့် အစိတ်အပိုင်းများအား ထုတ်လုပ် ပေးလျက်ရှိကြောင်း၊     စုစုပေါင်း ရေယာဉ်   ၁၅၀၀   ကျော်ခန့် တည်ဆောက်ခဲ့သည့် အနက် ၆၀၀ ခန့်မှာ       စစ်ရေယာဉ်များဖြစ်ပြီး ပြည်ပနိုင်ငံများသို့လည်း   တင်ပို့ ရောင်းချပေးလျက်   ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်