နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan၊ Kazan မြို့တော်ရှိ ဆေးကုသရေးဆိုင်ရာ အထောက်အကူပြုဆေးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီများသို့ သွား

 

နေပြည်တော်   ဇွန်    ၂၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေး      ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန် ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် Republic of the Tatarstan ၊ Kazan မြို့တော်ရှိ ဆေးကုသရေး ဆိုင်ရာ  အထောက်အကူပြုပစ္စည်းများ  ထုတ်လုပ် သည့် “Eidos Medicine” နှင့် “Endomedium” ကုမ္ပဏီမှ ထုတ်လုပ်သည့် ခွဲစိတ်ခန်းသုံးစက်ကိရိယာ များအား သွားရောက်လေ့လာကြည့်ရှုကြသည်။


ကြိုဆိုနှုတ်ဆက်


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် “Eidos Medicine” သို့ ရောက်ရှိ ကြရာ ကုမ္ပဏီ CEO Mr.Lenar Valeev ၊ “Endo-medium” ကုမ္ပဏီ CEO Mr.Oleg Gusev နှင့် တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ 


ဆွေးနွေး


ထို့နောက်  “Eidos Medicine” ဖြစ်ပေါ်လာ သည့်သမိုင်းအကျဉ်း       မှတ်တမ်းဓာတ်ပုံများ၊ COVID-19 ရောဂါရှာဖွေရေး  Test-kit စက်ပစ္စည်း ကိရိယာများ    ထုတ်လုပ်ထားရှိမှု   အခြေအနေ၊ Human Patient Simulation စနစ်ဖြင့် ရောဂါရှာဖွေ စမ်းသပ်နေမှု   အခြေအနေ၊   “Endomedium” ကုမ္ပဏီမှ   ထုတ်လုပ်သည့်   မှန်ပြောင်းအသုံးပြု၍ ရောဂါရှာဖွေပေးသည့်       အဆင့်မြင့်စက်များနှင့် ဆက်စပ်ပစ္စည်းများဖြင့် ရောဂါရှာဖွေစမ်းသပ်နေမှု အခြေအနေများအား       လိုက်လံရှင်းလင်းပြသ ကြရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည် များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။
ယင်းနောက် အစည်းအဝေးခန်းမတွင် ကုမ္ပဏီ များမှ ဆေးကုသရေးဆိုင်ရာပစ္စည်းများ ထုတ်လုပ် ထားရှိမှု     အခြေအနေနှင့်   ပူးပေါင်းဆောင်ရွက် နိုင်မည့်  အခြေအနေများအား    ရှင်းလင်းပြောကြား ရာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ က သိရှိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေး ခဲ့ကြသည်။


ထိရောက်မှန်ကန်စွာ ကုသပေးနိုင်


အဆိုပါ “Eidos Medicine” စက်ရုံကို Med Vision Group of Companies မှ ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဆေးဘက်ဆိုင်ရာ နယ်ပယ် အတွက် တိကျမှုမြင့်မားသော Simulators Design နှင့်   Medical   Simulators  များအား   အထူးပြု ထုတ်လုပ်ခြင်းဖြင့် လျင်မြန်စွာ တိုးတက်လျက်ရှိသည့် ဂျပန်ဆေးဘက်ဆိုင်ရာ  ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ Human Patient Simulation နှင့် Surgery Simu-lation အမျိုးအစား နှစ်မျိုးကို အဓိကထုတ်ကုန်များ အဖြစ်   ထုတ်လုပ်လျက်ရှိပြီး     Human   Patient Simulation စနစ်တွင် တိကျမှုမြင့်မားခြင်း၊ အသား အရေအစစ်ကဲ့သို့ ဖန်တီးထားခြင်း၊ Physiological math. Model များဖြင့် တည်ဆောက်ထားခြင်းတို့ ကြောင့် လူနာများအား ထိရောက်မှန်ကန်စွာ ကုသ ပေးနိုင်မည်ဖြစ်ကြောင်း၊ ဈေးနှုန်းနှင့် ဝန်ဆောင်မှု စရိတ်များမှာ အခြားသော စက်အမျိုးအစားများထက် များစွာသက်သာမှုရှိပြီး  ဥရောပနှင့်  အမေရိကနိုင်ငံ များတွင် ရောင်းချပေးလျက်ရှိကြောင်းနှင့် ကျောင်း များ၊ ဆေးရုံများ၊ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အခြားသော ကဏ္ဍများတွင်လည်း အသုံးပြုလျက် ရှိကြောင်း သိရှိရသည်။

လေ့ကျင့်ရေးစင်တာ ဖွင့်လှစ်ထား


“Endomedium”  ကုမ္ပဏီကို  ၁၉၉၇  ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီအနေဖြင့်   နား၊  နှာခေါင်း၊  လည်ချောင်း၊ ရင်ခေါင်း၊ ဝမ်းဗိုက်နှင့် ဆီးလမ်းကြောင်းများအတွင်း မှန်ပြောင်းအသုံးပြု၍         ရောဂါရှာဖွေပေးသည့် အဆင့်မြင့်စက်များနှင့်    ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း၊    လက်ရှိအချိန်တွင် ထုတ်ကုန်အမျိုးအစား  ၄၀  ကျော်၊  Endosurgical ခွဲစိတ်ကုသမှုကိရိယာ   ၈၀၀  ကျော်နှင့်  ဆက်စပ် ပစ္စည်းများကို     ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ “Endomedium” ကုမ္ပဏီသည် kazan ဆေးပညာ အကယ်ဒမီနှင့်တွဲဖက်၍      လေ့ကျင့်ရေးစင်တာ ဖွင့်လှစ်ထားရှိပြီး ပညာရေးဆိုင်ရာ လှုပ်ရှားမှုများကို လည်း ပြုလုပ်လျက်ရှိကြောင်း၊ ထို့ပြင် ဆရာဝန်များ အား Endoscopic ခွဲစိတ်မှု၊ မီးယပ်နှင့် သားဖွား ရောဂါ၊ သွေးကြောထုံးရောဂါ၊ အူကျွံအူကျရောဂါနှင့် အဆစ်ရောင်နာရောဂါ  အစရှိသည့် ရောဂါတို့နှင့် ပတ်သက်၍လည်း     ဆွေးနွေးလုပ်ဆောင်လျက် ရှိကြောင်း သတင်းရရှိသည်။                

သတင်းစဉ်