နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Republic of the Tatarstan သို့ ရောက်ရှိ၊ KAMAZ Holding ကုမ္ပဏီသို့ သွားရောက်လေ့လာ

နေပြည်တော်   ဇွန်    ၂၅


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌          ရောက်ရှိနေ သည့်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန် ရှိသူများ   လိုက်ပါ၍ ဇွန်  ၂၄ ရက်  နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ Sheremet-yevo     အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် Republic  of  the  Tatarstan  သို့  ထွက်ခွာရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးရာဌာန၊ ဒုတိယဌာနကြီးမှူး Major General Alexander Lopilin ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးမှ သံမှူးကြီး ဦးဇော်လင်းဦးနှင့် တာဝန်ရှိသူများ က လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Republic of the Tatarstan ၊ Naberezhnye   (နာဘီ ရေညီယယ်ချဲလ်နေ)မြို့၊ Begishevo လေဆိပ်သို့ ရောက်ရှိကြရာ ဒုတိယ ဝန်ကြီးချုပ်  H.E.  Mr.  Nigmatullin  Rustan Kamilievich နှင့်  တာဝန်ရှိသူတို့က ရိုးရာဓလေ့နှင့် အညီ  ကြိုဆိုနှုတ်ဆက်ကြသည်။ 


တပ်ဆင်ထုတ်လုပ်နေမှုများကို ပြသ


ယင်းနောက်  Naberezhnye  မြို့ရှိ  KAMAZ Holding  မော်တော်ကားစက်ရုံသို့  သွားရောက်၍ ထရပ်ကားများ၊ ဘတ်စ်ကားများနှင့် ဒီဇယ်အင်ဂျင် များ ထုတ်လုပ်နေမှု အခြေအနေများကို သွားရောက် လေ့လာကြည့်ရှုကြရာ စက်ရုံမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်  Mr.  Gerasimov  Yuri  Ivanovich၊ ဒီဇိုင်းအင်ဂျင်နီယာချုပ်  Mr. Makarov Evgeni Gennagievich နှင့် တာဝန်ရှိသူများက စက်ကိရိယာ အစိတ်အပိုင်းထုတ်လုပ်ရာဌာန၊   စက်ခေါင်းပိုင်း၊ ကိုယ်ထည်ပိုင်း၊ အင်ဂျင်ပိုင်း စသည်ဖြင့် ယာဉ်တစ်စီး လုံး ပြီးစီးသည်အထိ အဆင့်ဆင့် တပ်ဆင်ထုတ်လုပ် နေမှုများကို ပြသကြသည်။ 


မေးမြန်းဆွေးနွေး


ထိုသို့  လိုက်လံရှင်းလင်းပြသမှုများအပေါ် နိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က    သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။

 
လေ့လာကြည့်ရှု


ထို့နောက်  KAMAZ   Holding  မှ ထုတ်လုပ် ထားရှိသည့် Truck  ယာဉ်များနှင့်   စစ်မြေပြင်သုံး Typhoon  သံချပ်ကာယာဉ်တို့၏  စွမ်းရည်များကို လက်တွေ့မောင်းနှင်ပြသရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊    တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်    အဖွဲ့ဝင်များက   လေ့လာကြည့်ရှုခဲ့ ကြသည်။
ယင်းနောက်    ထပ်မံထုတ်လုပ်လျက်ရှိသည့် Truck ယာဉ်ကြီးများ၊ Battery  စနစ်သုံး အမှိုက်သိမ်း ယာဉ်၊ လူစီးယာဉ်ငယ်နှင့်   အခြားယာဉ်အမျိုးမျိုးတို့ အား လိုက်လံကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များ ကို မေးမြန်းဆွေးနွေးခဲ့သည်။ 


ပေးအပ်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊       တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်   KAMAZ   Holding  မှ  ဒုတိယ ညွှန်ကြားရေးမှူးချုပ် တို့သည်        အမှတ်တရလက်ဆောင်ပစ္စည်းများ     အပြန်အလှန်  ပေးအပ်ခဲ့ကြသည်။


အဆိုပါ KAMAZ စက်ရုံကို အရွယ်အစားကြီးမား သည့် ထရပ်ကားများ ထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ဆိုဗီယက်ပြည်ထောင်စုကွန်မြူနစ်ပါတီ၏ ဗဟို ကော်မတီနှင့် ဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင်စု ၏ ဥပဒေပြုရေးကောင်စီတို့မှ Naberezhnye Chelny မြို့၌  ၁၉၇၆  ခုနှစ်၊   ဖေဖော်ဝါရီလတွင်  စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊    ၁၉၈၇   ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် Oka midget (VAZ-1111) မော်တော်ယာဉ်များအား ပထမဆုံးထုတ်လုပ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက်တွင် Joint Stock ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၉၃ ခုနှစ်တွင် KAMAZ အင်ဂျင်စက်ရုံ မီးလောင်ပျက်စီးမှု ၁ ကြိမ်  ဖြစ်ပေါ်ခဲ့သော်လည်း   ၂၀၀၆  ခုနှစ်တွင် မိတ်ဖက်ကုမ္ပဏီဖြစ်သည့် Cummins Inc. ကုမ္ပဏီနှင့် ပူးတွဲ၍ CUMMINS KAMA Joint Venture ကုမ္ပဏီ အား  တည်ထောင်ခဲ့ကြောင်း၊   လက်ရှိအချိန်တွင် ကမ္ဘာအနှံ့အပြားသို့   လုပ်ငန်းသုံးယာဉ်ကြီးများကို တင်ပို့ရောင်းချပေးလျက်ရှိပြီး KAMAZ ကုမ္ပဏီသည် Dakar Rally ကားပြိုင်ပွဲတွင် ၁၈ ကြိမ် အနိုင်ရရှိ ထားကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် စာရင်းအရ တစ်နှစ် လျှင် ထရပ်ကားအစီးရေ ၄၃၀၀၀ ကျော် ထုတ်လုပ် နိုင်ပြီး ရုရှားတပ်မတော်တွင် အသုံးပြုသည့် ထရပ် ကားအများစုမှာ KAMAZ ကုမ္ပဏီမှ ထုတ်လုပ်သည့် မော်တော်ကားများဖြစ်ကြောင်း သိရှိရသည်။


ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် Naberezhnye မြို့မှ Republic of the Tatarstan ၊ Kazan မြို့တော်သို့ ဆက်လက် ထွက်ခွာခဲ့ပြီး Republic of the Tatarstan သမ္မတ အထူးဧည့်ဂေဟာသို့  ရောက်ရှိကာ  ညအိပ်ရပ်နား ခဲ့ကြကြောင်း သတင်းရရှိသည်။          

သတင်းစဉ်