
နေပြည်တော် ဇွန် ၂၄
ရုရှားဖက်ဒရေးရှင်း နိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ RIA သတင်းဌာနမှ အထူး သတင်းထောက် Ms. Kukushkina Tatiana အား ခေတ္တတည်းခိုလျက် ရှိသည့် Metropol Hotel ၌ လက်ခံတွေ့ဆုံ၍ သိရှိလိုသည် များကို ဖြေကြားသည်။
ပြည့်ပြည့်စုံစုံ
ရှင်းလင်းပြောကြား
ထိုသို့ တွေ့ဆုံမေးမြန်းရာတွင် ယခုလာရောက်သည့် (၉)ကြိမ် မြောက် နိုင်ငံတကာ လုံခြုံရေး ဆိုင်ရာညီလာခံ (Moscow Con-ference on International Sec-urity-2021(MCIS-2021)) သို့ တက်ရောက်ခဲ့သည့် အခြေအနေ များနှင့် မော်စကိုတွင် တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်နိုင် ခဲ့သည့် အခြေအနေ၊ ရုရှား-မြန်မာ စစ်ဘက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် အခြား ကဏ္ဍပေါင်းစုံတွင် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရ၏ ဥပဒေနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည့် အခြေအနေ၊ COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ လုပ်ဆောင်ထားရှိမှု အခြေအနေ နှင့် အခြားသိရှိလိုသည်များကို မေးမြန်းရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်က ပြည့်ပြည့်စုံစုံ ရှင်းလင်း ပြောကြားခဲ့ကြောင်းနှင့် မေးမြန်း ဖြေကြားမှု အပြည့်အစုံကို ဆက်လက် ဖော်ပြသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်