နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံ

နေပြည်တော်   ဇွန်   ၂၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်   အဖွဲ့ဝင်များသည် ဇွန် ၂၃ ရက် မွန်းလွဲပိုင်းတွင်   ရုရှားဖက်ဒရေးရှင်းနိုင်ငံ  မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံး  မိသားစုများနှင့်   ပညာတော်သင်    သင်တန်းသားများအား မော်စကိုမြို့ရှိ Turandot    စားသောက်ဆိုင်တွင် တွေ့ဆုံအမှာစကား ပြောကြားသည်။
 

အဆိုပါတွေ့ဆုံပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး  မိုးမြင့်ထွန်း၊  ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ၊  ရုရှားနိုင်ငံဆိုင်ရာ  မြန်မာနိုင်ငံသံရုံးမှ သံမှူးကြီး ဦးဇော်လင်းဦး၊ စစ်သံမှူး  ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် သံရုံး၊ စစ်သံရုံးတို့မှ  မိသားစုဝင်များ၊ ပညာတော်သင်  သင်တန်းသားများ    တက်ရောက် ကြသည်။


 နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က   အမှာစကား ပြောကြားရာတွင်  နိုင်ငံရပ်ခြားတွင်  နိုင်ငံတော်၏ တာဝန်များကို အတူတကွ လာရောက်ထမ်းဆောင် နေခြင်းဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ဖေးမ ကူညီစောင့်ရှောက်ကြရန်  လိုအပ်သည့်အခြေအနေ၊ မြန်မာနိုင်ငံ၏   နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေ အနေ၊  ပါတီစုံဒီမိုကရေစီလမ်းကြောင်းခိုင်မာမှုရှိစေရေးနှင့်  စစ်မှန်ပြီး  ရိုးသားမှုရှိသည့် ဒီမိုကရေစီစနစ် ဖြစ်စေရေးအတွက်   ထိန်းသိမ်းဆောင်ရွက်လျက် ရှိသည့်အခြေအနေ၊  နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီးပွားရေးမောင်းနှင်အားသည် အဓိက ကျသောကြောင့်   နှစ်နိုင်ငံ   အကျိုးတူစီးပွားရေး လုပ်ငန်းများ၊ ပို့ကုန်၊  သွင်းကုန်လုပ်ငန်းများ အခွင့် အလမ်းရရှိစေရေး   သံတမန်ဆက်ဆံရေးမှတစ်ဆင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်    လိုအပ်သည့် အခြေအနေနှင့် မိမိနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီးပွားတိုးတက်အောင်     နိုင်ငံ့ဝန်ထမ်း ကောင်းပီသစွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံ့ ဂုဏ်ကို မြှင့်တင်ရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။


အမြဲမပြတ် လေ့လာအားထုတ်


ဆက်လက်ပြီး နိုင်ငံအချင်းချင်း ဆက်ဆံရာတွင် သံတမန်ဆက်ဆံရေးသည်    များစွာအရေးပါသော ကြောင့် သံရုံး၊   စစ်သံရုံးများတွင်    နိုင်ငံ့တာဝန် ထမ်းဆောင်နေကြသူများအနေဖြင့် စည်းလုံးညီညွတ် စွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် မည်ဖြစ်ကြောင်း၊ သံရုံး၊  စစ်သံရုံးမိသားစုများအပြင် ပညာတော်သင် သင်တန်းသားများအနေဖြင့်လည်း သင်ကြားပေးသည့် အတတ်ပညာများကို   အလေး အနက်ထား သင်ယူသွားကြရန် လိုအပ်ပြီး    အမြဲ မပြတ် လေ့လာအားထုတ်နေကြရမည် ဖြစ်ကြောင်း၊ အချင်းချင်းစည်းလုံးညီညွတ်စွာ   နေထိုင်လုပ်ကိုင် ဆောင်ရွက်ကြပြီး        မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစုများအတွက် လက်ဆောင်ပစ္စည်းနှင့် ချီးမြှင့်ငွေများကို ပေးအပ်ရာ သံမှူးကြီး ဦးဇော်လင်း ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးတို့က လက်ခံ ရယူကြသည်။ ယင်းနောက် သံရုံး၊ စစ်သံရုံးမှ မိသားစု ဝင်များ၊ ပညာတော်သင် သင်တန်းသားများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။                  

              
သတင်းစဉ်