
ယခုသင်တန်းကျောင်းသည် အခြေခံအကျဆုံးသော စက်မှုဆိုင်ရာဘာသာရပ်များကို သင်ကြားပေးရသည့် သင်တန်းကျောင်းတစ်ခုဖြစ်
နေပြည်တော် ဒီဇင်ဘာ ၆
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင် ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံ စက်မှုအင်ဂျင်နီယာ သင်တန်း ကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ ဝင်များအား စက်မှုအင်ဂျင်နီယာ သင်တန်းကျောင်း အစည်းအဝေး ခန်းမတွင် လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် နေမျိုးဦးက သင်တန်းကျောင်း သမိုင်းအကျဉ်း၊ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက် ပေးနိုင်မှု၊ သင်ထောက်ကူ ပစ္စည်းများအား အဆင့်မြှင့်တင် ဆောင်ရွက်ထား ရှိမှုနှင့် သင်တန်းကျောင်းအား အဆင့်မြှင့်တင်ဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြသည်။
တူညီမှုရှိစွာဆောင်ရွက်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်အတွင်း ဖွင့်လှစ် သင်ကြားလျက်ရှိသည့် စက်မှု အင်ဂျင်နီယာ သင်တန်းကျောင်း များအနေဖြင့် အခြေခံသင်ရိုး ညွှန်းတမ်းများအား တူညီမှုရှိစွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယခု သင်တန်းကျောင်းသည် အခြေခံအကျဆုံးသော စက်မှု ဆိုင်ရာ ဘာသာရပ်များကို သင်ကြားပေးရသည့် သင်တန်း ကျောင်းတစ်ခု ဖြစ်ကြောင်း၊ သင်တန်းဆင်းသူများ အနေဖြင့် တပ်မတော်အတွင်း စက်မှုဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ကျွမ်းကျင် ပိုင်နိုင်စွာ ထမ်းဆောင်နိုင်ရေး သင်ကြား ပို့ချပေးနိုင်ရမည်ဖြစ် ကြောင်း၊ သင်တန်းသားများ၏ စားသောက် နေထိုင်ရေးတို့အား ဆောင်ရွက်ပေးရာတွင် သတ်မှတ် နှုန်းထားများအတိုင်း ပြည့်မီစွာ ဆောင်ရွက်ရန်လိုပြီး သင်တန်း သားများအနေဖြင့် သင်ခန်းစာကို ရာနှုန်းပြည့် သင်ယူလေ့လာနိုင်ရ မည်ဖြစ်ကြောင်း၊ သင်ခန်းစာများ အတွက်လိုအပ်သည့် သင်ထောက် ကူပစ္စည်းများကိုလည်း ပြည့်စုံစွာ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် အခြား လိုအပ်သည်များကို မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
လူမှန်နေရာမှန်တာဝန်ပေး
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်း ကျောင်းအတွင်း လှည့်လည်၍ သင်တန်းဆောင်များ အတွင်း သင်တန်းသား၊ သင်တန်းသူများ၏ ဘာသာရပ်အလိုက် သင်ယူနေမှု အခြေအနေ၊ သင်တန်းအထောက် အကူပြု သရုပ်ပြစက်ပစ္စည်း ကိရိယာများကို အသုံးပြု၍ သင်တန်းသားများ ကိုယ်တိုင် လက်တွေ့ဆောင်ရွက်နေမှု အခြေ အနေများအား လိုက်လံကြည့်ရှု၍ သင်တန်းသားများ အနေဖြင့် ၎င်းတို့သင်ယူထားသည့် သင်ခန်း စာများအား လက်တွေ့နယ်ပယ် တွင် အမှန်တကယ်အသုံးချနိုင်ရေး လူမှန်နေရာမှန် တာဝန်ပေး အပ်ရန် လိုအပ်သည့်အခြေအနေ၊ အရေးပေါ် အခြေအနေများတွင် ကိရိယာတန်ဆာပလာ အနည်း ဆုံးဖြင့် စက်မှုဆိုင်ရာ အခက် အခဲများကို ထိုးထွင်းကြံဆဖြေရှင်း ဆောင်ရွက် တတ်စေရေးတို့ အတွက်လည်း ထည့်သွင်းသင်ကြား ပေးရန်လိုအပ်သည့် အခြေအနေ များနှင့်ပတ်သက်၍ တာဝန်ရှိ သူများအား မှာကြားသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယင်းနောက် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ပြီး လေ့ကျင့် ဆောင်ရွက်နေမှု အခြေအနေများ နှင့်ပတ်သက်၍ မေးမြန်းဆွေးနွေး ခဲ့ကြောင်းနှင့် သင်တန်းကျောင်း အဆင့်မြှင့်တင်ရေး အတွက် အဆောက်အဦများ ထပ်မံတိုးချဲ့ ဆောက်လုပ်နေမှု အခြေအနေ များကို လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်