
နေပြည်တော် ဇွန် ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ်ကျော်စိုးမိုးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇွန် ၂၆ ရက် ညနေပိုင်းတွင် Republic of the Tatarstan ၊ Kazan လေဆိပ်မှ Novosibirsk မြို့သို့ ထွက်ခွာကြရာ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Novosi-birsk မြို့ Tolmachevo လေဆိပ်သို့ ရောက်ရှိကြရာ Siberian ဒေသ ဒုတိယ အုပ်ချုပ်ရေးမှူး Mr. Petuhov Yuri Frogravich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် Novosibirsk မြို့ Metro စနစ်တွင် ဘူတာရုံ ၁၃ ခုရှိသည့်အနက် တစ်ခုအပါ အဝင်ဖြစ်သော ၁၉၉၁ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည့် Polschad Marksa ဘူတာသို့ ရောက်ရှိကြပြီး ၎င်းဘူတာမှ Lenin Square ဘူတာအထိ မြေအောက် ရထားစီးနင်းလိုက်ပါခဲ့၍ မြေအောက် ရထားစနစ်များ၊ ဘူတာရုံများအား ကြည့်ရှု လေ့လာကြသည်။
ရောက်ရှိလေ့လာ
ယင်းနောက် ခေတ္တတည်းခိုမည့် Marriott Hotel အနီးရှိ ရှေးဟောင်း သမိုင်းဝင် Novosibirsk State Academic Opera and Ballet Theatre သို့ ရောက်ရှိ လေ့လာကြရာ ပြဇာတ်ရုံအုပ်ချုပ်ရေးအဖွဲ့ အကြံပေး Mr. Vroskly Valen Arkagievich က ပြဇာတ်ရုံကို ၁၉၃၁ ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့ပြီး ၁၉၄၅ ခုနှစ် မေ ၁၂ ရက် တွင် ဖွင့်ပွဲပြုလုပ်ခဲ့သည့် အခြေအနေများ၊ ၁၉၄၁ ခုနှစ်တွင် ဖွင့်လှစ်ရန်စီစဉ်ထား ခဲ့သော်လည်း ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေသည့်အတွက် ၁၉၄၅ ခုနှစ် မေ ၉ ရက် စစ်ကြီးပြီးဆုံးသည့် နောက်ပိုင်းတွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ပြဇာတ်ရုံများအနက် တစ်ခုဖြစ်ကာ ရုရှားနိုင်ငံတွင် အကြီးဆုံးဖြစ်သည့် အခြေအနေများနှင့် ပြဇာတ်ရုံဆိုင်ရာ အချက်အလက်များအား လိုက်လံ ရှင်းလင်းပြသခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်း တွင် Higher Military Command School သို့ သွားရောက်လေ့လာကြည့်ရှု ကြရာ ကျောင်းအုပ်ကြီး Colonel Markochin Segeri Gregorivich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြ သည်။ ယင်းနောက် နိုင်ငံတော်အတွက် အသက်စွန့်လွှတ် တာဝန်ထမ်းဆောင်ခဲ့ ကြသည့် သူရဲကောင်းဆုတံဆိပ်ရရှိသူများ ကို ဂုဏ်ပြုထားသည့် သူရဲကောင်းရုပ်တု များအား ဂုဏ်ပြုပန်းခြင်းဖြင့် အလေးပြုပြီး လေ့လာကြည့်ရှုကြသည်။
ရှင်းလင်းပြောကြား
ထို့နောက် ကျောင်းခန်းမတွင် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အပြန် အလှန် မိတ်ဆက်ပေးပြီး ကျောင်းအုပ်ကြီး က ကျောင်းသမိုင်းအကျဉ်းနှင့် ကျောင်းမှ သင်ကြားပေးလျက်ရှိသည့် ဘာသာရပ်များ၊ ပြည်ပမှ သင်တန်းသားများ လာရောက် သင်ကြားနေမှုကို ရှင်းလင်းပြောကြား သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်း အတွင်း လှည့်လည်၍ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးနှင့် လုံခြုံရေး ပင်မ စာသင်ဆောင်၊ ကျောင်းပြခန်းများ၊ သင်ကြားမှု၊ သင်ယူမှု အထောက်အကူ ပစ္စည်းများ၊ နိုင်ငံတကာမှ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်း ပြခန်းများ၊ သင်တန်းသားများ ကိုယ်တိုင်တီထွင် ထားရှိသည့် ကင်းထောက်ခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ရေငုပ် သင်ခန်းစာသင်ကြားမှု သင်တန်းခန်းမနှင့် လက်နက်ငယ်ပစ်ခတ်မှု Simulator ခန်းမ တို့ရှိ သင်တန်းသားများ လေ့ကျင့်နေမှု တို့ကို လိုက်လံကြည့်ရှုလေ့လာကြရာ ပြခန်းများအလိုက် တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။ လက်နက်ငယ် ပစ်ခတ်မှု Simulator ခန်းမသို့ ရောက်ရှိ စဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် တပ်မတော်အရာရှိကြီးများ၊ ကိုယ်စား လှယ်အဖွဲ့ဝင်များနှင့် အမျိုးသမီးအရာရှိ များသည် ကိုယ်တိုင်လက်တွေ့စမ်းသပ် ပစ်ခတ်ခဲ့ကြသည်။
ထို့ပြင် သင်တန်းတက်ရောက်လျက် ရှိကြသည့် နိုင်ငံအသီးသီးမှ ထူးချွန် သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြားပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကြသည်။
လက်တွေ့စမ်းသပ်ပစ်ခတ်
ဆက်လက်၍ Higher Military Command School အတွင်း မော်တော် ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြပြီး လက်တွေ့ပစ်ခတ်မှု စက်ပစ်ကွင်းသို့ ရောက်ရှိလေ့လာကြည့်ရှုကြသည်။ ထိုသို့ လေ့လာစဉ် ကျောင်းအုပ်ကြီးနှင့် တာဝန် ရှိသူများ၊ သင်တန်းသားများက လက်နက် ငယ်နှင့် စနိုက်ပါ အမျိုးအစားမျိုးစုံတို့ကို လက်တွေ့ ရှင်းလင်းပစ်ခတ်ပြသခြင်းများ ပြုလုပ်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အမျိုးသမီး အရာရှိများသည် ကိုယ်တိုင်ပါဝင် လက်တွေ့စမ်းသပ်ပစ်ခတ်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ကျောင်းအုပ်ကြီးတို့သည် ကျောင်းခန်းမတွင် အပြန်အလှန် ဆွေးနွေး ကြပြီး အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ကြသည်။
Novosibirsk Academgorodok ဒေသတွင်ရှိသော Novosibirsk Higher Military Command School ကို ၁၉၇၆ ခုနှစ်တွင် Novosibirsk Higher Military Political School-NVVPOU အဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဆိုဗီယက် ပြည်ထောင်စု သိပ္ပံအကယ်ဒမီ၏ ရူပဗေဒ နှင့် သင်္ချာပညာရပ်များကို အခြေခံ သင်ကြားပေးသည့် ဆိုက်ဘေးရီးယား ဌာနခွဲဖြစ်ကြောင်း၊ ၁၉၈၀ ပြည့်နှစ် ကာလများတွင် နိုင်ငံအတွင်း အကြီးမား ဆုံးသော စစ်ဘက်ဆိုင်ရာ ပညာရေးအဖွဲ့ အစည်းဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အကယ်ဒမီဌာနခွဲတစ်ခု ဖြစ်လာခဲ့ ကြောင်း၊ သင်တန်းသားများကို တိုက်ပွဲဝင် အသင့်ဖြစ်စေရန် စွမ်းဆောင်ရည်မြှင့်တင် ရေး သင်တန်းများ၊ တပ်ရင်း၊ တပ်ဖွဲ့များ အတွက် အုပ်ချုပ်ထောက်ပံ့မှု၊ စစ်ဆင်ရေး စီမံခန့်ခွဲမှု၊ လက်နက်အမျိုးမျိုးပစ်ခတ်လေ့ကျင့်မှုနှင့် စစ်သုံးယာဉ်များ မောင်းနှင် ရေး သင်ခန်းစာများကို သင်ကြားပေး လျက်ရှိသည့်အပြင် လေကြောင်းချီ လေ့ကျင့်မှုများ၊ တောင်ပေါ်ချီတက် လေ့ကျင့်မှုများ၊ လေထီးခုန်ခြင်း၊ မြေပြင် နှင့် ရေအောက်တွင် တိတ်ဆိတ်စွာ ချီတက်တိုက်ခိုက်ခြင်း သင်ခန်းစာများကို ကျွမ်းကျင်ပိုင်နိုင်စေရန် သင်ကြား လေ့ကျင့်ပေးလျက်ရှိကြောင်း၊ ၂၀၁၅ ခုနှစ် တွင် အဆိုပါတက္ကသိုလ်သည် သင်ကြား ရေးနှင့် စီမံခန့်ခွဲမှုအပိုင်းတွင် တက္ကသိုလ် ကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် လွတ်လပ် စွာ စီမံဆောင်ရွက်ခွင့်ရရှိခဲ့ပြီး Novosi-birsk Higher Military Command School ဟု လူသိများလာခဲ့ကြောင်း သိရှိ ရသည်။
ထို့နောက် ညနေပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Russian Academy of Science(Siberian Branch)သို့ ရောက်ရှိ လေ့လာကြရာ Vice-Chairman, Academician Dr. Vasily M. FOMIN ဦးဆောင်သော သိပ္ပံပညာရှင်များနှင့်
တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြပြီး အစည်းအဝေးခန်းမတွင် သိပ္ပံနှင့် နည်းပညာရပ်ဆိုင်ရာများ၊ သုတေသန လုပ်ငန်းများနှင့် အခြားပညာရပ်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်ပညာ ရှင်များ ပေါ်ထွက်လာရေး သင်ကြားပို့ချပေးနေမှုအခြေအနေများနှင့် ပညာရေး ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ရုရှားသိပ္ပံ အကယ်ဒမီတို့အကြား သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ ပူးတွဲသုတေသနပြုလုပ်ရေးနှင့် သင်တန်းသားများ စေလွှတ်ရေးဆိုင်ရာ များကို ရှင်းလင်းပြောကြားသည်။ ရှင်းလင်းမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည် များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး ရုရှားနိုင်ငံတွင် ပညာသင်ယူခဲ့သည့် Doctor of Science ဘွဲ့ရရှိထားသူများ၊ Ph.D ဘွဲ့ရရှိထားသူများနှင့် ရုရှား စစ်ဘက်ဆိုင်ရာအင်ဂျင်နီယာ ဗိုလ်လောင်း သင်တန်းကျောင်းဆင်း အရာရှိများကို မိတ်ဆက်ပေးသည်။
ယင်းနောက် သိပ္ပံနှင့် နည်းပညာ ဘာသာရပ်အလိုက် သုတေသနတွေ့ရှိ ချက်ဆိုင်ရာ ပြခန်းများ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ အသုံးချသင်္ချာနှင့် သတင်း အချက်အလက်နည်းပညာ ဘာသာရပ်၊ ဇီဝဗေဒ၊ Nano နည်းပညာဆိုင်ရာ တီထွင် ဖန်တီးမှုများ၊ ဘူမိဗေဒဆိုင်ရာဖော်ထုတ် တွေ့ရှိချက်များ၊ ခေတ်အလိုက် ရုရှား သိပ္ပံ ပညာရှင်များ ရေးသားပြုစုခဲ့သည့် သိပ္ပံ ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများကို Vice-Chairman, Academician Dr. Vasily M. FOMIN ဦးဆောင်သော သိပ္ပံ ပညာရှင်များနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။ ရှင်းလင်းပြသမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန် ဆွေးနွေးခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးပြီး Acade-mician Dr. Vasily M. FOMIN နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ကြကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ သည် တပ်မ ၄၁ ယာယီတပ်မမှူး Col Perepelisa Vladimir Angrevich နှင့် Novosibirsk ဒုတိယမြို့တော်ဝန်တို့က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာ ကို အတူတကွ သုံးဆောင်ခဲ့ကြသည်။ နေ့လယ်စာ သုံးဆောင်နေစဉ်အတွင်း Novosibirsk တပ်နယ်ကိုယ်စားပြု တေးဂီတနှင့် အနုပညာရှင်အဖွဲ့က ရိုးရာ တေးသီချင်း၊ အကအလှများဖြင့် သီဆို ဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်