နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံ Russia 24 သတင်းဌာနမှ သိရှိလိုသည်များကို လက်ခံဖြေကြား

နေပြည်တော်    ဇွန်    ၂၂


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌  ရောက်ရှိ နေသည့်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်   ယနေ့နံနက် ပိုင်းတွင်    ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russia  24    ရုပ်သံသတင်းဌာန International     Review    အစီ အစဉ်မှ       ပင်တိုင်သတင်းတင်ဆက် သူ      Mr.   Fedor    Lukyanov  အား     ခေတ္တတည်းခိုလျက်ရှိသည့် Metropol   Hotel   ၌  တွေ့ဆုံ၍ သိရှိလိုသည့်      မေးမြန်းမှုများကို   လက်ခံဖြေကြားသည်။


ရှင်းလင်းပြောကြား


ထိုသို့      တွေ့ဆုံမေးမြန်းရာတွင် ရုရှား-မြန်မာ စစ်ဘက်နည်းပညာဆိုင် ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့်  ဆက်လက်ဆောင် ရွက်သွားမည့်အခြေအနေ၊ မြန်မာ နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု  အခြေအနေ၊  COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ လုပ်ဆောင်ထားရှိမှု အခြေအနေနှင့် အခြားသိရှိလိုသည်များကို မေးမြန်း ရာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က     ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။              

       သတင်းစဉ်