
နေပြည်တော် စက်တင်ဘာ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့တွင် သက်ဆိုင်ရာ ကဏ္ဍများအလိုက် တွေ့ဆုံဆွေးနွေးမှုများ၊ အစည်းအဝေးတက်ရောက်ခြင်းများ ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ယနေ့ နံနက် ပိုင်းတွင် ရုရှားနိုင်ငံ နိုင်ငံပိုင် အာကာသ ကော်ပိုရေးရှင်း ROS-COSMOS ၏ အကြီးအကဲဖြစ်သူ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Yuri Borisov ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ သိပ္ပံ နှင့် နည်းပညာနယ်ပယ် ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍ၊ လေကြောင်း နှင့် အာကာသနယ်ပယ်ကဏ္ဍများ တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်လုပ်ဆောင်သွား ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ရုရှားနိုင်ငံ အာကာသ နည်းပညာအေဂျင်စီ ROSCOS-MOS အကြီးအကဲတို့သည် အမှတ် တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကြ သည်။
အလားတူ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကျန်းမာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အား ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) အတွင်း၌ တွေ့ဆုံ ၍ ဘွဲ့လွန်သင်တန်းသားများ စေလွှတ်ရေး၊ ဘွဲ့ကြိုကျောင်းသား များ လက်ခံသင်ကြားပေးရေး၊ ဆေးတက္ကသိုလ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် နားလည် မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး၊ ဆေးရုံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ ကူးစက် မြန် ကပ်ရောဂါထိန်းချုပ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ နိုင်ငံ ကျန်းမာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်း များကို ရင်းနှီးစွာ ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်