
နေပြည်တော် အောက်တိုဘာ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Plenary Hall ၌ကျင်းပသည့် အခြေခံပညာ အဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသမီးအကပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှု အားပေးသည်။
ကြည့်ရှုအားပေး
အဆိုပါ ပြိုင်ပွဲတွင် အခြေခံ ပညာအဆင့် (အသက် ၁၀ နှစ် မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲ ဝင်များက ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ်ညီညာစွာဖြင့် ငြိမ့် ညောင်းသည့် ကကွက်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ယှဉ်ပြိုင်နေမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့်အတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင် အဖွဲ့များ ကြည့်ရှုအားပေးကြ သည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
အကပြိုင်ပွဲအပြီးတွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးသည် အကပြိုင်ပွဲအဆင့်လိုက် အကဲဖြတ် ဆောင်ရွက်ပေးနေ သည့် အကဲဖြတ်ပညာရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် သည်။
ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှသည် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပ သည့် ဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက် ကြည့်ရှုအားပေး သည်။
သရုပ်ဖော်ယှဉ်ပြိုင်
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်၏ဇနီးသည် ကောင်စီအတွင်း ရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်တို့၏ ဇနီးများ၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၏ ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီး များ၊ အကဲဖြတ်ဒိုင်များနှင့်အတူ ဝါသနာရှင်အဆင့် (ပထမတန်း) “မဟော်သဓာ” ဇာတ်တော်ကြီး ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသ ကြီး ကိုယ်စားပြု စိန်မြန်မာ အနုပညာအင်အားစု မဟော်သဓာ ဇာတ်တော်ကြီးအဖွဲ့က မူရင်း မဟော်သဓာ ဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို မြန်မာ့ ဇာတ်သဘင်၏ ဆို ငို ပြော ပညာ ရပ်များ၊ အကအလှများနှင့် အနုပညာရသမြောက် ပေါင်းစပ်၍ သရုပ်ဖော်ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေးသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုသုခုမ အမွေအနှစ်များကို ဖော်ထုတ်နိုင် ရန်နှင့် လူငယ်မျိုးဆက်သစ်များ ကို နိုင်ငံနှင့်လူမျိုး၊ အမျိုးသား ယဉ်ကျေးမှုတို့၏ ဂုဏ်သိက္ခာကို အလေးထားတန်ဖိုးထား ထိန်းသိမ်း ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ လက်ထက်တွင် ဒုတိယအကြိမ်မြောက် ကျင်းပ သည့် (၂၄) ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့်နှင့် လျော်ညီစွာ ပြိုင်ပွဲ အမျိုးအစားများအလိုက် သတ်မှတ်ထားသည့် နေရာများ တွင် ခမ်းနားထည်ဝါစွာ ကျင်းပ လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များ သည်လည်း စိတ်အေးချမ်းမြေ့စွာ ဖြင့် အားကြိုးမာန်တက် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်