နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားညောင်ရွှေမြို့ရှိအဋ္ဌဒိသာဓမ္မဝိဟာရကျောင်းတော်ကြီးသို့ ပင့်ဆောင်အပူဇော်ခံပွဲနှင့်အင်းသားရိုးရာလှေလှော်ပြိုင်ပွဲသို့ တက်ရောက်

 

နေပြည်တော် အောက်တိုဘာ ၂၁


အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ရှိ  အဋ္ဌဒိသာဓမ္မဝိဟာရကျောင်းတော်ကြီးသို့ ပင့်ဆောင် အပူဇော်ခံပွဲအား    ယနေ့နံနက်ပိုင်းတွင်    ကျင်းပပြုလုပ်ရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်   တက်ရောက်၍    ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော် မြတ်အား  ဦးဆောင်ပြီး ပင့်ဆောင်ပူဇော်သည်။


အဆိုပါ            အခမ်းအနားသို့ နိုင်ငံတော်              စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အတူ ဇနီး  ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်   အတွင်းရေးမှူး နှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီး များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရှမ်းပြည်နယ် ဝန်ကြီး ချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊  ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊           ဒေသခံ တိုင်းရင်းသား   ပြည်သူများနှင့် ပြည်တွင်း၊     ပြည်ပခရီးသွား ဧည့်သည်များ              စည်ကား သိုက်မြိုက်စွာ            တက်ရောက် ကြည့်ရှုဖူးမြော်ကြသည်။


ကြည့်ရှုအားပေး


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ဖောင်တော်ပြန်   ဧည့်ရိပ်သာသို့ ရောက်ရှိကြရာ  တာဝန်ရှိသူများ နှင့် ဒေသခံတိုင်းရင်းသားပြည်သူ တို့က လှိုက်လှဲနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်          စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊    အဖွဲ့ဝင်များသည် တိုင်းရင်းသားရိုးရာအက အဖွဲ့များ ၏   ကိန္နရီကိန္နရာအက၊   ရှမ်း တိုင်းရင်းသားရိုးရာအက၊   တိုး နယားအက၊ အင်းတိုင်းရင်းသား မီးဆုခံအက၊   ဓားသိုင်းအက၊ ပအိုဝ်းတိုင်းရင်းသားအက၊ ရှမ်း ကြီးအက   စသည့်    ယဉ်ကျေးမှု ပဒေသာကပွဲ ဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးကြသည်။ 


ထို့နောက်         နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ          ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်       ဇနီး ဦးဆောင်သည့် အဖွဲ့ဝင်များသည် ဖောင်တော်ပြန်          ဧည့်ရိပ်သာမှ ဖောင်တော်ဆိုက်ပြာသာဒ်ဆောင် သို့   စက်လှေများဖြင့်  ထွက်ခွာ ရောက်ရှိကြပြီး  ကရဝိက်ဖောင် တော်ဖြင့်          ရောက်ရှိလာသည့် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညို၍ ညောင်ရွှေမြို့ အတွင်း    လှည့်လည်ပူဇော်ခံပြီး အဋ္ဌဒိသာဓမ္မဝိဟာရ      ကျောင်း တော်ကြီးသို့          ပင့်ဆောင်မည့် ဘော်ယာဉ်ပေါ်သို့            အသီးသီး ပင့်ဆောင်ပူဇော်ကြသည်။


ယှဉ်ပြိုင်လှော်ခတ်


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ        ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်    ဇနီး၊ အခမ်းအနား တက်ရောက်လာကြ သူများသည်         အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲ           ယှဉ်ပြိုင် လှော်ခတ်မှုများအား  တက်ရောက် ကြည့်ရှုအားပေးကြသည်။ အဆိုပါ ပြိုင်ပွဲတွင် အမျိုးသား(၄၆)တက် အင်းသား ရိုးရာလှေလှော်ပြိုင်ပွဲ၊ အမျိုးသားရာကျော်လှေ အင်းသား ရိုးရာလှေလှော်ပြိုင်ပွဲ၊ အမျိုးသား တစ်ဦးချင်း         အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲ၊ အမျိုးသမီး (၂၆) တက်   အင်းသားရိုးရာလှေလှော် ပြိုင်ပွဲများအား အသီးသီးယှဉ်ပြိုင် လှော်ခတ်ကြသည်။ 


အင်းသားရိုးရာ     လှေလှော် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်  အင်းလေးသူ၊ အင်းလေးသားတို့သည်    ပြိုင်ပွဲ အမျိုးအစားအလိုက်      အနိုင်မခံ အရှုံးမပေးသည့်   စိတ်ဓာတ်များ ဖြင့်     ခြေထောက်ကိုအသုံးပြု၍ လှေကိုလှော်ခတ်ကြပြီး အားကြိုး မာန်တက်         ယှဉ်ပြိုင်ခဲ့ကြရာ နိုင်ငံတော်             စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်ဇနီး၊           အခမ်းအနား တက်ရောက်           လာကြသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ပြည်တွင်း၊ ပြည်ပမှ လာရောက် လည်ပတ်သူများက     လက်ခုပ် လက်ဝါးများတီး၍           တစ်ခဲနက် အားပေးခဲ့ကြသည်။


ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်


အင်းသား    ရိုးရာလှေလှော် ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို ဆက်လက်          ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊          မွေးမြူရေးနှင့် ဆည်မြောင်း         ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ဆွမ်းပို့လှေ ဂုဏ်ပြုဆုများကို လည်းကောင်း၊ ဒုတိယဝန်ကြီးချုပ် နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန          ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က လှေယဉ်ဂုဏ်ပြုဆု များကို လည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး         ကောင်စီဝင် ခွန်စံလွင်က တစ်ဦးချင်းအင်းသား
ရိုးရာလှေပြိုင်ပွဲတွင်    နှစ်သိမ့်ဆု ရရှိသူများကို        လည်းကောင်း၊ နိုင်ငံတော်               စီမံအုပ်ချုပ်ရေး ကောင်စီဝင်  ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက အမျိုးသား(၄၆)တက် လှေလှော်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိ သည့်      အသင်းများကိုလည်း ကောင်း၊      နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်      ဗိုလ်ချုပ်ကြီး မောင်မောင်အေးက    အမျိုးသား ရာကျော်       လှေလှော်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် အသင်းများကို လည်းကောင်း၊       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်  ဗိုလ်ချုပ် ကြီး    မြထွန်းဦးက   တစ်ဦးချင်း အင်းသားရိုးရာ  လှေပြိုင်ပွဲတွင် ပထမဆုနှင့်  ဒုတိယဆုရရှိသူများ ကိုလည်းကောင်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး   ဒုတိယဗိုလ်ချုပ် ကြီး ရဲဝင်းဦးက အမျိုးသား(၄၆)တက် လှေလှော်ပြိုင်ပွဲတွင် ပထမ ဆုနှင့် ဒုတိယဆုရရှိသည့် အသင်း များကိုလည်းကောင်း ဂုဏ်ပြုဆု နှင့်            ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။


ဂုဏ်ပြုဆုနှင့်ချီးမြှင့်ငွေပေးအပ်


ဆက်လက်၍   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ         ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏   ဇနီး ဒေါ်ကြူကြူလှက အမျိုးသမီး(၂၆)တက် လှေလှော်ပြိုင်ပွဲတွင် ဒုတိယ ဆုရရှိသည့်    မိုင်းသောက်အင်း ကျေးရွာအသင်းနှင့်  ပထမဆုရရှိ သည့် အိုင်ထောင့်ကြီးကျေးရွာ(ခ) အသင်းတို့အား       ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ    ပေးအပ် ချီးမြှင့်သည်။
ထို့နောက်            နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ        ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကအမျိုးသား ရာကျော်လှေပြိုင်ပွဲတွင်   ဒုတိယ ဆုရရှိသည့် ရွှေပြည်သာကျေးရွာ အသင်းနှင့်       ပထမဆုရရှိသည့် ကေလာကျေးရွာအသင်းတို့အား ဂုဏ်ပြုဆုနှင့်         ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။


ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ        ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့  ရှမ်း ပြည်နယ်ဝန်ကြီးချုပ်က အင်းသား ရိုးရာလှေလှော်ပြိုင်ပွဲ          အထိမ်း အမှတ်လက်ဆောင်ကို   ဂါရဝပြု ပေးအပ်သည်။


ရင်းရင်းနှီးနှီးနှုတ်ဆက်


အင်းသားလှေလှော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ         အခမ်းအနားအပြီး တွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်း အနား  တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား   ရင်းရင်း နှီးနှီး    နှုတ်ဆက်ရာ   ဒေသခံ တိုင်းရင်းသား         ပြည်သူများက ရိုးရာအိုးစည်       ဗုံမောင်းများ တီးမှုတ်၍   လှိုက်လှဲနွေးထွေးစွာ ပြန်လည်ဂါရဝပြု      နှုတ်ဆက် ကြသည်။


ထို့နောက်           နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ        ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   ဇနီး ဦးဆောင်သည့်  အဖွဲ့ဝင်များသည် အင်းလေးဖောင်တော်ဦးမြတ်စွာ ဘုရား ခေတ္တကိန်းဝပ် စံပယ်တော် မူမည့်            အဋ္ဌဒိသာဓမ္မဝိဟာရ ကျောင်းတော်ကြီးသို့ ရောက်ရှိကြ ပြီး          အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား  ရောက်ရှိလာမှု များအား           ကြိုဆိုဖူးမြော်၍ သံဃာတော်များက      အင်းလေး ဖောင်တော်ဦး  မြတ်စွာဘုရားအား ရွှေသင်္ကန်းများ   ကပ်လှူပူဇော်ကြ သည်။


ရွှေသင်္ကန်းများကပ်လှူပူဇော်


ယင်းနောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ          ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ က            အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားအား ဆွမ်း၊ သောက် တော်ရေချမ်း၊ ပန်းနှင့်  ဆီမီးတို့ ကပ်လှူပူဇော်  ဖူးမြော်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းလေးဖောင်တော်ဦး  မြတ်စွာ ဘုရားအား           ရွှေသင်္ကန်းများ ကပ်လှူပူဇော်   ဖူးမြော်ကြည်ညို ကြသည်။ 


ဆက်လက်၍          အင်းလေး ဖောင်တော်ဦး  ရုပ်ပွားတော်မြတ် များ ညောင်ရွှေစံကျောင်းတော်ဝင် ပွဲအခမ်းအနားကို   နမောတဿ      သုံးကြိမ်ရွတ်ဆိုဘုရား   ကန်တော့ ဖွင့်လှစ်ကြပြီး         နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ              ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ ဝင်များနှင့်    ဒေသခံတိုင်းရင်းသားပြည်သူတို့က             ညောင်ရွှေမြို့ ကန်ကြီးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာဝံသထံ မှ  ငါးပါးသီလခံယူ  ဆောက်တည် ကြသည်။ ထို့နောက် ဆရာတော် သံဃာတော်   အရှင်သူမြတ်များ ရွတ်ပွား    သရဇ္ဈာယ်တော်မူကြ သည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။


လှူဖွယ်ပစ္စည်းများဆက်ကပ်


၎င်းနောက်        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ         ဥက္ကဋ္ဌ           နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   ဇနီး၊ အဖွဲ့ဝင်များက     ဆရာတော်ကြီး များထံသို့    လှူဖွယ်ပစ္စည်းများ ဆက်ကပ်         လှူဒါန်းသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊  အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ သည်    ကန်ကြီးကျောင်းတိုက်  ဦးစီးပဓာန နာယက ဆရာတော် ထံမှ  အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက်  ရေစက် သွန်းချ အမျှပေးဝေကြကာ “ဗုဒ္ဓ သာသနံ  စိရံ  တိဋ္ဌတု”  သုံးကြိမ် ရွတ်ဆိုဆုတောင်းကာ    အခမ်း အနားကို ရုပ်သိမ်းခဲ့ကြသည်။


ပေးအပ်လှူဒါန်း


ထို့နောက်        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ         ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   ဇနီး တို့က  အဋ္ဌဒိသာဓမ္မဝိဟာရဒေသ စာရီ  ကျောင်းတော်ကြီး  ဘက်စုံ မွမ်းမံ         ထိန်းသိမ်းပြုပြင် စောင့်ရှောက်ရန်အတွက်   ဘက်စုံ အလှူငွေများကို ပေးအပ်လှူဒါန်း ရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြသည်။


ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး         ဦးဆောင် သည့် အဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းတွင်လည်း တောင်ကြီး မြို့   ကျက်သရေဆောင်  ရွှေဘုန်း ပွင့်စေတီတော်မြတ်ကြီးနှင့် စူဠာ မုနိလောကချမ်းသာ စေတီတော် တို့သို့          သွားရောက်ဖူးမြော် ကြည်ညိုသည်။


ဖူးမြော်ကြည်ညို


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးဂေါပကအဖွဲ့   အလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ  ဦးဝင်းအောင်နှင့်အဖွဲ့ ဝင်များက        ကြိုဆိုနှုတ်ဆက်ကြ သည်။    ထို့နောက်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ဇနီး၊ အဖွဲ့ဝင်များသည်        စေတီတော် မြတ်ကြီးအား  ပန်း  ရေချမ်း  ဆီမီး ကပ်လှူပူဇော်ပြီး စေတီတော်မြတ် ကြီးအား လက်ယာရစ် လှည့်လည် ဖူးမြော်ကြည်ညိုကြသည်။ 
ယင်းနောက် စေတီတော်မြတ် ကြီးပေါ်ရှိ ရှုခင်းသာ  View  Point မှတစ်ဆင့်      တောင်ကြီးမြို့၏  အလှအပများကို         ကြည့်ရှုကာ တောင်ကြီးမြို့သည်  မိမိတို့နိုင်ငံရှိ အထင်ကရမြို့ကြီးများတွင် ပါဝင် ပြီး စည်းကမ်းစနစ်တကျရှိသည့် မြို့၊   သန့်ရှင်းသာယာလှပသည့် မြို့ဖြစ်စေရေးအားလုံးက ဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုသည့် အခြေ အနေများ၊   မြို့၏   သဘာဝအရင်း အမြစ်များ   မပျောက်ပျက်ရန်နှင့် ရေရှည်တည်တံ့  ခိုင်မြဲမှုရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ် သည့် အခြေအနေများနှင့် မြစိမ်း တောင် တောင်တက်လမ်းကို ယခု ထက်ပြေပြစ်ချောမွေ့သည့် လမ်း ကြောင်းအဖြစ် ပြန်လည်ပြုပြင်နိုင် ရေးနှင့် မြို့လယ် ဗိုလ်ချုပ်လမ်းမ ကြီးအား   အဆင့်မြှင့်တင်နိုင်ရေး သုတေသနပြု    ဆန်းစစ်သွားရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍   တာဝန်ရှိသူများအား    ဆွေးနွေးမှာကြားခဲ့သည်။


ထို့နောက်       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ        ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ဇနီး တို့က   စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကို  ပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့၊ အလုပ် အမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များက လက်ခံရယူခဲ့ကြသည်။


လက်မှတ်ရေးထိုးပူဇော်ခဲ့


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရွှေဘုန်း ပွင့်စေတီတော်မြတ်ကြီး ဧည့်သည် တော်      မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်ခဲ့သည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် စူဠာမုနိလောကချမ်းသာ စေတီတော်သို့   ရောက်ရှိကြရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ  ဦးညိုလုံးနှင့် အဖွဲ့ဝင်များက     ကြိုဆိုနှုတ်ဆက် ကြသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ         ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်         စေတီတော်လိုဏ် အတွင်းရှိ   ဗုဒ္ဓရုပ်ပွားတော်မြတ် အား  ဖူးမြော်ကြည်ညိုကာ ပန်း၊သောက်တော်ရေချမ်း  ကပ်လှူ ပူဇော်သည်။


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်           စေတီတော်လိုဏ် အတွင်းနှင့်   အပြင်ပတ်လမ်းတို့ အား   လက်ယာရစ်  လှည့်လည် ဖူးမြော်ကြည်ညိုရာ ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယခု နှစ်   မေလအတွင်း    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက် ဖူးမြော်စဉ် ပြုပြင်မွမ်းမံထိန်းသိမ်း ရန်  မှာကြားချက်များအား ဆောင် ရွက်ပြီးစီးမှု   အခြေအနေများကို လိုက်လံရှင်းလင်း   တင်ပြသည်။ ရှင်းလင်း    တင်ပြမှုများအပေါ် နိုင်ငံတော်          စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က  စေတီတော်ကြီး ရေရှည် တည်တံ့ခိုင်မြဲရေးနှင့်    ဘုရားဖူး လာပြည်သူများ စိတ်အေးချမ်းသာ စွာ          ဖူးမြော်ကြည်ညိုနိုင်ရေး စဉ်ဆက်မပြတ်   ထိန်းသိမ်းဆောင် ရွက်သွားရန်  လိုအပ်သည်များကို မှာကြားသည်။ ထိုသို့ လှည့်လည် ဖူးမြော်စဉ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ         နိုင်ငံတော် ဝန်ကြီးချုပ်သည်    ဘုရားဖူးလာ ပြည်သူများအား   ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


၎င်းနောက်        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ         ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ က         စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကို   ပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက        လက်ခံရယူ သည်။ ထို့နောက် စူဠာမုနိလောက ချမ်းသာစေတီတော်   ဧည့်သည် တော်       မှတ်တမ်းစာအုပ်တွင် နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က   လက်မှတ်ရေးထိုးပူဇော်ခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်