နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် ရှရီ ဟာ့ရှ် ဗာ့ဒ်ဟန် ရှရင်ဂလာအား လက်ခံတွေ့ဆုံ

နေပြည်တော်   ဒီဇင်ဘာ   ၂၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်   အိန္ဒိယနိုင်ငံ ပြည်ပ ရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် ရှရီ ဟာ့ရှ် ဗာ့ဒ်ဟန် ရှရင်ဂလာအား ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်   ကုန်းမြင့်သာရှိ      ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


ဆွေးနွေး


ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရနှင့်   တပ်မတော်နှစ်ရပ် အကြား     ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်       သွားရောက်ခဲ့မှုအခြေအနေ၊ နှစ်နိုင်ငံ       ပူးပေါင်းဆောင်ရွက်မှုများ ကြောင့် နှစ်နိုင်ငံကုန်သွယ်ရေး တိုးတက် ခဲ့မှုအခြေအနေနှင့်    ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင်   နှစ်နိုင်ငံတိုက်ရိုက် ကုန်သွယ်နိုင်ရေး    ဆောင်ရွက်နိုင်မည့် အခြေအနေ၊     ပင်လယ်ရေကြောင်း တိုက်ရိုက်ကုန်သွယ်ရေးဆိုင်ရာ ဆောင်ရွက် နိုင်မည့်အခြေအနေ၊ နယ်စပ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက်    ပိုမိုပူးပေါင်း ဆောင်ရွက်မည့်အခြေအနေ၊ မြန်မာနိုင်ငံ တွင်  လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများ အတွက် လိုအပ်သည့် အခြေခံအဆောက် အအုံများအား အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မည့်အခြေအနေ၊ လေ့ကျင့်ရေး နှင့်     ပညာသင်ကြားရေး အခြေအနေ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ    ဖွံ့ဖြိုး တိုးတက်စေရေးအတွက် နည်းပညာရပ် ပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ အိန္ဒိယ နိုင်ငံမှ    ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေးများ ရောင်းချပေးနေမှုနှင့် လှူဒါန်းပေးနေမှုအခြေအနေ၊   ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ     ဖြစ်ပွားခဲ့မှုကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် အညီ တပ်မတော်မှ နိုင်ငံတော်တာဝန်အား ထမ်းဆောင်ခဲ့ရမှုအခြေအနေ၊ အကြမ်းဖက် အဖွဲ့များမှ   နိုင်ငံအတွင်း  အကြမ်းဖက် လုပ်ရပ်များဆောင်ရွက်နေမှု အခြေအနေ နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအား အကြမ်းဖက် မှုအပေါ် တုံ့ပြန်ရေးအခြေအနေ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ     တည်ငြိမ်အေးချမ်းရေး အတွက်   ဆောင်ရွက်နေမှုအခြေအနေ များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။


တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန်     တို့သည် အမှတ်တရ    လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။


အဆိုပါတွေ့ဆုံပွဲသို့    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ   ကောင်စီတွဲဖက် အတွင်းရေးမှူး    ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊      နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်        နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး  အိန္ဒိယနိုင်ငံ  ပြည်ပ ရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ  သံအမတ်ကြီး H.E. Mr. Shri Saurabh     Kumar ၊ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း  သိရသည်။           

သတင်းစဉ်