နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျိုင်းတုံလေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်နိုင်မည့် အခြေအနေများနှင့် ကျိုင်းတုံဟော်နန်း ပုံစံတူတည်ဆောက်နေမှု အခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်    မေ    ၁၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေး      ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   သည်   ယနေ့ညနေပိုင်းတွင်  ကောင်စီတွဲဖက်အတွင်း ရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး    ရဲဝင်းဦး၊     ကောင်စီဝင် များ၊     ပြည်ထောင်စုဝန်ကြီးများ၊    ကာကွယ်ရေး  ဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများနှင့်   တာဝန်  ရှိသူများလိုက်ပါ၍       ရှမ်းပြည်နယ်  (အရှေ့ပိုင်း)   ကျိုင်းတုံမြို့ ကျိုင်းတုံလေဆိပ်   အဆင့်မြှင့်တင်နိုင် မည့်   အခြေအနေများနှင့်      ကျိုင်းတုံဟော်နန်းပုံစံတူ တည်ဆောက်နေမှုအခြေအနေများကို      သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံ  မြို့သို့ရောက်ရှိကြရာ      ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊     တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်နီလင်းအောင် နှင့်   ဌာနဆိုင်ရာ တာဝန်ရှိသူများက     လှိုက်လှဲစွာ    ကြိုဆိုနှုတ်ဆက် ကြသည်။

 


ထို့နောက် လေဆိပ်ရှင်းလင်းဆောင်တွင် ဒုတိယ  ဝန်ကြီးချုပ်နှင့်    ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်       စစ်အင်ဂျင်နီယာ      ညွှန်ကြား ရေးမှူးရုံး  ညွှန်ကြားရေးမှူး  ဗိုလ်မှူးချုပ်ဇော်နိုင်ဦး  တို့က ကျိုင်းတုံလေဆိပ် သမိုင်းအကျဉ်းနှင့် လေဆိပ် ဆိုင်ရာများ၊ လေယာဉ်ပြေးလမ်းနှင့်  လေဆိပ်အဆင့်  မြှင့်တင်နိုင်မည့်    အခြေအနေများ၊    ဆက်လက် ဆောင်ရွက်သွားမည့်     လျာထားစီမံကိန်းလုပ်ငန်း ဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။

 


တိုက်ရိုက်ပျံသန်းဆင်းသက်နိုင်


ရှင်းလင်းတင်ပြမှုများအပေါ်      နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ကျိုင်းတုံမြို့သည်         ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏  မြို့တော်ဖြစ်ပြီး လမ်းပန်းဆက်သွယ်မှုဝေးကွာသည့် နေရာတစ်ခုလည်းဖြစ်ကြောင်း၊ ကျိုင်းတုံဒေသသည် သာယာလှပသည့်   သဘာဝပတ်ဝန်းကျင်   ရေမြေ တောတောင်ကို    ပိုင်ဆိုင်ထားရှိပြီးဖြစ်ပြီး    ပန်ကွဲ ကျေးရွာရှိဗုဒ္ဓဥယျာဉ်၊    လွယ်မွေအပန်းဖြေတောင် စခန်းမြို့နှင့် အခြား လည်ပတ်နိုင်သည့် နေရာများစွာ ရှိကြောင်း၊ ယခုအခါ ပြည်တွင်းခရီးစဉ်များ၌ ဝေးကွာ သည့်နေရာများသို့ ဂျက်လေယာဉ်များကို  အသုံးပြု လာပြီဖြစ်ကြောင်း၊  မိမိတို့နိုင်ငံတွင် အသုံးပြုလျက် ရှိသော လေယာဉ်ကြီးများ  ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်  ဆောင်ရွက်ရန်လိုကြောင်း၊ အိမ်နီး နားချင်းနိုင်ငံများနှင့်    ချိတ်ဆက်ဆောင်ရွက်ရာတွင်  လည်း လာအိုနိုင်ငံ၊   တရုတ်နိုင်ငံနှင့်   ထိုင်းနိုင်ငံများမှ  ကျိုင်းတုံလေဆိပ်သို့     တိုက်ရိုက်ပျံသန်းဆင်းသက် နိုင်ရေး    ဆောင်ရွက်ရန်လိုကြောင်း၊    ကျိုင်းတုံမြို့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသ နှင့်ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကို    အထောက်အကူပြုစေရန်     ယခုကဲ့သို့အဆင့် မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း      ပြောကြား သည်။

 


လိုက်လံကြည့်ရှုစစ်ဆေး


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံလေယာဉ်ကွင်း၊ လေယာဉ်ပြေးလမ်း အဆင့် မြှင့်တင်နိုင်ရေး      လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန် ရှိသူများ၏   တင်ပြချက်များအပေါ်   လိုအပ်သည်များ မှာကြားသည်။

 


ညှိနှိုင်းဆောင်ရွက်


ဆက်လက်၍         နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင် များသည် နောင်တုံကန်အနီးရှိ ဟော်နန်းဥယျာဉ်မြေ၊  ဟော်နန်းမြေနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိသည့် နေရာတွင် ကျိုင်းတုံဟော်နန်းပုံစံတူ တည်ဆောက် ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူများ၏တင်ပြချက်များအပေါ်     လိုအပ်သည်များ    ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်သည်   နောင်တုံကန်   ပြုပြင်ထိန်းသိမ်းထားရှိမှု          အခြေအနေများကို  သွားရောက်ကြည့်ရှုစစ်ဆေးရာ    စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးနှင့် နယ်မြေခံ စစ်မြေပြင်အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူတစ်ဦးက နောင်တုံကန် ရေဝင်၊ ရေထွက် အခြေအနေများနှင့် ကန်ရေကို    ထိခိုက်မှုမရှိစေဘဲ   သဲနုန်းတူးဖော်ရေး လုပ်ငန်းကို နုန်းများကိုအရည်ပျော်စေ၍  စုပ်ထုတ် ဆောင်ရွက်မှုအခြေအနေများ၊ ထို့ကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်  ရွက်နိုင်မှုအခြေအနေများ၊   ရေအောက်မြေမျက်နှာ သွင်ပြင်တိုင်းတာခြင်းနှင့်      ပုံထုတ်ခြင်းလုပ်ငန်း (Sonic water Level meter) များကို ဆောင်ရွက်ပြီး သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများကို      စနစ်တကျ  ဆောင်ရွက်လျက်ရှိမှုနှင့်  ကန်ရေသန့်ရှင်းမှုရှိစေရေး ခေတ်မီစက်ကိရိယာ၊    ယန္တရားများကို     အသုံးပြု ဆောင်ရွက်လျက်ရှိသည့်  အခြေအနေများကို တင်ပြ သည်။

 


တင်ပြမှုများအပေါ်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်က   လိုအပ် သည်များ    လမ်းညွှန်မှာကြားခဲ့ပြီး    ကန်ပတ်လမ်း တစ်လျှောက်     လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။                                

သတင်းစဉ်