နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းဆောင်ရွက်

နေပြည်တော်   အောက်တိုဘာ   

 ယနေ့မှစတင်၍   နိုင်ငံတစ်ဝန်း၌  လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို      ဆောင်ရွက် လျက်ရှိပြီး အောက်တိုဘာ   ၁၅   ရက်အထိ   ၁၅     ရက်ကြာ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

 ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး   မင်းအောင်လှိုင်၏ မိသားစု လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဦးဆောင်သည့် သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ တပ်မတော် ဧည့်ရိပ်သာသို့ လာရောက်၍ စာရင်းကောက်ယူကြသည်။

 ပြည့်ပြည့်စုံစုံဖြေကြား

သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က သန်းခေါင်စာရင်းမေးခွန်းများကို မေးမြန်းဖြည့်စွက်ကြရာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က   ပြည့်ပြည့်စုံစုံ ဖြေကြားခဲ့သည်။

အလားတူ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ မိသားစု လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး   ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ မိသားစု လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊  ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း တို့ကိုလည်း ၎င်းတို့၏ နေအိမ်များသို့ သွားရောက်၍ စာရင်းကောက်ယူခဲ့ကြသည်။

 နိုင်ငံတစ်နိုင်ငံသည် သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိသော လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက် အလက်များအပေါ်အခြေခံ၍ နိုင်ငံ၏  လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ကဏ္ဍ အလိုက် အချိုးညီညီဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို     အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်သဖြင့်     လူဦးရေသန်းခေါင် စာရင်း   ကောက်ယူခြင်းလုပ်ငန်းကို   နိုင်ငံအလိုက် ၁၀ နှစ်လျှင်တစ်ကြိမ် ဆောင်ရွက်လျက်ရှိသည်။

 အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်

သန်းခေါင်စာရင်းမှရရှိသော အချက်အလက်များ သည် နိုင်ငံတော်အစိုးရအပါအဝင် ဝန်ကြီးဌာနများ နှင့်သာ သက်ဆိုင်ခြင်းမဟုတ်ဘဲ နိုင်ငံအတွင်းရှိ ပြည်သူအားလုံးနှင့် သက်ဆိုင်ပြီး လူတစ်ဦးချင်းစီမှ  အဖွဲ့အစည်းအလိုက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  နိုင်ငံရေး၊ စီးပွားရေး၊  လူမှုရေး၊  ကာကွယ်ရေး နှင့်  ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကိစ္စရပ်များ၏ ဘက်စုံ၊ ကဏ္ဍစုံအတွက် မဖြစ်မနေ အခြေခံအသုံးပြု ရသည့်  အချက်အလက်များဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိကကောက်ယူ အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ပြည်သူအားလုံးနှင့် သက်ဆိုင်သည့် လုပ်ငန်းဖြစ်သည်နှင့်အညီ အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြမှသာ  အောင်မြင်နိုင်မည့် လုပ်ငန်းတစ်ခုဖြစ်သည်။

 ယခု ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို မြန်မာနိုင်ငံ၏ တိကျမှန်ကန်သည့်    လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက် အလက်များကို  အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄  ခုနှစ်ကြား ၁၀  နှစ်အတွင်း  မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာပြောင်းလဲမှုများကို နှိုင်းယှဉ် လေ့လာသုတေသနပြုလုပ်ပြီး လိုအပ်သည့် မူဝါဒများ၊    မဟာဗျူဟာနှင့် နည်းဗျူဟာများကို ချမှတ် နိုင်ရန်၊ ကဏ္ဍအလိုက် ချမှတ်ဆောင်ရွက်မည့် စီမံကိန်းများကို အထောက်အကူပြုနိုင်ရန်၊ မြန်မာ နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP) ကို အကောင်အထည် ဖော်ရာတွင် လိုအပ်သည့် အညွှန်းကိန်းများ ပံ့ပိုးပေးနိုင်ရန်နှင့် အမျိုးသားစာရင်းအင်းစနစ်၏ စာရင်းအင်းကဏ္ဍ   ဖွံ့ဖြိုး တိုးတက်ရေး   အမျိုးသားအဆင့် မဟာဗျူဟာကို   အထောက်အပံ့ပြုနိုင်ရန်  စသည့်ရည်ရွယ်ချက် များဖြင့် ကောက်ယူနေခြင်းဖြစ်ကြောင်း သိရှိရသန်းခေါင်စာရင်းဆိုင်ရာ မေးခွန်း ၄၁ ခုကိုသာ မေးမြန်းကောက်ယူခဲ့သော်လည်း ယခု ၂၀၂၄ ခုနှစ်တွင် စာရင်းအချက်အလက်များ  ပိုမိုပြီးပြည့်စုံစေရေးအတွက် မေးခွန်း  ၂၇  ချက် တိုးမြှင့်၍ သန်းခေါင်စာရင်းဆိုင်ရာမေးခွန်း ၆၈ ခုကို မေးမြန်းကောက်ယူသွားမည်ဖြစ်ကြောင်း      သိရှိရသည်။                        

 ကြိုတင်အကြောင်းကြားမည်ဖြစ်

ထပ်မံတိုးမြှင့်ကောက်ခံမည့်    အချက်အလက် များမှ ထင်ရှားသောဥပမာအနေဖြင့် ပညာရေးကဏ္ဍ တွင် ကျောင်းဆက်လက် မတက်ရောက်ရသည့်အဓိက အကြောင်းရင်း၊ အိမ်အကြောင်းအရာ ကဏ္ဍတွင်    အမှိုက်စွန့်ပစ်မှုစနစ်၊  သန့်ရှင်းမှုစနစ် စသည်ဖြင့် တိုးမြှင့်မေးမြန်းထားသည်ကို တွေ့ရှိရပြီး ယင်းအချက်များမှာ ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတို့တွင် အစိုးရမှမည်ကဲ့သို့ ဖြည့်ဆည်းပေးရမည်ကို သုံးသပ်သည့် မေးခွန်းများဖြစ်သဖြင့်  လက်တွေ့အသုံး ဝင်သည့်   အချက်အလက်များပင်ဖြစ်ကြောင်း၊   စာရင်းကောက်ယူသူများက   နံနက်   နာရီမှ  ညနေ    နာရီအတွင်း   နေအိမ်များသို့ လာရောက်စာရင်းကောက်ယူမည်ဖြစ်ပြီး နေအိမ် များသို့    စာရင်းလာကောက်မည့်နေ့ကို ကြိုတင်အကြောင်းကြားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းသည် အိမ်ထောင်စုစာရင်း ပုံစံ(၆၆/သို့မဟုတ် ပုံစံ(၁၀ရှိခြင်းမရှိခြင်း၊ နိုင်ငံသား စိစစ် ရေးကတ်ပြားရှိခြင်း/မရှိခြင်းနှင့် မသက်ဆိုင်ကြောင်း၊ တိုင်းရင်းသားဖြစ်ခြင်း၊ မဖြစ်ခြင်း၊ နိုင်ငံသားဖြစ်ခြင်း၊  မဖြစ်ခြင်းနှင့် မသက်ဆိုင်ကြောင်း၊ သန်းခေါင်စာရင်း  ထည့်သွင်းမကောက်ရ မည့်သူများမှအပ သန်းခေါင် စာရင်းရည်ညွှန်းချိန်တွင်   မြန်မာနိုင်ငံ  နယ်နိမိတ် အတွင်းရှိနေသူ အားလုံးကို စာရင်းကောက်ယူမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းအားဖြင့် သိရှိရ သော    ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍    အခွန် ကောက်ခံခြင်း၊ အရေးယူခြင်းတို့ကို လုံးဝပြုလုပ်မည် မဟုတ်ကြောင်း၊ သန်းခေါင်စာရင်းမေးခွန်းတွင် မေးမြန်းထားသော နိုင်ငံခြားသို့ ရောက်ရှိနေကြသော အိမ်ထောင်စုဝင်များအတွက်လည်း စိုးရိမ်ရန်မလိုကြောင်းနှင့် မည်သို့မျှအရေးယူမည် မဟုတ်ကြောင်း သိရှိရသည်။

သတင်းစဉ်