နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသာမက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များတွင်လည်း ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေး  

နေပြည်တော်   အောက်တိုဘာ   ၂၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင်  နေပြည်တော်ရှိ   တပ်မတော်ဧည့်ရိပ်သာ၌  လက်ခံတွေ့ဆုံသည်။  

 


အဆိုပါတွေ့ဆုံပွဲသို့    နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ    စီမံကိန်းနှင့်   ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊   အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန         ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊   မြန်မာ -  ရုရှား ချစ်ကြည်ရေးအသင်း      ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်        အောင်သော် (အငြိမ်းစား)တို့     တက်ရောက် ကြပြီး ရုရှား-မြန်မာ ချစ်ကြည်ရေး နှင့်   ပူးပေါင်းဆောင်ရွက်ရေး အသင်း    ဒုတိယဥက္ကဋ္ဌ   Mr.   Anatoly   Bulochnikov  နှင့် ကိုယ်စားလှယ်    အဖွဲ့ဝင်များ    တက်ရောက်ကြသည်။

 


ထိုသို့  တွေ့ဆုံဆွေးနွေးရာတွင်  နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်း ၌   လောင်စာဆီနှင့်   သဘာဝ ဓာတ်ငွေ့များ၊   ဘိလပ်မြေနှင့် သံမဏိထုတ်လုပ်ရေး၊   ဓာတ်မြေ ဩဇာများ         လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက်   နည်း ပညာနှင့်   ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးနှင့်    လျှပ်စစ်ဓာတ်အား အသုံးပြု၍      အများပြည်သူ ပို့ဆောင်ရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက် မည့် အခြေအနေ၊ နှစ်နိုင်ငံအကြား သွားလာမှု      အဆင်ပြေစေရန် အတွက် တိုက်ရိုက်လေကြောင်း လိုင်းပြေးဆွဲရေး    အခြေအနေ၊ နှစ်နိုင်ငံ  စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများသာမက ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်း၊  ကျန်းမာ ရေး၊   ပညာရေးနှင့်   ယဉ်ကျေးမှု ဆိုင်ရာ   ကိစ္စရပ်များတွင်လည်း ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍   ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်   ဆွေးနွေးကြ သည်။

 


မှတ်တမ်းတင်ဓာတ်ပုံရိုက်


တွေ့ဆုံပွဲအပြီးတွင်   နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှား-မြန်မာ   ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌတို့သည် လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ် ကြပြီး     တက်ရောက်လာကြသူ များနှင့်အတူ   စုပေါင်းမှတ်တမ်း တင်      ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။      


သတင်းစဉ်