နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်မှ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖိုဒ့် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

 

 

နေပြည်တော်  အောက်တိုဘာ   ၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ       ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်           ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည်  ယနေ့  နံနက်ပိုင်းတွင်  ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊  ရှမ်းပြည် နယ်ဝန်ကြီးချုပ်၊       ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်  တိုင်းမှူးနှင့်   တာဝန်ရှိသူများ လိုက်ပါ၍ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ပန်းတင်ကျေးရွာအုပ်စု         ဘုရားဖြူရပ်ကွက်ရှိ  ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (Shan State Buddish University) သို့သွားရောက်၍ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖိုဒ့် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များ သည်  ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ကို   ဦးဆောင် တည်ထောင်သူ အောက်စဖိုဒ့်တက္ကသိုလ်၏  Fellow  နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏  ပါမောက္ခဆရာတော်  ဒေါက်တာ  ဘဒ္ဒန္တ  ဓမ္မသာမိအား   ဖူးမြော်ကြည်ညိုကြသည်။ ထို့နောက် ဆရာတော်၏ ကျန်းမာရေးဆိုင်ရာများ ကို မေးမြန်းလျှောက်ထားပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော် တွင် တည်ထားပူဇော်မည့် ဘူမိဖဿမုဒြာထိုင်တော် မူ  ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် “မာရဝိဇယ  ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး”ကို မြန်မာနိုင်ငံတွင်   ထေရ ဝါဒဗုဒ္ဓသာသနာတော်ကြီး     ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိသည်ကို           ကမ္ဘာကိုပြသရန်၊  တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊   ရုပ်ပွား တော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့်    ဒေသတိုးတက်စည်ကားမှု ဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အထောက် အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရေးလုပ်ငန်းများ  ဆောင်ရွက် လျက်ရှိ သည့် အခြေအနေများနှင့် ထေရဝါဒ ဗုဒ္ဓ သာသနာတော်ထွန်းကားပြန့်ပွားရေး၊      ကမ္ဘာ့ နိုင်ငံများမှ လွယ်ကူစွာ လေ့လာနိုင်ရေး ဆောင်ရွက် နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ လျှောက် ထားတင်ပြရာ  ဆရာတော်က   လိုအပ်သည်များ ပြန်လည် လမ်းညွှန်မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင်များသည် အောက်စဖိုဒ့်ဆရာတော်   အမှူးပြုသည့်  သံဃာ တော်များအား  လှူဖွယ်ပစ္စည်းများနှင့်   နဝကမ္မ အလှူငွေများကို ပေးအပ်လှူဒါန်းရာ ဆရာတော်က ဓမ္မလက်ဆောင်များ   ပြန်လည်     ချီးမြှင့်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်၏ ဧည့်သည်တော်မှတ်တမ်း စာအုပ် တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။


ဆက်လက်ပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊   ဇနီးနှင့် အဖွဲ့ဝင်များသည်   ဗုဒ္ဓတက္ကသိုလ်ရှိ     ပိဋကတ် စာကြည့်တိုက်ရှေ့တွင် ထိုင်ဝမ် ဗာဒံပင်အား အမှတ် တရစုပေါင်းစိုက်ပျိုးပေးရာ    သံဃာတော်များက မေတ္တာပို့ တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ပေး ကြသည်။ ထို့နောက်  စာကြည့်တိုက်အတွင်း  ခင်း ကျင်းပြသထားသည့် အင်္ဂလိပ်ဘာသာ၊ ကိုရီးယား ဘာသာ၊ သီရိလင်္ကာဘာသာ အပါအဝင် ဘာသာ စာပေ ၁၂ မျိုးဖြင့် ပြန်ဆိုထားရှိသည့် ပိဋကတ်သုံးပုံ တရားတော်စာအုပ်စာပေများ၊   မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာများဖြင့် ထုတ်ဝေထားသည့်   ဗုဒ္ဓ စာပေဆိုင်ရာ စာအုပ်စာတမ်းများ၊  စာကြည့်တိုက် အတွင်း ပြည်တွင်း၊ ပြည်ပမှ သံဃာတော်များနှင့်  သာသနာ့နွယ်ဝင် သီလရှင်ဆရာလေးများ၏ စာပေ လေ့လာနေမှုများ၊ စာကြည့်တိုက်ကို နိုင်ငံတကာ အဆင့်မီနည်းပညာသုံး    ပိဋကတ်စာကြည့်တိုက် ဖြစ်လာစေရန် သန္နိဋ္ဌာန်ထား၍ စီမံကိန်းများချမှတ် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို လိုက်လံ ကြည့်ရှုလေ့လာကြရာ    အောက်စဖိုဒ့်ဆရာတော် ကြီးနှင့် စာကြည့်တိုက်တာဝန်ခံ သံဃာတော်များက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။


အဆိုပါ  ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (Shan State Buddish University)ကို  ဦးဆောင် တည်ထောင်သူ ဆရာတော်  ဒေါက်တာ ဘဒ္ဒန္တ ဓမ္မ သာမိ ကို ၁၉၆၄ ခုနှစ်တွင် ရှမ်းပြည်နယ် လဲချားမြို့ နောင်ပန်ကျေးရွာတွင် မွေးဖွားခဲ့ပြီး သက်တော်  ၆ နှစ်၌ လဲချားမြို့  သီရိမင်္ဂလာအုဋ်ကျောင်းဆရာတော် ထံတွင် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ သက်တော် ၁၉ နှစ်တွင် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ ကာ မြန်မာနိုင်ငံရှိ  ဗုဒ္ဓဘာသာဆိုင်ရာတက္ကသိုလ်များ၊ နိုင်ငံတကာ ဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်များတွင် ထူးချွန်ဆုများအသီးသီးရရှိခဲ့ကာ ၂၀၀၄ ခုနှစ်တွင် Oriental Institute, University of Oxford မှ ပါရဂူ ဘွဲ့ကိုရရှိခဲ့ကြောင်း၊ ထို့နောက် ကမ္ဘာ့နိုင်ငံအသီးသီး သို့  အလျဉ်းသင့်သလို  ကြွရောက်၍  နိုင်ငံတကာ တက္ကသိုလ်များ၊ ကောလိပ်များတွင် သာသနာပြု တာဝန်များကို   ထမ်းဆောင်တော်မူခဲ့ကြောင်း၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (Shan State Buddish University)ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက် နေ့တွင်   တည်ထောင်ဖွင့်လှစ်ခဲ့ပြီး    မြန်မာနိုင်ငံ အတွင်း   ဗုဒ္ဓဘာသာပညာရေးကဏ္ဍကို    ကမ္ဘာ့ တက္ကသိုလ်ကြီးများကဲ့သို့ ဗုဒ္ဓဘာသာအတွေးအခေါ် များ၊ တရားဓမ္မများကို နိုင်ငံတကာအဆင့်မီ သုတေ သနပြု   လေ့လာသင်ကြားပို့ချနိုင်သည့်  တက္ကသိုလ် ကြီးအဖြစ် ဖြစ်ထွန်းလာစေရေး အားသွန်ခွန်စိုက် ကြိုးပမ်းတော်မူလျက်ရှိကြောင်းနှင့် ဗုဒ္ဓသာသနာ တော် ထွန်းကားပြန့်ပွားရေးဆိုင်ရာ စာပေများကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် ရေးသားပြုစုထုတ်ဝေခြင်း၊ ဘာသာပြန်ဆိုခြင်းကို လည်း  လုပ်ဆောင်ကာ ဘာသာသာသနာတော် အကျိုးကို ကြိုးပမ်းအားထုတ်  ဖော်ဆောင်တော်မူ လျက်ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်