နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇွန်   ၂၆


ပြည်ထောင်စုနယ်မြေ  နေပြည်တော်  ဒက္ခိဏသီရိ မြို့နယ်         မာရဝိဇယ        ဗုဒ္ဓဥယျာဉ်တော်တွင် တည်ဆောက်လျက်ရှိသည့်      ကမ္ဘာ့အကြီးဆုံး ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး    တည်ထား ကိုးကွယ်ရန် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က ယနေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေး သည်။

 


ရှင်းလင်းတင်ပြ


ဦးစွာ ရှင်းလင်းဆောင်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ   ဒုတိယဗိုလ်ချုပ်ကြီး   ကျော်စွာလင်း၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် တပ်မတော်အရာရှိ ကြီးများက    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ယခင်ရောက်ရှိ စစ်ဆေး စဉ် စစ်ဆေးတွေ့ရှိချက်၊ လမ်းညွှန်မှာကြားချက်များ ကို   အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိမှု၊ မာရဝိဇယ   ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  တည်ထား ကိုးကွယ်ရေးလုပ်ငန်းများ  တိုးတက်မှုအခြေအနေ နှင့် ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ ရေပန်းဝိုင်းနှင့် ကျောက်စာရုံစေတီများ တည်ဆောက်နေမှု၊ ပိဋကတ် သုံးပုံ ကျောက်စာများကို ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ရေးထွင်းလျက်ရှိမှု၊ နဂါးရုံဘုရားအား ဆရာတော်ဘုရားကြီးများ၏ လမ်းညွှန်မိန့်ကြားချက် များနှင့်အညီ  တည်ထားကိုကွယ်ရန် ဆောင်ရွက် လျက်ရှိမှု၊   ပိဋကတ်သုံးပုံကျမ်းစာများကို   ပုံနှိပ် ထုတ်ဝေ၍  လှူဒါန်းမှုများပြုလုပ်ရန်  ဆောင်ရွက် လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 


စနစ်တကျကြပ်မတ်ဆောင်ရွက်


ရှင်းလင်းတင်ပြမှုများအပေါ်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ယခုမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်မည့်နေရာသည်  ဘုရား၊  သိမ်၊  ကျောင်း၊ ကန်၊ တံတားနှင့် မြောင်းများ ပြည့်စုံစွာပါဝင်သည့် နေရာတစ်ခုဖြစ်ကြောင်း၊ နဂါးရုံဘုရားကို တည်ထား ကိုးကွယ်ရာတွင်     ဆရာတော်ဘုရားကြီးများ၏ လမ်းညွှန်မိန့်ကြားချက်များနှင့်အညီ     တည်ထား ကိုးကွယ်ရန်လိုသကဲ့သို့ ပိဋကတ်တော်လာစာပေကျမ်းဂန်များနှင့်လည်း      ကိုက်ညီရန်လိုကြောင်း၊ ပိဋကတ်သုံးပုံကျမ်းစာများကို       ထုတ်ဝေရေး ဆောင်ရွက်ရာတွင်    နိုင်ငံတကာအဆင့်အတန်းမီ သည့်    ပုံနှိပ်ထုတ်ဝေမှုမျိုးဖြင့်    ခံ့ညားထည်ဝါမှု ရှိအောင် စနစ်တကျဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ပိဋကတ်သုံးပုံကျမ်းစာအုပ်များကို  လှူဒါန်းလိုသည့် အလှူရှင်များ လှူဒါန်းနိုင်ရေးအတွက်လည်းအသိပေး နှိုးဆော်ရမည်ဖြစ်ကြောင်း၊        ပိဋကတ်သုံးပုံ ကျောက်စာချပ်များထားရှိမည့် ကျောက်စာရုံစေတီ များ ရာသီဥတုဒဏ် ခံနိုင်ရေးနှင့် ကျောက်စာချပ်များ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် တည်ဆောက် ရေးလုပ်ငန်းများ       ဆောင်ရွက်ချိန်ကတည်းက တာဝန်ရှိသူများက စနစ်တကျကြပ်မတ် ဆောင်ရွက် နေရန်လိုကြောင်း မှာကြားသည်။

 


ယင်းနောက်         နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်     မာရဝိဇယ   ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ပလ္လင်တော်အကြမ်းထည် တည်ဆောက်ပြီးစီးမှု၊ ကျောက်စာချပ်များကို ခေတ်မီ စက်ကိရိယာဖြင့် ထွင်းထုနေမှု၊ ရတနာပုံခေတ်ဟန် မင်္ဂလာတံတားတည်ဆောက်ပြီးစီးမှု၊ ချောင်းဖြောင့် မြေထိန်းနံရံ       တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ သုဓမ္မာဇရပ်များ တည်ဆောက် ပြီးစီးမှု၊ မုစလိန္ဒာအိုင်နှင့် ကျောက်စာရုံများတည် ဆောက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များကို နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။

 


တည်ဆောက်ပြီးစီးမှု  ၄၀ ရာခိုင်နှုန်းခန့်ရှိ


အဆိုပါ   ကမ္ဘာ့အကြီးဆုံး   စကျင်ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်လာမည့်   မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး    တည်ထားကိုးကွယ်ရန် ကျောက်တုံးတော်ကြီးများ သယ်ယူမှု၊ ကျောက်တုံး တော်ကြီးများကို         CNC   စက်ကြီးများဖြင့်   ထုဆစ်မှု၊ ကျောက်စာရုံစေတီများ တည်ဆောက်မှု၊ ကျောက်စာချပ်များကို CNC စက်ကြီးများဖြင့် ထုဆစ် မှု၊ သုဓမ္မာဇရပ်များ၊ သာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမ သိမ်တော်ကြီး၊ မုစလိန္ဒာအိုင်၊ ရေပန်းဝိုင်း၊ ရတနာပုံခေတ်ဟန်    မင်္ဂလာတံတားနှင့်    အခြား ဆက်စပ်သည့်   တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ချိန်မှ ယနေ့အထိ  တည်ဆောက် ပြီးစီးမှုမှာ    ၄၀  ရာခိုင်နှုန်းခန့်ရှိပြီ   ဖြစ်ကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်