နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ကံ့ကော်ပင်အား ဦးဆောင်စိုက်ပျိုးပေး

 

နေပြည်တော်    ဇွန်    ၂၆


ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ  အခမ်းအနားကို  ယနေ့ နံနက်  ၇  နာရီခွဲတွင်      ပြည်ထောင်စုနယ်မြေ နေပြည်တော်    ဒက္ခိဏခရိုင်   ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဘုရားလမ်း  စံပယ်လမ်းဝဲယာ၌ ကျင်းပ ရာ       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်           ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

 


အခမ်းအနားသို့      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ်၏     ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့်ဇနီးများ၊ ကောင်စီအတွင်း ရေးမှူးနှင့်ဇနီး၊    တွဲဖက်အတွင်းရေးမှူးနှင့်    ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊         နေပြည်တော် ကောင်စီ   ဥက္ကဋ္ဌ၊            ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီး ဌာနများမှဌာနဆိုင်ရာ  အရာထမ်း၊  အမှုထမ်းများ၊ သစ်တောနှင့်   ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့်   အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


နိုင်ငံနှင့်အဝန်း ကျင်းပနေကြခြင်းဖြစ်


ဦးစွာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က   အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား များကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် သစ်တော သယံဇာတများ   ရေရှည်တည်တံ့စေရန်၊   မြို့ပြနှင့် ကျေးလက်များ စိမ်းလန်းစိုပြည် သန့်ရှင်းသာယာလှပ စေရန်၊ ပြည်သူများ အပန်းဖြေနားနေစရာ စိမ်းလန်း မြေများဖွံ့ဖြိုးလာစေရန်နှင့်  သစ်တောဂေဟစနစ် များနှင့်  ဇီဝမျိုးစုံမျိုးကွဲ  ထိန်းသိမ်းနိုင်ရန်  ရည်ရွယ် ၍  နိုင်ငံနှင့်အဝန်း  ကျင်းပနေကြခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်       စိုက်ပျိုးရေးအဖွဲ့၏ မှတ်တမ်းအရ ကမ္ဘာပေါ်တွင် ၁၇ ရာစုနှင့် ၁၈ ရာစု  နှစ်များက သစ်တောဧရိယာ ၆ ဒသမ ၂၁ ဘီလီယံ ဟက်တာခန့်ရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင် ၃ ဒသမ ၈၇ ဘီလီယံ ဟက်တာခန့်သာ ကျန်ရှိတော့သည်ကို သိရှိရကြောင်း၊   အရှေ့တောင်အာရှနိုင်ငံများသည် ၂၀၂၀    ပြည့်နှစ်တွင်      ကမ္ဘာ့သစ်တောဧရိယာ၏ ၇ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်လျက်ရှိသော်လည်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း သစ်တောဧရိယာ ဟက်တာ ၉ ဒသမ ၄ သန်းခန့် ပြုန်းတီးခဲ့သည်ကို လေ့လာသိရှိရကြောင်း။

 


မြန်မာနိုင်ငံအပါအဝင်  ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လက်ရှိကြုံတွေ့နေရသည့်     သစ်တောပြုန်းတီးမှု ဖြစ်စဉ်များကို လေ့လာကြည့်မည်ဆိုပါက သစ်တော များကို စည်းမဲ့ကမ်းမဲ့အလွန်အကျွံ ခုတ်ထွင်ရှင်းလင်း ခြင်း၊   ရွှေ့ပြောင်းတောင်ယာများ   စိုက်ပျိုးခြင်း၊ ထင်းနှင့် မီးသွေးလောင်စာများ       အလွန်အကျွံ ထုတ်လုပ်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မြို့ပြနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးမြေများနှင့် စက်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများ     တိုးချဲ့လုပ်ဆောင်ခြင်းများ ကြောင့် သစ်တောမြေများမှ အခြားမြေအသုံးချမှုကို ပြောင်းလဲခြင်းဖြစ်ပေါ်စေပြီး     သဘာဝသစ်တော ဂေဟစနစ်များ တစ်နေ့ထက်တစ်နေ့ ပျက်စီးယိုယွင်း လာနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ သစ်တော ပြုန်းတီးမှုကြောင့် လူသားများ အသက်ရှင်ရပ်တည် ရေးအတွက်    ကြီးမားသည့်    ခြိမ်းခြောက်မှုများ ဖြစ်သည့် ရာသီဥတုပြောင်းလဲဖောက်ပြန်လာခြင်း၊ မြစ်၊ ချောင်း၊ ကန်များ တိမ်ကောလာစေပြီး  ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်းနှင့်     တစ်ဖက်တွင်လည်း ရေများ   ညစ်ညမ်းလာပြီး   ရေချိုအရင်းအမြစ်များ ခန်းခြောက်ဆုံးရှုံးလာခြင်း၊ မြေဆီလွှာများပြုန်းတီး ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ပျောက်ဆုံးလျော့နည်းလာ ခြင်း စသည့်နောက်ဆက်တွဲဆိုးကျိုးများကို ကြုံတွေ့ နေရကြောင်း။

 


တွန်းအားပေးမြှင့်တင် ဆောင်ရွက်


ကမ္ဘာ့ကုလသမဂ္ဂက     “ဂေဟစနစ်ပြန်လည် ကောင်းမွန်ရှင်သန်ရေး     ကုလသမဂ္ဂ     ဆယ်စုနှစ် ကြေညာချက်(၂၀၂၁-၂၀၃၀)” ကို ထုတ်ပြန်ခဲ့ရာတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ   ဘေးအန္တရာယ်များ တွန်းလှန်တိုက်ဖျက်နိုင်ရေး၊ သန်းပေါင်းများစွာသော မျိုးစိတ်များ လျော့ပါးပျောက်ကွယ်လာမှုကို တားဆီး ကာကွယ်နိုင်ရေးနှင့် အစားအစာ ဖူလုံမှု၊ ရေထောက်ပံ့ မှုနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ သေချာ ခိုင်မာစေရေးတို့အတွက် ပျက်စီး၊ ပြုန်းတီးလာနေ သည့် ဂေဟစနစ်များကို ပြန်လည်ရှင်သန်ကောင်းမွန် လာစေရေး တွန်းအားပေးမြှင့်တင် ဆောင်ရွက်လျက် ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း။

 


ပူးပေါင်းဆောင်ရွက်ပေး


မိမိတို့မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုသည် ၂၀၀၀ ပြည့်နှစ်၌ နိုင်ငံဧရိယာ၏ ၅၂ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသည့် အတွက်  သစ်တောဖုံးလွှမ်းမှု  ပိုမိုလျော့နည်းမသွား စေရေး၊ သစ်တောပြုန်းတီးမှု လျှော့ချရပ်ဆိုင်းနိုင်ရေး၊ သဘာဝတောများထိန်းသိမ်းရေး၊     သစ်တောများ ပြန်လည်ထူထောင်ရေး၊ သစ်တောမြေမှ အခြားမြေ အဖြစ်  ပြောင်းလဲအသုံးချမှုမရှိစေရေး၊ အမြဲတမ်း သစ်တောနယ်မြေအတွင်းသာမက    သစ်တောမြေ ပြင်ပ သဘာဝတောများ  ထိရောက်စွာ ထိန်းသိမ်း နိုင်ရေးတို့အတွက်     သစ်တောမူဝါဒများနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများ၊   တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊  လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံသားများအားလုံးက  ပူးပေါင်းဆောင်ရွက်ပေး ကြရန် အသိပေးတိုက်တွန်းလိုကြောင်း။

 


ယနေ့ကမ္ဘာတွင် မြို့ပြလူဦးရေထူထပ်လာခြင်း၊ စက်မှုလုပ်ငန်းများ       တိုးချဲ့လာခြင်းတို့ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ကာကွယ်နိုင်ရေးအတွက် လမ်းဘေးဝဲယာ သစ်တောများ၊ စိမ်းလန်းမြေ(Green Spaces) များ၊     ဥယျာဉ်များ၊     ပန်းခြံများ  ပါဝင် သည့် မြို့ပြသစ်တောများ (Urban Forests)   စသည် တို့  စိုက်ပျိုးထိန်းသိမ်းခြင်းကို  အထူးအလေးပေး ဆောင်ရွက်လာကြသည်ကို  လေ့လာတွေ့ရှိရကြောင်း။

 


အကျိုးကျေးဇူးများ ရရှိစေနိုင်မည်


မြို့ပြသစ်တောများ   စိုက်ပျိုးထိန်းသိမ်းခြင်း မှတစ်ဆင့် ပြည်သူလူထု စိတ်ပျော်ရွှင်ကျန်းမာရေး အတွက် စိမ်းလန်းစိုပြည်သည့် အပန်းဖြေနားနေစရာ နေရာများ တိုးပွားလာစေခြင်း၊ မြို့ပြ၏ ရေသံသရာ စက်ဝန်းကို    ထိန်းညှိပေးနိုင်ပြီး    မြေအောက်ရေထိန်းသိမ်းပေးခြင်းဖြင့်             ကောင်းမွန်သည့် သောက်သုံးရေရရှိစေနိုင်မည်ဖြစ်ကြောင်း၊  ထို့ပြင် ခရီးသွားများနှင့်    စီးပွားရေးလုပ်ငန်းများအတွက် စိတ်ချမ်းမြေ့စရာ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင် ခြင်း၊    ရာသီဥတုပြောင်းလဲမှုနှင့်   သဘာဝဘေး အန္တရာယ်များ လျှော့ချပေးနိုင်ခြင်း၊ လေထုညစ်ညမ်း မှုမှ ကာကွယ်ပေးနိုင်ခြင်း၊ မြေဆီလွှာကောင်းမွန် စေပြီး  မြေယာရှုခင်းများ  ထိရောက်စွာထိန်းသိမ်း နိုင်ခြင်းကြောင့်    ကမ္ဘာ့သက်ရှိများ    တည်မြဲရေး (Life on Land) ကို အထောက်အကူပြုခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ကြောင်း။

 


နေပြည်တော်ကောင်စီ နယ်မြေအတွင်းတွင်မြို့ပြ သစ်တောစိုက်ပျိုး     ထိန်းသိမ်းရေးလုပ်ငန်းများကို ၂၀၀၆-၂၀၀၇  ခုနှစ်များက     စတင်ပြီး      ထိထိ ရောက်ရောက် ဆောင်ရွက်ခဲ့သည့်အတွက် စိမ်းလန်း စိုပြည်သည့်ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ပြီး နွေရာသီတွင် အပူချိန်လျော့နည်းခဲ့ခြင်း၊ သမမျှတသည့် ရာသီဥတု ကို ရရှိခဲ့ခြင်းများကြောင့် စိမ်းလန်းပြီး သန့်ရှင်းသည့် မြို့ပြတစ်ရပ်တည်ထောင်နိုင်ခဲ့ခြင်း၏ အကျိုးရလဒ် အဖြစ် လက်တွေ့ခံစားသိမြင်နိုင်ကြသည်ကို အားလုံး အသိဖြစ်ကြောင်း။

 


ယနေ့သစ်ပင်စိုက်ပျိုးပွဲပြုလုပ်သည့်နေရာသည် ကမ္ဘာတွင်    အကြီးဆုံးဖြစ်လာမည့်      မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးတည်ရှိရာကို နေပြည်တော်မှ ဝင်ရောက်ရာ  အဓိကလမ်းဖြစ်သော  စံပယ်လမ်း ဖြစ်ကြောင်း၊  ယင်းလမ်းကို   အမြဲတမ်းစိမ်းလန်း သာယာစေရန်   ပန်းအခြေခံသည့်  နှစ်ရှည်ပင်များ ဖြစ်သည့်    ကံ့ကော်၊    စိန်ပန်းနှင့်     ခရေပင်များ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊      ယခုလမ်းမကြီးကို လေးလမ်းသွားအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း။

 


အလေးထားဆောင်ရွက်


ထို့ကြောင့် နေပြည်တော်ကို သစ်တောသစ်ပင် များဖြင့် စိမ်းလန်းစိုပြည်ပြီး သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပသည့် Green and Clean City အဖြစ်    ရေရှည်တည်ထောင်နိုင်ရေးနှင့်     အခြား တိုင်းဒေသကြီးပြည်နယ်များတွင်လည်း ပတ်ဝန်းကျင် ရေရှည်ကောင်းမွန်သည့် Green and Clean Cities များတိုးမြှင့်  ဆောင်ရွက်နိုင်ရေးတို့ကို အမြော်အမြင် ကြီးကြီးဖြင့်    အလေးထား     ဆောင်ရွက်ကြရန် လိုကြောင်း။

 


နိုင်ငံတော်အစိုးရအနေဖြင့်       ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု (Green Campaign) များ   မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ  ယခုကဲ့သို့ ကျောင်းသား၊ ကျောင်းသူ လူငယ်မျိုးဆက်သစ်များကို ပူးပေါင်းပါဝင်စေခြင်းသည် အနာဂတ်မျိုးဆက်သစ် များအတွက် သစ်ပင်သစ်တောများနှင့် ပိုမိုစိမ်းလန်း စိုပြည်ပြီး      ကျန်းမာပျော်ရွှင်ဖွယ်ကောင်းသော၊ စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်နေသော၊ သန့်ရှင်း ကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကို ထိန်းသိမ်းနိုင်ရေးသည်    အရေးကြီးသည်ဆိုသည့် အသိစိတ်ကို   ရရှိစေပြီး   သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည် သာယာလှပရန်အတွက် လူငယ်များ ကလည်း   ပါဝင်ပြီး   ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

 


ထာဝရဂုဏ်ယူနိုင်ရေး ကြိုးပမ်း


နိုင်ငံတော်အနေဖြင့်      သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ    ဖွံ့ဖြိုးရေးကို     ဦးစားပေး ဆောင်ရွက်လျက်ရှိရာတွင်      မြေပေါ်မြေအောက် သဘာဝသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် အမွေအနှစ်များကို   နောင်အနာဂတ်မျိုးဆက်များ တိုင်အောင်   လက်ကမ်းပေးနိုင်ရေး၊    ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု  လျှော့ချရေးနှင့်   ပြန်လည် မျှတလာစေရေး၊   နိုင်ငံပိုင်သစ်တောများ   ရေရှည် တည်တံ့စေရေး၊ မြို့ပြသစ်တောများနှင့် ကျေးရွာပိုင် ထင်းစိုက်ခင်းများ    တည်ထောင်ရေး၊    ပင်လယ် ကမ်းခြေဒေသရှိ    ဒီရေတောများ  ထာဝစဉ်ဖွံ့ဖြိုး တိုးတက်စေရေး၊ မြစ်ချောင်းနှင့် ဆည်တာတမံများ ရေရှည်ထိန်းသိမ်းအသုံးပြုနိုင်ရေးအတွက် ရေဝေ ရေလဲသစ်တောများ တည်ထောင်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော် နှင့်အတူ      မျိုးဆက်သစ်လူငယ်များအပါအဝင် တိုင်းရင်းသားပြည်သူများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်း များ၊     ပြည်တွင်းပြည်ပ    အဖွဲ့အစည်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြခြင်းဖြင့် “စိမ်းလန်း သာယာသည့် နိုင်ငံတော်အဖြစ် ကမ္ဘာ့အလယ်တွင် ထာဝရဂုဏ်ယူနိုင်ရေး   ကြိုးပမ်းဆောင်ရွက်သွား ကြဖို့” ထပ်မံတိုက်တွန်းပါကြောင်းဖြင့် ပြောကြား သည်။    

 


ဦးဆောင်စိုက်ပျိုးပေး


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီးတို့က ကံ့ကော်ပင်များ ကို သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးပေးကြ သည်။

 


ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာ ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် များနှင့်ဇနီးများ၊   ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊  နေပြည်တော်  တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင် ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများသည် စံပယ်လမ်းဝဲယာ၌     ပျိုးပင်များကို     စိုက်ပျိုးပေး ကြသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြည်ထောင်စု နယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများ  တပျော်တပါးပျိုးပင်များ  စိုက်ပျိုးနေမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။

 


ယနေ့ကျင်းပပြုလုပ်သည့်     နေပြည်တော် ပြည်ထောင်စုနယ်မြေ  ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားတွင်    ကံ့ကော်၊   ခရေနှင့် စိန်ပန်းပျိုးပင် စုစုပေါင်း ၆၅၂ ပင်ကို လူထုလှုပ်ရှားမှု အသွင်ဖြင့် စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်