နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

 

နေပြည်တော်  ဇန်နဝါရီ   ၇


ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး    ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး   မင်းအောင်လှိုင်သည်  ကမ္ဘော ဒီးယား နိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင်    နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံး၌   ဂုဏ်ပြုညစာစားပွဲဖြင့်  တည်ခင်း ဧည့်ခံသည်။

 


ညစာစားပွဲအခမ်းအနားသို့  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ၊     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေး မှူး      ဒုတိယဗိုလ်ချုပ်ကြီး     ရဲဝင်းဦး၊  ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊   ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကို ကိုလှိုင်၊ ဦးကိုကို၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာ   သက်သက်ခိုင်၊  ဒေါက်တာ ဌေးအောင်၊       ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)     ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဝန်ကြီး ဦးကျော် မျိုးထွဋ်၊  ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး       ဦးသစ် လင်းအုန်းနှင့်          တာဝန်ရှိသူများ တက်ရောက်ကြပြီး ကမ္ဘောဒီးယားဝန်ကြီး ချုပ်နှင့်အတူ ဒုတိယဝန်ကြီးချုပ်  H. E. Mr. PRAK Sokhonn ၊ ဝါရင့်ဝန်ကြီး၊ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင် ဆန်းသစ်မှုဝန်ကြီး  H.E.  Mr.  CHAM Prasidh ၊ ဝန်ကြီးချုပ်ရုံး   ဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ အထွေထွေအတွင်းရေးမှူး H.E. Mr. SOK Chenda Sophea ၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီးများ  ဖြစ်ကြသည့် H.E. Mr. SRY Thamarong နှင့် H.E. Dr. KAO Kim Hourn ၊ နိုင်ငံခြားရေးနှင့်  အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် H.E. Dr. SOEUNG Rathchavyနှင့် H.E. Mrs. EAT   Sophea ၊  ဒုတိယကာကွယ်ရေး  ဦးစီးချုပ်နှင့်     ကာကွယ်ရေးဦးစီးချုပ် (ကြည်း) Lt. Gen. Hun Maneth၊ မြန်မာနိုင်ငံဆိုင်ရာ  ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. CHHOUK Bunna နှင့်      ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာနိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံ    ဝန်ကြီးချုပ်အား ကြိုဆိုနှုတ်ဆက်ပြီး         ညစာစားပွဲ အခမ်းအနားသို့  တက်ရောက်လာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီ ဒုတိယဥက္ကဋ္ဌ၊      ဒုတိယဝန်ကြီးချုပ်၊ ကောင်စီ    တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများနှင့် မိတ်ဆက် ပေးသည်။    

 


ညစာစားပွဲ        အခမ်းအနားတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်   ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN တို့သည့် ဂုဏ်ပြု ညစာ စားပွဲသို့ တက်ရောက်လာကြသူများ နှင့်အတူ ညစာကိုအတူတကွ သုံးဆောင် ကြသည်။
ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေ စဉ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန     အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများဖြင့် တီးမှုတ် ဖျော်ဖြေကြသည်။

 


ညစာစားပွဲအပြီးတွင်     နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီး ချုပ်တို့သည်   အမှတ်တရလက်ဆောင် ပစ္စည်းများ  အပြန်အလှန်ပေးအပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်