နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN နှင့် တွေ့ဆုံဆွေးနွေး

 

 

နေပြည်တော်   ဇန်နဝါရီ  ၇


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင် သည်   မြန်မာနိုင်ငံသို့  အလုပ်သဘော ခရီးစဉ်ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN  အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


ဦးစွာ   ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်အား   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ       ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က  ကြိုဆို နှုတ်ဆက်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်သည် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်း တင် လက်မှတ်ရေးထိုး၍ နိုင်ငံ တော်    စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။

 


ဆွေးနွေး


ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ်တို့သည် သံတမန် ဆောင်ဧည့်ခန်းမ၌     တွေ့ဆုံ၍ နှစ်နိုင်ငံ  သံတမန်ဆက်ဆံရေး၊ ချစ်ကြည်ရေးနှင့်      ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက် ရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာ နိုင်ငံ၏   ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စား လှယ်နှင့် ကမ္ဘောဒီးယားနိုင်ငံမှ ပါဝင်ကူညီ  ဆောင်ရွက်နိုင်မည့် အခြေအနေ၊ အာဆီယံ ဘုံသဘော တူညီချက် (၅)ရပ်နှင့်အညီ မြန်မာ နိုင်ငံမှ    ဆောင်ရွက်နေမှုအခြေ အနေ၊ ကိုဗစ် - ၁၉ ရောဂါကာကွယ် ရေးနှင့်         လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေးကိစ္စရပ်များ၊  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)  ရပ်နှင့်အညီ       နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် နေမှုအခြေအနေများနှင့် စပ်လျဉ်း ၍ ရင်းနှီးပွင့်လင်းစွာ  အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

 


တက်ရောက်


တွေ့ဆုံပွဲသို့   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး   ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်  ဦးဝဏ္ဏ မောင်လွင်နှင့် ဦးကိုကိုလှိုင်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ တက်ရောက်ကြပြီး ကမ္ဘောဒီးယား  ဝန်ကြီးချုပ်နှင့်အတူ    ဒုတိယ ဝန်ကြီးချုပ်၊    နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ    ပူးပေါင်း  ဆောင်ရွက်ရေးဝန်ကြီး H. E. Mr. PRAK Sokhonn ၊ ဝါရင့်ဝန်ကြီး၊ စက်မှု၊    သိပ္ပံ၊   နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး H.E. Mr. CHAM Prasidh၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့်   ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ အထွေ ထွေအတွင်းရေးမှူး H.E. Mr. SOK Chenda   Sophea ၊   ဒုတိယ ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) Lt. Gen. Hun Maneth တို့ တက်ရောက်ကြ သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကမ္ဘော ဒီးယားနိုင်ငံ ဝန်ကြီးချုပ်တို့သည် မှတ်တမ်းတင်  ဓာတ်ပုံရိုက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်