
ကိုကိုးကျွန်းဒေသတွင် လူသားအရင်းအမြစ်များ လုံလောက်စွာရှိစေရေး ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်မှုများကို ယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်
နေပြည်တော် ဒီဇင်ဘာ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့သို့သွားရောက်၍ မြို့နယ်ပြည်သူ့ဆေးရုံနှင့် အခြေခံပညာအထက်တန်းကျောင်း တို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ကိုကိုး ကျွန်းမြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်နယ် မှ တာဝန်ရှိသူများက လေဆိပ်တွင် လှိုက်လှဲစွာ ခရီးဦးကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နယ်မြေခံရေတပ်စခန်းဌာနချုပ် အစည်းအဝေးခန်းမတွင် ရေတပ်စခန်းမှူးက ဒေသ ဖွံ့ဖြိုးရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ကိုကိုးကျွန်းမြို့နေ ဒေသခံပြည်သူများနှင့် ကုန်စည်များအား တပ်မတော်မှရေယာဉ်၊ လေယာဉ်များဖြင့် အပတ်စဉ်၊ လစဉ် အခမဲ့ပို့ဆောင်ပေးနေမှုအခြေအနေ၊ အုန်းနှင့် အုန်းထွက်ပစ္စည်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေ အနေနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ကိုကိုးကျွန်းမြို့ မြို့နယ်ပြည်သူ့ဆေးရုံသို့ရောက်ရှိကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးမင်း အောင်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြပြီး ဆေးရုံ အစည်းအဝေးခန်းမတွင် ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ဆေးရုံသမိုင်းအကျဉ်း၊ နှစ်အလိုက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုနှင့် ဒေသခံများ၏ ကျန်းမာရေးကဏ္ဍတိုးတက်လာသည့် အခြေအနေ၊ ကျန်းမာရေးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ၊ ရေ၊ မီး လိုအပ်ချက်များကို ဆောင်ရွက်ပေးနေမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ်မှု၊ ကာကွယ်ဆေး ထိုးနှံမှု၊ အသိပညာပေးမှုများ ဆောင်ရွက်ပေးနိုင်ခဲ့မှု နှင့် ရောဂါပိုးအတည်ပြုလူနာ တစ်ဦးတစ်ယောက်မျှ မရှိသည်အထိ ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေ၊ တပ်မတော်၏ ကျန်းမာရေးကူညီ စောင့်ရှောက်မှု၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမှုတို့ကြောင့် ဒေသခံများ၏ ကျန်းမာရေးတိုးတက်လာမှု အခြေအနေနှင့် ဆေးရုံတွင် လိုအပ်လျက်ရှိသည်များ ကို ရှင်းလင်းတင်ပြသည်။
ကြိုးပမ်းဆောင်ရွက်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် က ကိုကိုးကျွန်းဒေသသည် ယခင်က သွားလာရေးနှင့် စားသောက်ရေးတို့တွင် များစွာအခက်အခဲများရှိခဲ့ကြောင်း၊ ထို့ကြောင့် မိမိတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ထမ်းဆောင်ချိန်မှစ၍ ကိုကိုးကျွန်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို အမြဲမပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ ယခင်ကထက် များစွာတိုးတက်ပြောင်းလဲ လာပြီဖြစ်သော်လည်း လိုအပ်ချက်များ ရှိနေဦး မည်ဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့ရေး၊ ကျန်းမာရေးတို့အတွက် ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ကိုကိုးကျွန်းသည် အခြားကျွန်းများနှင့် မတူဘဲ လမ်းပန်းဆက်သွယ်ရေးဝေးကွာမှု အခက် အခဲများ၊ ရာသီဥတုအခက်အခဲများရှိခြင်းကြောင့် တပ်မတော်အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်စေလို သည့် ရည်ရွယ်ချက်ဖြင့်သာ အစဉ်အဆက် လိုအပ် သည်များ ပံ့ပိုးဖြည့်ဆည်း ကူညီဆောင်ရွက်ပေးနေခြင်းသာဖြစ်ကြောင်း၊ ထို့ကြောင့် နယ်မြေခံတပ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတို့အတူတကွ ဝိုင်းဝန်း၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
တိုးတက်ကောင်းမွန်
ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ ယခင် ကထက် လမ်းပန်းဆက်သွယ်ရေးနှင့် နေရေး၊ စားရေး တို့တွင် အဆင်ပြေမှုရှိလာပြီဖြစ်သဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွင် များစွာတိုးတက်ကောင်းမွန်လာ ပြီး ကျန်းမာရေးဆိုင်ရာများတွင်လည်း တိုးတက် ကောင်းမွန်လာသည်ကို တွေ့ရှိရသဖြင့် ဝမ်းသာပါ ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများကို တာဝန်ပေး အပ်ရာတွင် အလှည့်ကျစနစ်ဖြင့်မဟုတ်ဘဲ နှစ်ကာလ အပိုင်းအခြားဖြင့် တာဝန်ထမ်းဆောင်စေရမည်ဖြစ် ကြောင်း၊
ထိုသို့ဆောင်ရွက်မှသာလျှင် တာဝန်ထမ်းဆောင် သည့် ဝန်ထမ်းများအနေဖြင့် ဒေသခံလူထု၏ ကျန်းမာရေးအခြေအနေများနှင့် လိုအပ်ချက်များကို အတွင်းကျကျသိရှိနိုင်မည်ဖြစ်ပြီး လုပ်ငန်းတာဝန် များကိုလည်း ဖိဖိစီးစီးဖြင့် အပြည့်အဝထမ်းဆောင် နိုင်မည်ဖြစ်ကြောင်း၊ ဒေသ၏ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တပ်မတော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ညီညီညွတ်ညွတ်ဖြင့် အတူတကွ ဝိုင်းဝန်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဆေးရုံအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ထောက်ပံ့ပေး အပ်ရာ ဆေးရုံအုပ်ကြီးက လက်ခံရယူသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ ဆေးရုံ တက်ရောက်ကုသမှု ခံယူနေသူများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာ ပစ္စည်းများ ပေးအပ်သည်။
ကြိုဆိုနှုတ်ဆက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများက ကြိုဆိုနှုတ်ဆက်ကြပြီး ကျောင်းခန်းမ ၌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ကျောင်းသား ကျောင်းသူ များအား ပညာသင်ကြားပေးနေမှုအခြေအနေ၊ ဆရာ ဆရာမများ လိုအပ်ချက်ရှိမှုနှင့် ခန့်အပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုကိုးကျွန်းဒေသတွင် လူသားအရင်းအမြစ်များ လုံလောက်စွာရှိစေရေး ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်မှုများကို ယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရာတွင် အဓိကလိုအပ်သည့် ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဝေးလံခေါင်းပါးသည့် ဒေသတွင်တာဝန်ထမ်းဆောင်ရသည့်သူများဖြစ်သဖြင့် လိုအပ် သည်များကိုလည်း ဖြည့်ဆည်းပေးရန်လိုကြောင်း။
ပညာရေးစနစ်အားနည်းခဲ့
ပညာသင်ကြားရေးနှင့် ပတ်သက်၍ မိမိတို့ အစိုးရအနေဖြင့် နိုင်ငံတော်၏ အမျိုးသားပညာရေး စီမံကိန်း (နှစ် - ၃၀) ကို ယခင်ကအတိုင်း ဆက်လက် သင်ကြား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခင် ဆောင်ရွက်ခဲ့သည့် သင်ရိုးများမှ မိမိတို့နိုင်ငံ၏ လူမှုရေးစနစ်နှင့် မကိုက်ညီသည်များကိုသာ တည်းဖြတ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ မိမိ တို့နိုင်ငံ၏ပညာရေးသည် ၂၀၁၉-၂၀၂၀ ခုနှစ် ပညာ သင်နှစ်အထိ တန်းစဉ်ကူးပြောင်းမှုရာခိုင်နှုန်းများ များစွာလျော့နည်းခဲ့ခြင်းကြောင့် ပညာရေးစနစ် အားနည်းခဲ့ကြောင်း၊ ပညာသင်ကြားရေးစနစ် ကောင်းမွန်စေရေး ဆရာ ဆရာမ များပြည့်စုံမှုရှိအောင် ဖြည့်ဆည်းရန်လိုအပ်ကြောင်း၊
နိုင်ငံတည်ဆောက်မှု State Building ၊ Nation Building များ ဆောင်ရွက်ရာတွင် အခြေခံအားဖြင့် နိုင်ငံအတွင်းပညာတတ်များ အများအပြားပေါ်ထွက် လာရန် မဖြစ်မနေလိုအပ်ကြောင်း။
အတတ်နိုင်ဆုံး ပညာသင်ကြား
ကျောင်းသား ကျောင်းသူများကို ပညာသင်ကြား ရာတွင် အတန်းပညာများအား အမှန်တကယ် တတ်မြောက်ရန်လိုအပ်သကဲ့သို့ အသိပညာများရှိ စေရန်အတွက်လည်း စာအုပ်စာပေများ ဖတ်ရှု လေ့လာစေရေး တိုက်တွန်းဆောင်ရွက်ရန်လို ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန် ထမ်းဆောင်ချိန်တွင် ကျောင်းနေအရွယ်တွင် ကလေးများအားလုံးပညာသင်ကြားနိုင်ရေး အနိမ့်ဆုံးအဆင့် KG + 9 (အခြေခံပညာ အလယ်တန်း) အဆင့်ပြီး မြောက်သည်အထိ သင်ကြားနိုင်ရေးဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံအတွင်းရှိပြည်သူများအားလုံး အတန်းပညာများရှိရန်လိုအပ်သဖြင့် ကျောင်းသား ကျောင်းသူများအားလုံး မူလတန်းမှစ၍ တက္ကသိုလ် ပြီးဆုံးသည်အထိ အတတ်နိုင်ဆုံး ပညာသင်ကြား နိုင်ရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အသိ ပညာ၊ အတတ်ပညာများ တိုးတက်မြင့်မားရေး စာဖတ်ရှိန်မြှင့်တင်ရန်လည်း လိုအပ်ကြောင်း မှာကြားပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် တပ်မတော်က နိုင်ငံတော်၏ တာဝန်အား ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ရမှု အခြေအနေများ၊ နိုင်ငံတော်အား ပြည်သူများ၏ ဆန္ဒ နှင့်အညီ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင် ရွက်နေမှုနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
စားသောက်ဖွယ်ရာများပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဆရာ ဆရာများ အတွက် စားသောက်ဖွယ်ရာများပေးအပ်ပြီး ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။
လှည့်လည်ကြည့်ရှု စစ်ဆေး
ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် များသည် ကိုကိုးကျွန်းမြို့ ကျွန်းပတ်လမ်းနှင့် နယ်မြေခံတပ် ဌာနချုပ်များကိုလည်းကောင်း၊ ဂျယ်ရီ ကျွန်းနှင့်ကျွန်းမကြီးအား ကျွန်းဆက်လမ်းဖောက် လုပ်မည့် အခြေအနေများကိုလည်းကောင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေး သည်။
စီးပွားဖြစ် ထုတ်လုပ်နိုင်ရေးဆောင်ရွက်
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ကိုကိုးကျွန်းမြို့၊ အုန်းနှင့် အုန်းထွက် ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းသို့ ရောက်ရှိကြပြီး အုန်းဆီသန့်စက်ရုံ၊ အလှဆင်ပစ္စည်းနှင့် အိမ်သုံး ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်းနှင့် အုန်းဆံကြိုး စက်ရုံတို့အတွင်း လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က အုန်းထွက်ပစ္စည်းများအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းများနှင့် ပေါင်းစပ်၍ ယခုထက် ပိုမိုထုတ်လုပ်ပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်နှင့် ထုတ်ကုန်များအား ဈေးနှုန်း သက်သာစွာဖြင့် ထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။
လိုအပ်သည်များ မှာကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နယ်မြေခံရေတပ်စခန်းဌာနချုပ်အတွင်း ဥစားကြက် များ မွေးမြူထားရှိမှုနှင့် Green House များအတွင်း သီးနှံများစိုက်ပျိုးထားရှိမှု အခြေအနေတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်