နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

ဆိပ်ကမ်းများအား နိုင်ငံတကာအဆင့်မီဖြင့် တည်ဆောက်နိုင်ရေး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်လို

 

နေပြည်တော်   ဒီဇင်ဘာ   ၂၄


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်    ယနေ့နံနက်ပိုင်း တွင်      ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး  မောင်မောင်ကျော်၊  ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး     ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊    ပြည်ထောင်စု  ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း   စစ်ဌာနချုပ် တိုင်းမှူး၊  မြို့တော်ဝန်နှင့်   တာဝန်ရှိသူ များလိုက်ပါ၍    ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့နယ်        သီလဝါဒေသရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန        မြန်မာနိုင်ငံ       ရေကြောင်းပညာ တက္ကသိုလ်သို့          သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊        ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး   ဗိုလ်ချုပ်ကြီး   တင်အောင်စန်း၊ မြန်မာနိုင်ငံ  ရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ်  ဒေါက်တာ   မြတ်လွင်၊ ဒုတိယ  ပါမောက္ခချုပ်များ၊  ပါမောက္ခဌာန မှူးများက   ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်  တက္ကသိုလ်အစည်းအဝေးခန်းမ တွင်    နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်  မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ်တို့က         တက္ကသိုလ်၏ နောက်ခံသမိုင်းကြောင်း၊   တက္ကသိုလ်၏ ရည်မှန်းချက်တာဝန်များ   အကောင် အထည်ဖော်ဆောင်ရွက်မှု၊    တက္ကသိုလ် ဖွဲ့စည်းပုံ၊   သင်ကြားမှုဆိုင်ရာ   အချက် အလက်များ၊  နိုင်ငံတကာစံနှုန်းနှင့်အညီ လေ့ကျင့်ဆောင်ရွက်နေမှု    အခြေအနေ များ၊      လက်တွေ့လေ့ကျင့်ခန်းများ သင်ကြားပေးမှု           အခြေအနေများ၊ တက္ကသိုလ်        စာကြည့်တိုက်အသစ် တည်ဆောက်နေမှု     အခြေအနေများ၊  အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု    အခြေ အနေများ၊ နိုင်ငံတော်စီမံကိန်းများတွင် တက္ကသိုလ်မှ ပါဝင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများအား      ရှင်းလင်းတင်ပြ ကြသည်။

 


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်က          ယခုတက္ကသိုလ်သည် နိုင်ငံတော်အတွက် တန်ဖိုးရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊    မြန်မာ နိုင်ငံ၏        ရေပိုင်နက်နယ်နိမိတ်သည် စတုရန်းမိုင်    ၁၄၀၀၀၀    ကျော်ရှိပြီး ပင်လယ်ကမ်းရိုးတန်းအရှည်သည် ၁၂၆၀ မိုင်ကျော်ရှိကြောင်း၊           ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ် စသည့်မြစ်များ တွင်လည်း        ဆိပ်ကမ်းများရှိကြောင်း၊ ပြည်တွင်းပြည်ပ   ရေကြောင်းသွားလာရေးလုပ်ငန်းများအတွက် အရေးပါသည့် ရေကြောင်းပညာရှင်များ   မွေးထုတ်ပေး သည့်   အဓိကတက္ကသိုလ်တစ်ခုဖြစ် ကြောင်း၊   တက္ကသိုလ်မှ   ဘွဲ့ရရှိပြီးသူများ အား          အလုပ်ခန့်အပ်ပေးနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊     မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊    နိုင်ငံသားများ အလုပ်အကိုင်     အခွင့်အလမ်းရရှိရေး နှင့် နိုင်ငံတကာတွင်  မြန်မာနိုင်ငံသားများ ၏           စွမ်းရည်ကိုပြသနိုင်သည့်    အလုပ်အကိုင်  တစ်ခုလည်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုအတွက်   ဆိပ်ကမ်းများ    စီမံ ခန့်ခွဲမှုသည်   အရေးကြီးကြောင်း၊   အချို့ ဆိပ်ကမ်းများတွင်   ဆိပ်ကမ်းစီမံခန့်ခွဲမှု များ အားနည်းသည်ကို တွေ့ရှိရကြောင်း၊ ဆိပ်ကမ်းများအား နိုင်ငံတကာအဆင့်မီ ဖြင့်တည်ဆောက်နိုင်ရေး     ဆက်လက် အကောင်အထည်ဖော်  ဆောင်ရွက်ရန်လို ကြောင်း၊  ထို့ကြောင့်   ဆိပ်ကမ်းငယ်များ မှအစ    အကြီးဆုံးဆိပ်ကမ်းများအထိ ယခုကျောင်းဆင်းများမှ  စနစ်တကျဖြင့် စီမံခန့်ခွဲဆောင်ရွက်ခြင်းဖြင့်   နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို  များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း။

 


အလားတူ မိမိတို့နိုင်ငံရှိ မြစ်ချောင်း များ၏  ရေလမ်းကြောင်း   ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း         စနစ်တကျ ထိန်းသိမ်း၍  အကျိုးရှိအောင်   အသုံးချ ဆောင်ရွက်ရန်လိုကြောင်း၊   မြစ်ကမ်းပါး များကိုလည်း   စနစ်တကျဖြင့်     ပြုပြင် ထိန်းသိမ်းရန်နှင့်          မြစ်ချောင်းများ သာယာလှပရေးနှင့်           ရေယာဉ်များ ကောင်းမွန်စွာ          သွားလာနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ပို့ဆောင်ရေး စနစ်တွင်  ၄ မျိုးရှိပြီး  မော်တော်ယာဉ်၊ လေယာဉ်၊   ရထား၊  ရေလမ်းကြောင်း ဟူ၍ဖြစ်ကြောင်း၊ ရေကြောင်း ပို့ဆောင် ရေးသည်  ကုန်ကျစရိတ်သက်သာစွာဖြင့် ကုန်ပစ္စည်းအမြောက်အမြားကို  သယ်ယူ ပို့ဆောင်ပေးနိုင်ကြောင်း၊  မိမိတို့နိုင်ငံတွင် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း ဟူ၍ရှိပြီး   ကောင်းမွန်စွာ   အသုံးချနိုင်ရ မည်ဖြစ်ကြောင်း၊ တက္ကသိုလ်မှ ထွက်ပေါ် လာသည့် ပညာရှင်များသည်  နိုင်ငံတော် အတွက် ကောင်းမွန်စွာ အကျိုးပြုပေးနိုင်ရ မည်ဖြစ်ကြောင်း၊    ရေကြောင်းကူးသန်းမှု တွင် port management သည် အရေး ကြီးပြီး နိုင်ငံတကာတွင် ဆောင်ရွက်နေ သည့် ခေတ်မီနည်းပညာများဖြင့် စီမံခန့်ခွဲ သည့်  ပညာရပ်များကို လေ့လာသင်ကြား ဆောင်ရွက်ရန်လည်း    လိုအပ်မည်ဖြစ် ကြောင်း၊  အလားတူ   ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သည့်‌   ရေအားလျှပ်စစ်ထုတ်လုပ်နိုင် ရေးအတွက်လည်း သာမန်ရေစီးကြောင်းမှ တစ်ဆင့်   ရေအားလျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေး  ရေကြောင်းပညာရှင်များ နှင့်   လျှပ်စစ်ဝန်ကြီးဌာနတို့   ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း။ 

 


သင်္ဘော    တည်ဆောက်ရေးနှင့် ပတ်သက်၍   ယခင်က     ဆင်မလိုက် သင်္ဘောကျင်းမှ   မြစ်တွင်းသွားသင်္ဘော များနှင့်  ကမ်းရိုးတန်းသွားသင်္ဘောများ တည်ဆောက်နိုင်ခဲ့ကြောင်း၊        မိမိတို့ နိုင်ငံ၏ ပင်လယ်ပြင်အတွင်းကုန်သွယ်မှု လုပ်ငန်းများ    ဆောင်ရွက်နိုင်သည့် သင်္ဘောများ၊   ပင်လယ်ပြင်အတွင်းရှိ သယံဇာတများအား   ထုတ်ယူနိုင်သည့် သင်္ဘောများ တည်ဆောက်နိုင်ရန်လိုအပ် သကဲ့သို့  ပင်လယ်ပြင်သယံဇာတများကို လည်း ထိန်းသိမ်းနိုင်ရန်လိုကြောင်း၊ ယခု တက္ကသိုလ်မှသင်တန်းဆင်းပြီး  သင်္ဘော တည်ဆောက်ရေးနှင့်       သက်ဆိုင်သည့် အင်ဂျင်နီယာများအနေဖြင့် မိမိတို့နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများတွင်            တာဝန်ထမ်းဆောင်ကြရန်လို ကြောင်း၊   ထူးချွန်သည့်   သင်္ဘောတည် ဆောက်ရေးပညာရှင်များ  ထွက်ပေါ်လာ ရေး    လက်တွေ့လေ့ကျင့်ခန်းများဖြင့် ထိထိရောက်ရောက်               အဆင့်မီစွာ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံရှိ ရှိပြီးသားသင်္ဘောကျင်းများ၌    သင်္ဘော တည်ဆောက်ရေးလုပ်ငန်းများတွင်  ယခု တက္ကသိုလ်မှ      မွေးထုတ်ပေးလိုက်သည့် သင်္ဘောတည်ဆောက်ရေး ပညာရှင်များ က   ဦးဆောင်၍  ဆောင်ရွက်ကြရန်လို ကြောင်း၊ တက္ကသိုလ်မှ မွေးထုတ်ပေးလိုက် သူများအနေဖြင့်     ယခုထက်ပိုမိုအရည် အချင်းပြည့်ဝပြီး    နိုင်ငံတကာနှင့်ရင်ပေါင် တန်းနိုင်သည့်  ပညာရှင်များဖြစ်အောင် လေ့ကျင့်မွေးထုတ်ပေးသွားရန် လိုကြောင်း၊ ထို့ကြောင့်   ပညာရပ်များအား   ထိထိ ရောက်ရောက်    သင်ကြားပေးနိုင်ရန် အတွက်  လိုအပ်သည့်    ဆရာ   ဆရာမများ အား      ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း။

 


မိမိတို့နိုင်ငံ၏ မြစ်ချောင်းနှင့်ပင်လယ် ရေပြင်များ   သဘာဝအတိုင်း  သန့်ရှင်းမှု ရှိစေရေးအတွက်   ထိထိရောက်ရောက် ထိန်းသိမ်း   ဆောင်ရွက်ရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းတွင် ရေကြောင်းအပန်း ဖြေသွားရောက်မှုလည်း   ပါဝင်ကြောင်း၊ ယခုသင်တန်းကျောင်းအနေဖြင့် ရှိပြီးသား အောင်မြင်မှုများကို ထိန်းသိမ်းဆောင်ရွက် ရန်နှင့်    ထပ်မံတိုးတက်ဖွံ့ဖြိုးစေရေး ကြိုးပမ်း      ဆောင်ရွက်သွားကြရန်လို ကြောင်း၊      ဒီမိုကရေစီနိုင်ငံများတွင် ပုဂ္ဂလိကလုပ်ငန်းများဖြင့်   ဆောင်ရွက်ရ မည်ဖြစ်သော်လည်း         မိမိတို့နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့်  အချို့ကဏ္ဍ များတွင် နိုင်ငံတော်အစိုးရမှ စီမံခန့်ခွဲမှု များ   ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ယခုတက္ကသိုလ်ကို နိုင်ငံတကာ နှင့်   ရင်ပေါင်တန်းနိုင်သည့်  တက္ကသိုလ် တစ်ခုဖြစ်စေရေး       အဆောက်အဦများ၊ သင်ထောက်ကူပစ္စည်းများကို        ထပ်မံ ဖြည့်ဆည်း  ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊    ကျောင်းသားများအတွက် ပတ်ဝန်းကျင်ကောင်းများဖန်တီး၍ လူမှု ဘဝများ  ဖွံ့ဖြိုးတိုးတက်အောင် အခြေခံမှ အစ ဆောင်ရွက်ပေးရန်လိုပြီး သင်တန်း ပြီးဆုံးချိန်တွင်     မိမိကိုယ်တိုင်ရပ်တည် နိုင်အောင်           ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊   သင်ကြားရေးပိုင်းဆိုင်ရာများ တွင်လည်း ဆရာ ဆရာမများ၏ သင်ကြား ပေးမှုများကို    ကျောင်းသား   ကျောင်းသူ များ   လွယ်ကူစွာ  နားလည်သိရှိစေရန်  သင်ကြားလေ့ကျင့်ပေးရန်   လိုကြောင်း၊  သင်ကြားမှု အထောက်အကူပြု စာအုပ်၊ စာတမ်းများကို အမြဲမပြတ် ဖတ်ရှုနိုင်ရန် နှင့် ခေတ်နှင့်လျော်ညီသည့် ပညာရပ်များ ကိုလေ့လာနိုင်ရေးအတွက်လည်း ဒစ်ဂျစ် တယ် နည်းပညာများအသုံးပြု၍ စာအုပ်၊ စာတမ်းများ     ဖတ်ရှု့လေ့လာနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း။

 


ယခုတက္ကသိုလ်မှ  ဘွဲ့ရရှိသူများသည် နိုင်ငံတကာနှင့်  ဆက်ဆံရမှုများရှိသဖြင့် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာပြောနိုင်ရန်နှင့်     ဖတ်ရှုနိုင်ရန်လိုအပ် သဖြင့် အင်္ဂလိပ်ဘာသာကို  တတ်ကျွမ်း စေရန် စနစ်တကျဖြင့်လေ့ကျင့်သင်ကြား ပေးရန်လိုကြောင်း၊ အလားတူ ကွန်ပျူတာ ပညာရပ်များကိုလည်း ကျွမ်းကျင်စွာကိုင် တွယ်နိုင်ရန်လိုသကဲ့သို့  ကွန်ပျူတာစနစ် ကိုအသုံးပြု၍      သင်ကြားမှုများကို အဆင့်မီစွာ  ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ တက္ကသိုလ်သင်ကြားရေးများတွင် သာမန် ပညာ   သင်ကြားရေးသာ    မဟုတ်ဘဲ ကျောင်းသား    ကျောင်းသူများအတွက် အခြားလိုအပ်သည့် နေထိုင်ရေး၊ လုံခြုံ ရေး၊    စားသောက်ရေးများကိုလည်း ဖြည့်ဆည်းပေးခြင်းဖြင့်  နိုင်ငံတကာတွင် မိမိတို့တက္ကသိုလ်များသည်    အတုယူ ဖွယ်ရာတက္ကသိုလ်များ     ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်    လို ကြောင်းဖြင့် မှာကြားသည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် တက္ကသိုလ်အတွင်းရှိ သင်ကြားရေး၊  စီမံရေးတို့အား  အရည် အသွေးစိစစ်ခန့်ခွဲရေးရုံး၊  စာကြည့်တိုက် တို့အား   ကြည့်ရှုခဲ့ပြီး  Full  Mission Engine Room Simulator ဌာနတို့တွင် အင်ဂျင်နှင့်    ဆက်စပ်ပစ္စည်းများအား ကျွမ်းကျင်စွာ မောင်းနှင်နိုင်ရေး၊ အရေးပေါ် အခြေအနေအား   ဖြေရှင်းဆောင်ရွက်နိုင် ရေး  လေ့ကျင့်ဆောင်ရွက်ပေးမှု    အခြေ အနေ များအားလှည့်လည်ကြည့်ရှုစစ်ဆေး ရာ ပါမောက္ခချုပ်နှင့်  တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြခဲ့ပြီး   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်က  Simulator   များဖြင့် လေ့ကျင့်ပေးရာတွင်   ရေယာဉ်ငယ်မှ ပင်လယ်သွား    သင်္ဘောကြီးများအထိ အဆင့်ဆင့်    အခြေခံမှစ၍   သင်ကြား လေ့ကျင့်ပေးရန် လိုအပ်သည့် အခြေအနေ များနှင့်     အခြားလိုအပ်သည်များကို ဆွေးနွေး ပြောကြားခဲ့သည်။

 


အဆိုပါ  မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်အား     ၂၀၀၂    ခုနှစ်တွင် ကမာရွတ်မြို့နယ်        ဆင်မလိုက်ရှိ ရေကြောင်းသိပ္ပံ(Myanmar Mercantile Marine College) ကျောင်းဝင်းအတွင်း၌ ပထမအပတ်စဉ်အား စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၃    ခုနှစ်တွင်       သန်လျင်မြို့နယ် သီလဝါဒေသသို့   ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ ကြောင်း၊ ရေကြောင်းပညာဖြင့် နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို  အထောက် အကူပြုနိုင်ရန်၊       ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံပြီး  ကျွမ်းကျင်သော  ရေကြောင်း ပညာရှင်များ      မွေးထုတ်ပေးနိုင်ရန်၊ ရေကြောင်းပညာဆိုင်ရာ အသက်မွေးဝမ်း ကျောင်းမှုကို အထောက်အကူပြုစေမည့် သိပ္ပံနှင့် နည်းပညာတို့ကို  သင်ကြားပေး နိုင်ရန်၊ ရေကြောင်းပညာရပ်များ စဉ်ဆက် မပြတ်       ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံဆောင်ရွက်နိုင်ရန်၊    အပြည်ပြည် ဆိုင်ရာ     ရေကြောင်းအဖွဲ့ချုပ်က   ချမှတ် ထားသည့်       ပြဋ္ဌာန်းချက်များကို ရေကြောင်းပညာရှင်များ   သိရှိနားလည် နိုင်စေရန်၊  ရေကြောင်း   ပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်    လိုအပ် သည့်        သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်ဟူသော  ရည်ရွယ်ချက် များဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဘွဲ့ကြို သင်တန်များ၊ ဘွဲ့လွန်ဒီပလိုမာသင်တန်း များ၊       မဟာအင်ဂျင်နီယာဘွဲ့လွန် သင်တန်းများ       ဖွင့်လှစ်သင်ကြားပေး လျက်ရှိပြီး ၂၀၀၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ  ဘာသာရပ်များအလိုက်   ဘွဲ့ရရှိသူ စုစုပေါင်း ၄၁၃၇ ဦး၊ ဘာသာရပ် အလိုက် ဘွဲ့လွန်ဒီပလိုမာဘွဲ့ရရှိသူ   ၁၀၅၂   ဦးနှင့် မဟာအင်ဂျင်နီယာဘွဲ့ရရှိသူ  ၁၇ ဦးတို့ အား မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်